ဖုန်းသက်တိုင်

( 2 မှတ်ချက်)

7500 (ကျပ်)

စာမျက်နှာ

128

စာအုပ်အရွယ်အစား

5.2 x 0.2 x 8.2 inches

ပုံနှိပ်မှတ်တမ်း

စိတ်ကူးချိုချိုစာပေ၊ 2016 သြဂုတ်လ၊ (ဒု-ကြိမ်)

စျေးနှုန်းအပြောင်းအလဲ

20.1.2026 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 7500 စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။

7 in stock

ဖုန်းသက်တိုင် အား ဝေဖန်သုံးသပ်မှု 2 ရှိပါသည်။

  1. Mg shan

    တအားပျော်နေသလား ဤစာအုပ်ကို ဖတ်လိုက်ပါ ငိုင်ကျသွားပါလိမ့်မည်။
    human emotions တွေကို ပုံဖော်ရာမာ ဆရာမကြည်အေး လောက်စာဖွဲ့တတ်သူစာရေဆရာတယောက်ယောက်ရဲ့ စာအုပ် ခုချိန်ထိ ကျွန်တော် မဖတ်ဖူးသေးပါဘူး။ဖတ်နေချိန် မှာ ပေါ်လာတဲ့ အပြုံးဟာ တခနအတွင်း ဝမ်းနည်းစရာလည်း ဖြစ်သွားတတ်ပါတယ်။
    charecter development တွေကို ရုပ်ရှင်တေထဲကလို့ ဆရာမကြီးရဲ့အရေးအသားက ထိရောက်စွာ ပုံဖေါ်ထားပါတယ်။charecters တွေရဲ့
    visionsတွေ conflicts တွေ sadness တွေ ကို တင်ဆက်ပုံကလည်း next level ပါဘဲ။
    Story ကတော့ ရိုးရှင်းသလောက် တင်ဆက်ပုံ အရမ်းကို smart ကျပါတယ်။
    ဒီစာအုပ် ဖတ်ပြီး ကျွန်တော့်စိတ်ဟာ
    တော်တော်ကို ဟာတာတာကြီး ဖြစ်ခဲ့ပါတယ်။
    sad ending မှ နှစ်မျို့ပါတယ်ဆိုသူသူ ကျွန်တော်တောင်
    ending ပတ်သတ်၍ တော်တော်စိတ်ဖြေခဲ့ရပါတယ်။

  2. Lynn Lae Phyu (verified owner)

    ဆရာမရဲ့ လက်ရာတွေကို စွဲလမ်းတတ်သူ အဖို့ ဇာတ်သိမ်းတွေက အသက်ရှုကြပ်စရာတွေချည်းပဲဆိုတာ အထွေအထူးတော့ သိပ်ပြောစရာတော့ မရှိဘူး။ ဒါမဲ့ အရင်လက်ရာတွေနဲ့မတူ တမူထူးခြားစွာနဲ့ လူတွေမှာ တွေ့ရတတ်တဲ့ သဘောသဘာဝတစ်မျိုးဖြစ်တဲ့ ” ကိုယ့်အဖြစ်ကိုမှ ဆိုးလှချည် ” ထင်တတ်တဲ့ သဘောတစ်ခုကို ဆရာမက မီးမောင်းထိုးပြသွားတယ်။ လူဆိုတာ မှားတတ်တဲ့ အမျိုးကြီးပဲ ဆိုတဲ့သဘော… ပုထုဇဉ်ရယ်လို့ ဖြစ်လာရင် တူညီတဲ့ အမှားတစ်ခုကို ထပ်ခါထပ်ခါလဲ မှားတတ်တာ မဆန်းဘူးဆိုတဲ့သဘော… နောက်ဆုံး ကိုယ်ကိုယ်တိုင်က ကျူးလွန်ခဲ့လို့ “ငါ မှားခဲ့တယ်… မှားနေတုန်းပဲ” ဆိုတဲ့ အတိတ်က ဝန်ထုတ်ဝန်ပိုးလို အမှားတစ်ခုကို တခြားသူတွေက ဘာမဟုတ်တဲ့ အရာတစ်ခုလို ပေါ့ပေါ့လေးနဲ့ လုပ်နေကြတာကို မမြင်နိုင်ဘဲ ကိုယ့်ကိုကိုယ် အပြစ်တင် တဆင့်နိမ့်တယ်လို့ ထင်နေတတ်တဲ့ Inferiority Complex သဘောတရားကိုလဲ ရှင်းလင်းပြသွားတယ်။

    ဟုတ်ကဲ့! ဖတ်လဲ ပြီးသွားရော ထုံးစံအတိုင်း ရင်ထဲ တစ်ဆို့ဆို့ကြီးဖြစ်ကျန်ပြီး ရူးချင်သလိုလို မူးချင်သလိုလို ဖြစ်သွားတာကတော့ ဆရာမကြည်အေးရဲ့ အရင်လက်ရာတွေအတိုင်းပါပဲ။
    ဆရာမရဲ့ အနုပညာလက်ရာတွေကို အသိနောက်ကျလေခြင်းလို့လဲ တခါတလေ တွေးမိသလို တခြားစာရေးဆရာတွေနဲ့ယှဉ်ရင် လူ့ဘဝအတွက် ဆရာမရဲ့ လက်ရာတွေက နည်းလိုက်တာလို့လဲ တွေးမိတယ်…

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ကြည်အေး စာအုပ်များ