ငါ ဘယ်သူလဲ

( 4 မှတ်ချက်)

6000 (ကျပ်)

“ယခု စာအုပ်ထဲတွင် Enneagram နည်းစနစ်ကိုလေ့လာပြီး တစ်ချိန်တည်းမှာ ကိုယ့်စိတ်ကို ကိုယ် သတိနှင့် စောင့်ကြည့်သည့် အလုပ်ကို လုပ်မယ်ဆိုရင် ဒီလိုလုပ်တာဟာ ကိုယ်မသိလိုက်ပဲ ဖြစ်နေလေ့ရှိတဲ့ ကိုယ်အကျင့်တွေ၊ သတိမပါ ဉာဏ်မပါ၊ အလိုအလျောက် တုံ့ပြန်နေတာတွေကို မြင်တတ်အောင် အထောက်အကူပေးတာကို ရလာပါလိမ့်မယ်..။

ကိုယ့်ရဲ့ စရိုက်သဘာဝကို ထိုးထိုးထွင်းထွင်း ရှင်းရှင်းလင်းလင်း သိအောင်လုပ်နီုင်တာဟာ ဘဝမှာ အင်မတန်မှ အရေးကြီးပါတယ်။ ဒီလိုသိနိုင်မှသာ ကိုယ့်စရိုက် သဘာဝက ဘယ်လိုအရာတွေကို လုပ်နေတတ်သလဲဆိုတဲ့ ကိုယ့်ရဲ့ လုပ်တတ်တဲ့ လုပ်နည်း လုပ်ဟန်၊ ကိုယ့်စရိုက်ကြောင့် ဖြစ်လာတဲ့ စိတ်ခံစားမှုတွေနောက်ကို လိုက်ပြီးလုပ်လေ့ရှိတဲ့ လမ်းကြောင်း စတာတွေကို မြင်နိုင်မှာ ဖြစ်ပါတယ်။ ဒီလိုမြင်နိုင်မှသာ နိုးကြားလာမယ်။ စိတ်ဓာတ်နှင့် အသိဉာဏ် ရင့်ကျက်လာမယ်။

နောက်ဆုံးမှာတော့ ကိုယ့်စရိုက် ကိုယ့်သဘာဝဆိုတာတွေကို လွန်မြောက်သွားပြီး ‘ငါ’ ဆိုတာကို လွန်မြောက်သွားမယ်။ ‘ငါ’ ဆိုတာကိုလွန်မြောက်မှ အတ္တကင်းမယ်။ အတ္တကင်းမှ တကယ်စစ်မှန်တဲ့ လွတ်လပ်မှုကို ခံစားရရှိနိုင်မယ်….။”
(စာအုပ်ကျောဖုံးပါ ကောက်နှုတ်ချက်လေးဖြစ်ပါတယ်။)

စာမျက်နှာ

398

စာအုပ်အရွယ်အစား

5.7 x 0.8 x 8.1 inches

ပုံနှိပ်မှတ်တမ်း

ရေတံခွန်စာပေ၊ 2020 မတ်လ၊ (ပ-ကြိမ်)

10 in stock

ငါ ဘယ်သူလဲ အား ဝေဖန်သုံးသပ်မှု 4 ရှိပါသည်။

  1. ဆွေဇင်ရီ(SWE ZIN YEE)

    အရမ်းကောင်းတဲ့စာအုပ်ပါ

  2. မခင်စောနွဲ့

    ကိုယ့်ကိုယ်ကို ပြန်ဝေဖန်ကြည့်မလို့

  3. ကိုကျော်ခိုင်ဝင်း

    ယခုစာအုပ်က မိမိအတွက်အရမ်းကောင်းပါတယ် အရမ်းအသုံးဝင်ပါသည် သိချင်တာက အခုစာအုပ်အား အသိပညာအဖြစ်သူများတွေအားမှျဝေလို့ရမလား သိချင်ပါသည် ကျေးဇူးတင်ပါသည်

  4. Nang Phyu Phway

    အနှစ်သက်ရဆုံး အကြိုက်ရဆုံးစာအုပ်တွေထဲက တစ်အုပ်အနေနဲ့ အားလုံးကို ဖတ်မိစေချင်ပါတယ် ၊ ဘဝမှာ ကြုံရတဲ့ ပြဿနာအများစုက ကိုယ်အကြောင်းကို မသိကြလို့ ဖြစ်နေကြရတာပါ … အကြောင်းအရာတွေ လေ့လာစရာတွေ အများကြီး ရှိတဲ့အနက် ကိုယ်အကြောင်းကိုသာ အရင်ဆုံး ပိုင်ပိုင်နိုင်နိုင် သိနိုင်မယ်ဆိုရင် ကျန်တဲ့ကိစ္စတွေက အလိုလို ဖြေရှင်းရ လွယ်ကူသွားမှာပါ ။

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

ထက်ထက်ထွန်း စာအုပ်များ