စိတ်ရဲ့ငြိမ်သက်ခြင်း

( 9 မှတ်ချက်)

15000 (ကျပ်)

ယောက်ယက်ခတ်ဖို့ ဆွဲဆောင်မှုတွေ များလွန်းတဲ့လောကကြီးထဲမှာ ခိုင်မြဲတဲ့ အသိဉာဏ်ပညာနဲ့အတူ ငြိမ်ငြိမ်သက်သက် စိတ်ကလေးနဲ့ ဘဝကိုရိုးရိုးရှင်းရှင်းနေဖို့ဆိုတာလည်း ခဲယဉ်းတဲ့အခြေအနေ ဖြစ်နေနိုင်ပါတယ်။ အဲဒီလိုအခါမျိုးမှာ ဒီစာအုပ်လေးဟာ အနားမှာရှိနေပြီးတော့ စာဖတ်သူတွေရဲ့ စိတ်ကို တည်ငြိမ်မှု၊ ကြည်လင်မှု၊ လွတ်လပ်မှုနဲ့ ရွှင်လန်းမှုကို ပြန်လည်ရယူနိုင်အောင် ကူညီပေးပါလိမ့်မယ်။ စာအုပ်လေးကို ဖတ်ရှုနေတုန်းမှာပဲ ငြိမ်သက်ပြီး အေးချမ်းနေတဲ့စိတ်ကို ရရှိခံစားနိုင်မှာဖြစ်တယ်လို့ စာအုပ်လေးထဲမှာ ဆိုထားပါတယ်….။
ကိုယ့်ကိုယ်တွင်းမှာ ကိုယ့်ကွန်းခိုရာကို ရှာတွေ့နိုင်ပြီး စိတ်ကိုလည်း ရှင်းသန့်သွားအောင် ငြိမ်သက်အေးချမ်းသွားအောင်စွမ်းဆောင်ပေးနိုင်မယ့် စာအုပ်ကောင်းတစ်အုပ်..

စာမျက်နှာ

195

စာအုပ်အရွယ်အစား

5.1 x 0.6 x 7.5 inches

ပုံနှိပ်မှတ်တမ်း

ရေတံခွန်စာပေ၊ 2020 မတ်လ၊ (ဒုတိယကြိမ်)

စျေးနှုန်းအပြောင်းအလဲ

7.5.2026 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 15000 စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။

19 in stock

စိတ်ရဲ့ငြိမ်သက်ခြင်း အား ဝေဖန်သုံးသပ်မှု 9 ရှိပါသည်။

  1. Younn Younn

    စာအုပ်ကိုအရမ်းသဘောကျပါတယ် packagaingကိုသေသေချာချာစနစ်တကျထုတ်ပေးတဲ့အတွက်လည်း pann satt lannကိုလည်းအရမ်းကျေးဇူးတင်ပါတယ်

  2. အမည်မသိ

    အရမ်းကြိုက်ပါတယ် ။ တကယ်စိတ်အေးချမ်းရပါတယ် 😍

  3. KHAING NU HTWE

    I LOVE IT SO MUCH.

  4. Ya Min Htet

    စာအုပ်ကောင်းတစ်အုပ်ပါ စာရေးသူရဲ့စိတ်နှစ်ပြီးရေးသားထားမှန်းခံစားမိပါတယ်

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ထက်ထက်ထွန်း စာအုပ်များ