အာမာဒဲလ် မှော်ဝင်ကျမ်း
15500 (ကျပ်)
🕯️ တားရော့ကတ်သုံး ရှေ့ဖြစ်ဟောနည်းတွေနဲ့အတူ အနောက်တိုင်း မှော်ပညာရဲ့ အထက်လမ်းစဉ် မဟာဂမ္ဘီရကျမ်း
🕯️ အာမာဒဲလ်မှော်ဝင်ကျမ်း ဆိုတာက ကမ္ဘာကျော် ရွှေအရုဏ်ဦးဂိုဏ်းအတွင်း တရားဝင်ပြဋ္ဌာန်းထားတဲ့ ရှေ့ဦးပညာပြ လမ်းစဉ်စာအုပ်ဖြစ်ပါတယ်။ ဘယ်ခေတ်မှာ ပေါ်ပေါက်ခဲ့ပြီး ဘယ်ပညာရှင်က ရေးသားပြုစုခဲ့ကြောင်း တိကျသေချာတဲ့ သမိုင်းအချက်အလက်တွေ မရှိပေမဲ့၊ တိကျသေချာတဲ့ တင်ပြချက်တွေနဲ့အတူ မဟာဂန္ဓာရီပညာရပ်တွေကို မဟာဂမ္ဘီရဆန်ဆန် တင်ပြထားတဲ့ ရှားရှားပါးပါး မှော်ဝင်ကျမ်း ဖြစ်ပါတယ်။
🕯️ ဆော်လမွန်မှော်ဝင်ကျမ်းနဲ့မတူ အာမာဒဲလ်ဆိုတဲ့ ပညာသည်ရဲ့ ကိုယ်တွေ့လက်တွေ့ ရှာဖွေတွေ့ရှိချက်တွေအရ ကောင်းကင်နတ်တမန်တော်ကြီးတွေရဲ့ ဖိတ်ကြားဆင့်ခေါ်နည်းတွေအပါအဝင် လက်တွေ့အသုံးကျ အောင်စမတော်တွေနဲ့ မဟာဝင် ရာဇဝင်ကို လေ့လာသင်ယူနိုင်မယ့် ထူးထူးခြားခြား မှော်ဝင်ကျမ်းဖြစ်ပါတယ်။
🕯️ ရွှေအရုဏ်ဦးဂိုဏ်းကြီးရဲ့ ကနဦး တည်ထောင်သူ S.L. MacGregor Mathers ကိုယ်တိုင် တည်းဖြတ်စီရင်ထားတဲ့ အထက်လမ်းစဉ် မှော်ဝင်ကျမ်းဖြစ်ပါတယ်။
🕯️ ရွှေအရုဏ်ဦးဂိုဏ်းအတွင်း တရားဝင် ပြဋ္ဌာန်းလက်ခံထားတဲ့ ကတ်ဗေဒင်သမိုင်းနဲ့အတူ တားရော့ပညာကို စနစ်တကျတင်ပြထားတဲ့ ပညာပြ လမ်းစဉ်စာအုပ်ဖြစ်ပါတယ်။
🕯️ တားရော့ကတ်တွေရဲ့ ဝိသေသ လက္ခဏာ ကိုယ်စားပြု အဓိပ္ပါယ်တွေကို စနစ်တကျ ရှင်းလင်းထားပြီး၊ တားရော့ကတ်သုံး ရှေ့ဖြစ်ဟောနည်းစနစ်တွေနဲ့ နိမိတ်ယူနည်းတွေကို စနစ်တကျ တင်ပြထားတဲ့ စာအုပ်ဖြစ်ပါတယ်။
🕯️ တားရော့ပညာရှင်တိုင်း လိုက်နာရမယ့် အခြေခံ ပရောဖက်ကျင့်ဝတ်တွေကို ရှင်းလင်းဖော်ပြထားပြီး၊ ရွှေအရုဏ်ဦးဂိုဏ်းတော်ကြီးရဲ့ သမိုင်းအကြောင်း ပူးတွဲတင်ပြထားတဲ့ စာအုပ်ဖြစ်ပါတယ်။
🕯️ ကာဘာလာဟ်အသိဉာဏ်ပညာကျမ်းမှာ ပြဆိုထားတဲ့ ကောင်းကင်တမန်တော်တွေရဲ့ မဟာဝင် ရာဇဝင်တွေအပြင် ဘိုးဘေးတွေရဲ့ သီယိုဆိုဖီ၊ သီယိုလောဂျီတွေကို စနစ်တကျ သင်ယူလေ့လာနိုင်မယ့် စာအုပ်ဖြစ်ပါတယ်။
🕯️ အာဒိကာရဂမ္ဘီရလို့ ခေါ်တဲ့ အနောက်တိုင်းမှော်ပညာအချုပ် သိဒ္ဓိဝင်လမ်းစဉ်တွေနဲ့အတူ အဆောင်လက်ဖွဲ့ စမ်းသပ်နည်းတွေကိုပါ အစီအရင်နဲ့တကွ စနစ်တကျ တင်ပြထားတဲ့ လက်တွေ့အသုံးကျ မှော်ပညာစာအုပ်ဖြစ်ပါတယ်။
🕯️ သာမန်စိတ်ဝင်စားတဲ့ စာဖတ်သူတွေကစလို့ ဝါသနာရှင်အဆင့် ပညာရှင်အဆင့်တိုင်အောင် မှော်ပညာသည်တိုင်း လက်စွဲ လေ့ကျင်နိုင်မယ့် လမ်းစဉ်ပြ မှော်ဝင်ကျမ်းစာအုပ်ဖြစ်ပါတယ်။
🕯️ တားရော့ကတ်သုံး ရှေ့ဖြစ်ဟောတဲ့ ကတ်ဗေဒင်ကို စိတ်ဝင်စားသူတိုင်း မဖြစ်မနေ သိထားသင့်တဲ့ အချက်အလက်တွေ အပြည့်အစုံ သင်ယူနိုင်မယ့် ရှားရှားပါးပါး လမ်းစဉ်ပြ မှော်ပညာစာအုပ်ဖြစ်ပါတယ်။
🕯️ ဆော်လမွန်မှော်ဝင်ကျမ်းရဲ့ ဆန့်ကျင်ဖက် မှော်ဝင်ကျမ်းဖြစ်ပြီး၊ အထက်လမ်းစဉ်ပညာရပ်တွေကို သုတေသီအဆင့်ထိ လေ့လာလို့ ရနိုင်မယ့် ရှာမှရှား ပညာပြ ဂမ္ဘီရသမိုင်းစာအုပ်ဖြစ်ပါတယ်။
🕯️ ဘာသာပြန်လောကမှာ နာမည်ဆန်းလေးနဲ့ ကျမ်းကြီးကျမ်းခိုင်တွေကိုမှ ကိုင်တဲ့ ဆရာ “မောရိသျှ” ရဲ့ ကလောင်ခွဲ၊ ဂမ္ဘီရဂန္ဓာရီ စာပေလက်ရာတွေကို တသီးတသန့် ရေးဖို့အတွက် ရည်ရွယ်ထားတဲ့ “ဧရုမံ” ကလောင်ရဲ့ ဒုတိယမြောက် လက်ရာဖြစ်ပါတယ်။
| စာမျက်နှာ | 256(Woodfree Paper) |
|---|---|
| စာအုပ်အရွယ်အစား | 5.5× 0.4 ×8.2 inches |
| ပုံနှိပ်မှတ်တမ်း | စာရိပ်မြိုင်စာပေ 2025ခုနှစ် ၊ မေလ ၊ (ပထမအကြိမ်) |
11 in stock








သက်ဇော်(ဗုဒ္ဓတိကျ) –
ဧရုမံ၏ ဘာသာပြန်စာအုပ်များတွင် အကောင်းဆုံး။