မာတာဒေဝီ

( 0 မှတ်ချက်)

24000 (ကျပ်)

ဟိန္ဒူအယူဝါဒ (သနန္တနဓမ္မ) အစဉ်အလာအတွင်း အထူးခြားဆုံးသော မယ်တော်ဘုရားရှင် ကိုးကွယ်မှုအကြောင်းကို အပြောင်မြောက်ဆုံးတင်ပြထားတဲ့ စာအုပ်ဖြစ်ပါတယ်။

ဝေဒခေတ်ဦး ယုံကြည်မှုတွေကစလို့၊ မဟာဝိဇ္ဇာကိုးကွယ်မှုများအပါအဝင်၊ ဂါမဒေဝီ၊ ကုလဒေဝီ၊ အမေကြီး၊ အမ္မန်၊ ရွာတော်ရှင်မ စတဲ့ ရိုးရာပူဇော်မှုအဆုံး၊ မယ်တော်များစွာရဲ့ အကြောင်းအရာစုံကို စုစည်းတင်ပြထားတဲ့ စာအုပ်ဖြစ်ပါတယ်။

– ကျက်သရေ မင်္ဂလာရှိမှုကို ကောင်းချီးပေးတတ်တဲ့ လက္ခမီဒေဝီ၊
– ယောဂမီးလျှံနဲ့ ကိုယ့်ကိုယ်ကိုယ် စွန့်လွှတ်ခဲ့တဲ့ သတီဒေဝီ
– လောကမာတာဖြစ်တဲ့ ပါရ်ဝတီဒေဝီ
– ရာမာယဏဇာတ်တော်ထဲက သီတာဒေဝီ
– ကရိသျှဏဘုရားရှင်အပေါ် မြတ်နိုးတွယ်တာတဲ့ ရာဓါဒေဝီ
– ဝေဒဘုရားလည်းမဟုတ်၊ ဗြဟ္မဏအစဉ်လာလည်းမဟုတ် အသွေးအသားယဇ်ကို လက်ခံတဲ့ ဒုရ်ဂါဒေဝီ
– နရဗလိလို့ခေါ်တဲ့ လူသားယဇ်ကို ခံယူတတ်တဲ့ ကာလီဒေဝီ
– ဒေဝတာဘုရားရှင်တွေရဲ့ ဘုန်းတန်ခိုးတော် မဟာဒေဝီ
– ကြမ်းတမ်းခက်ထန်လွန်းတဲ့ အဖျက်စွမ်းအင်ကို ကိုယ်စားပြုတဲ့ မာတြိကာဒေဝီ
– ဗုဒ္ဓဘာသာမှာတောင် မျိုးစောင့်မိခင်အဖြစ် ကိုးကွယ်တဲ့ တာရာဒေဝီ
– ကိုယ့်ခေါင်းကိုဖြတ်ပြီး တလောကလုံးကိုယ်စား ယဇ်ပူဇော်ပေးတဲ့ ဆိန္နမတ္တာဒေဝီ
– တမိလ်လူမျိုးတွေရဲ့ အမျိုးစောင့်ဘုရားရှင် မာရိယမ္မန်၊ အန်ကာလမ္မန် ပရေမေၐွရီဒေဝီ
– ဟိန္ဒူအယူဝါဒလက်ခံယုံကြည်သူတို့အတွက် အမြတ်ဆုံးသော မြစ်ကြီးရဲ့အရှင်မ ဂင်္ဂါဒေဝီ စသဖြင့် မာတာဒေဝီများစွာရဲ့ ဖြစ်တော်စဉ်၊ ဝိသေသလက္ခဏာ၊ အသွင်တော်၊ နိဂုဏသတ္တိ၊ သဂုဏသတ္တိများစွာကို အပြည့်စုံဆုံး ဆွေးနွေးတင်ပြထားတဲ့ စာအုပ်ဖြစ်ပါတယ်။

စာမျက်နှာ

304 (woodfree paper)

စာအုပ်အရွယ်အစား

5.5 × 0.5 × 8.2 inches

ပုံနှိပ်မှတ်တမ်း

စာရိပ်မြိုင်စာပေ 2026 အောက်တိုဘာလ(ပထမအကြိမ်)

18 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“မာတာဒေဝီ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဧရုမံ စာအုပ်များ