ဤမာန

( 1 မှတ်ချက်)

3000 (ကျပ်)

စာမျက်နှာ

173

စာအုပ်အရွယ်အစား

5.2 x 0.3 x 8.2 inches

ပုံနှိပ်မှတ်တမ်း

စိတ်ကူးချိုချိုစာပေ၊ 2011 ဇူလိုင်လ၊ (ဒု-ကြိမ်)

4 in stock

ဤမာန အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. မအိမ့်အိမ့်ထူးအောင်

    #ဤမာန
    #ကြည်အေး

    ဆရာမကြည်အေးရဲ့ စာအုပ်(‌တွေ) ကို ပထမဆုံးအနေနဲ့ ထိတွေ့ဖူးခြင်းပဲ။

    ဆရာမရဲ့ စာတွေကို အားပေးနေကျ ပရိသတ်တစ်ဦး
    မဟုတ်တာနဲ့အညီ အစပိုင်းမှာ အရမ်းကြီး
    မနှစ်ခြိုက်ခဲ့ပါဘူး။ (ဖတ်ရတာလည်း သိပ်အဆင်မပြေခဲ့ဘူး…)

    ဒါပေမဲ့ မူရင်းစာရေးသူရဲ့ ‌ဇာတ်အိမ်အခြေပြုထားပုံ ခိုင်ခံ့မှု နဲ့ ဆရာမကြည်အေးရဲ့ ဘာသာပြန် စာသားအရေးအဖွဲ့တွေက စိတ်ထဲမှာ နက်နက်
    ရှိုင်းရှိုင်း ဝင်သွားပြီးဖြစ်ကြောင်းကို စာအုပ်ကို ခဏချပြီး ပိတ်ထားချိန်မှာပဲ သတိပြုမိလိုက်တယ်…။

    မာ့က်?
    “စုဟာ အံ့ဩစရာကောင်းတယ်။ ကိုယ်…
    စုကိုကြည့်ပြီး ကိုယ့်ကိုကိုယ် အသုံးမကျဘူး
    ထင်မိတယ်”

    စုဇန်?
    “မောင့်ကို စုဟာ တခြားသူတွေထက်ပိုပြီး နာအောင် လုပ်နိုင်တော့မပေါ့ ၊ မောင်ကလည်း စုကို ဘယ်သူမှ မတတ်နိုင်တဲ့နည်းနဲ့ နာအောင် လုပ်နိုင်တာပဲ၊ ဘာကြောင့်လဲဆိုတော့ စုတို့နှစ်ယောက်ဟာ တစ်ယောက်ကို
    တစ်ယောက် ချစ်နေကြလို့ပဲ”

    ဘလိတ်?
    ” ကိုယ်သိပါတယ်။ အားလုံးဟာ အဆုံးသတ်ရလိမ့်မယ်ဆိုတဲ့ အသိ ကိုယ့်မှာ ရှိတယ်ဆိုတာကို ။ ကိုယ် အမြဲတမ်းပဲ အဆုံးနဲ့ တွေ့ခဲ့ရတယ်။ အစကို မစခင်မှာ ကိုယ်ဟာ အဆုံးကို ခံစားနေရပြီ ။”

    ဒါတွေဟာ ဒီစာအုပ်လေးထဲမှာပါတဲ့ ကျွန်မအကြိုက်ဆုံး စကားလုံးတွေပါပဲ…။

    လက်ချောင်းလေးတွေကို လှုပ်ရှားစေခိုင်းပြီး အသစ်အသစ်တွေကို ဖန်တီးနေရတာ နှစ်သက်တဲ့….၊
    ဘယ်လိုအလုပ်မျိုးကိုမဆို လုပ်နေရရုံနဲ့ ကျေနပ်နေတတ်ပြီး ရွှံ့စေးတွေကို
    ကိုင်တွေ့နေရတဲ့အခါ ဘဝကြီးက ပိုသာယာနာပျော်ဖွယ်ကောင်းတယ်လို့ မှတ်ယူထားတဲ့
    …. “စုဇန်” ဆိုတဲ့ ကောင်မလေးတစ်ယောက်ရဲ့ #သဘာဝကျသော_အနှစ်သာရရှိသော_
    အဓိပ္ပါယ်ပြည့်စုံသော မာနတရားတို့ထဲက
    ကျွန်မတို့ဘဝထဲကို မဖြစ်မနေ ဆွဲခေါ်သင့်တဲ့ မာနအစိတ်အပိုင်းလေးတွေကို ရှာဖွေဖို့
    #ဆရာမကြည်အေးဘာသာပြန်ထားတဲ့”ဤမာန”ဆိုသော စာအုပ်ကလေးကို ဖတ်ကြည့်ကြပါစို့နော်…။
    .
    .
    #အိမ့်
    #Tue_April_28

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

ကြည်အေး စာအုပ်များ