စိတ်ရဲ့ငြိမ်သက်ခြင်း
15000 (ကျပ်)
ယောက်ယက်ခတ်ဖို့ ဆွဲဆောင်မှုတွေ များလွန်းတဲ့လောကကြီးထဲမှာ ခိုင်မြဲတဲ့ အသိဉာဏ်ပညာနဲ့အတူ ငြိမ်ငြိမ်သက်သက် စိတ်ကလေးနဲ့ ဘဝကိုရိုးရိုးရှင်းရှင်းနေဖို့ဆိုတာလည်း ခဲယဉ်းတဲ့အခြေအနေ ဖြစ်နေနိုင်ပါတယ်။ အဲဒီလိုအခါမျိုးမှာ ဒီစာအုပ်လေးဟာ အနားမှာရှိနေပြီးတော့ စာဖတ်သူတွေရဲ့ စိတ်ကို တည်ငြိမ်မှု၊ ကြည်လင်မှု၊ လွတ်လပ်မှုနဲ့ ရွှင်လန်းမှုကို ပြန်လည်ရယူနိုင်အောင် ကူညီပေးပါလိမ့်မယ်။ စာအုပ်လေးကို ဖတ်ရှုနေတုန်းမှာပဲ ငြိမ်သက်ပြီး အေးချမ်းနေတဲ့စိတ်ကို ရရှိခံစားနိုင်မှာဖြစ်တယ်လို့ စာအုပ်လေးထဲမှာ ဆိုထားပါတယ်….။
ကိုယ့်ကိုယ်တွင်းမှာ ကိုယ့်ကွန်းခိုရာကို ရှာတွေ့နိုင်ပြီး စိတ်ကိုလည်း ရှင်းသန့်သွားအောင် ငြိမ်သက်အေးချမ်းသွားအောင်စွမ်းဆောင်ပေးနိုင်မယ့် စာအုပ်ကောင်းတစ်အုပ်..
| စာမျက်နှာ | 195 |
|---|---|
| စာအုပ်အရွယ်အစား | 5.1 x 0.6 x 7.5 inches |
| ပုံနှိပ်မှတ်တမ်း | ရေတံခွန်စာပေ၊ 2020 မတ်လ၊ (ဒုတိယကြိမ်) |
| စျေးနှုန်းအပြောင်းအလဲ | 7.5.2026 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 15000 စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။ |
9 in stock








Linn Htet Aung –
တကယ်ကောင်းတဲ့စာအုပ်ပါ။ ဖတ်ရင်းတကယ်ငြိမ်းချမ်းတာပါ။ စာအုပ်ရဲ့ဒီဇိုင်းလေးက အစဖတ်ချင်အောင်ဆွဲဆောင်ပါတယ်။
May Myat Thu –
စာအုပ်ထွက်နှေးပေမယ့် တအုပ်ဆိုတအုပ် အဖိုးတန် စာအုပ်မျိုးလေးတွေပဲ ထုတ်ဝေတဲ့သူ ၊ပေါ်ပင်မရေးဘူး ၊ ပေါ့ပျက်တာတွေ မပါဘူး
သူ့အရေးအသားအားလံုး လေးနက်တယ် ၊ တည်ငြိမ်တယ် ၊စိတ်အေးချမ်းမှုပေးတယ်
စာဖတ်သူဖြစ်တဲ့ ကိုယ့်ကိုတောင် စိတ်အေးချမ်းမှုပေးစွမ်းနိုင်တာ ၊ စာရေးသူကိုယ်တိုင်လည်း အေးချမ်းနေမှာပါပဲ…
စိတ်ရှုပ်ချိန် ၊ စိတ်ထဲ အစာမကြေဖြစ်ချိန် ၊ တခုခု နာကျင်ခံစားရချိန်တိုင်း ဒီစာအုပ်လေး ကောက်ကိုင်ဖြစ်တယ် ..?
စာအုပ်လေးထဲမှာ ပါတဲ့ပုံလေးတွေက ပန်းချီကားလေးတွေ ကြည့်နေရသလို ၊ စာေကြာင်းလေးတွေ ဖတ်လိုက် ၊ ပုံလေးတွေ ခံစားလိုက်နဲ့ …စာအုပ်အဖုံးရော အတွင်းစာမျက်နှာလေးတွေရော အသေးစိတ် ြခယ်မှုန်းထားတဲ့ ပန်းချီကားကြီးလိုပါပဲ ?
“လောကကြီးကို ဘယ်အချိန်မှာ နားလည်သလဲဆိုတော့ လောကကြီးဆီက ဘာမှ ပြန်မလိုချင်တော့တဲ့ အချိန်မှာ နားလည်တယ်…
ဒီလိုပါပဲ..လူကို ဘယ်အချိန်မှာ နားလည်သလဲဆိုတော့ အဲဒီလူဆီက ဘာမှရယူလိုစိတ် မရှိတော့တဲ့အခါမှ နားလည်တယ်..
ဘ၀ဆီက ကိုယ်ပြန်မျှော်လင့်တာ ဘာမှမရှိတော့တဲ့အခါကျမှ ဘ၀ကို နားလည်လာတယ် ..
ကိုယ့်မှာချို့တဲ့ တဲ့စိတ် မရှိတော့တဲ့အခါကျမှ အရာရာကို ပိုနားလည်လာတယ်..
စိတ်ကို ငြိမ်သက်အောင် မွေးြမူနိုင်တာနဲ့အမျှ ချို့တဲ့ တဲ့စိတ်တွေလည်း နည်းပါးသွားပါတယ် …” ? (စာအုပ်ပါ စာသားအချို့)
စာသားအားလုံးနှစ်ခြိုက်နေပေမယ့် ကြိုက်တဲ့စာစုလေးတခုပြန်ရေးရင်း စာအုပ်ထဲက စာမျက်နှာတမျက်နှာကိုလည်း မနေနိုင်မထိုင်နိုင် ? ရိုက်လိုက်ပါသေးတယ် … ?
Sett Wai Yan Naung –
အရမ်းကောင်းတဲ့စာအုပ်လေးပါ
Myat Thaw Kha –
ဒီစာအုပ်လေးကိုစဖတ်တုန်းကဆိုသူများဆီကငှားဖတ်ရတာ…ဘာရယ်မဟုတ်ဖူးစာအုပ်ပုံစံလေးနဲ့ခေါင်းစဉ်လေးကိုသဘောကျလို့…စဖတ်လိုက်ကတည်းကစာလေးတွေကရိုးရှင်းတယ်လို့ပြောလို့ရသလိုနက်နဲတယ်လို့လည်းဆိုနိူင်ပါတယ်…ဖတ်နေရင်းနဲ့ကိုစိတ်ကတည်ငြိမ်လာတာ…ကိုယ့်ပတ်ဝန်းကျင်မှာသတိမထားမိတဲ့အလှတရားတွေကိုမြင်လာတယ်…ကျနော်တို့ပြိုင်ဆိုင်နေတာတွေ၊ရယူလိုချင်တာတွေဟာတကယ်တော့သဘာဝရားကိုမမြင်ကြလို့ပါတဲ့…တကယ်လည်းမှန်ပါတယ်…ဘာကြောင့်လဲဆိုတော့သဘာဝတရားကကျနော်တို့လိုတာထက်ပြည့်စုံအောင်ဖန်ဆင်းထားပါတယ်…ကျတော်တို့စိတ်ကလေးသာတည်ငြိမ်နေမယ်ဆိုရင်ပေါ့
မလှရတနာ –
ကောင်းမည်ဟုထင်သည်။