အဓိပ္ပာယ်ရှိသောဘ၀

( 3 မှတ်ချက်)

4800 (ကျပ်)

ဒီစာအုပ်ထဲကစာတွေဟာ ကိုယ့်ကိုယ်ကိုယ်သတိပေးဆုံးမဖို့၊ ကိုယ်တိုင်ပြန်ဖတ်ဖို့ ရေးသားထားတဲ့စာတွေပါ။ ဖခင်ရဲ့သွန်သင်မှုတွေ၊ ပညာရှိတွေရဲ့စကားတွေကို မေ့မသွားချင်လို့ မှတ်ထားတဲ့ မှတ်စုလို့ ဆိုရင်လည်း မှန်ပါတယ်။

အထဲမှာပါတဲ့ စာတွေက တိုပါတယ်။ အရှည်ကြီးဖတ်စရာ မလိုတဲ့ စာတွေပါ။

ဒီခေတ်လူတွေက အလုပ်အင်မတန်များကြတာဆိုတော့ အားလပ်ချိန်လေးမှာ စာအုပ်လေးတစ်အုပ်ကိုင်ပြီးတော့ဖတ်ချင်တယ်၊ ကိုယ်ကြိုက်တဲ့စာမျက်နှာကိုဖတ်ပြီးတာနဲ့ ချထားလို့ရတယ်၊ လုပ်လက်စအလုပ်ကို ဆက်လုပ်လို့ ရတယ်၊ အလုပ်လုပ်ရင်းနဲ့လည်း စာထဲကအကြောင်းအရာကို ဆက်ပြီး နက်နက်နဲနဲ တွေးတောလို့ရတယ် ဆိုတဲ့စာအုပ်မျိုး ဖတ်ချင်တဲ့သူတွေအတွက် ဒီစာအုပ်က အနားမှာ အသင့်ဖြစ်နေလိမ့်မယ်လို့ ယုံကြည်ပါတယ်။

“လောကကို စိတ်ကိုဦးဆောင်တယ်” ဆိုတဲ့ ဘုရားဟောရှိတဲ့အတိုင်းပါပဲ။ တစ်လောကလုံးမှာရှိသမျှ အရာရာဟာ စိတ်ကနေအရင် စတာပါ။ ဒီစိတ်က စိတ်ထားတွေမြင့်နေမှ၊ အသိအမြင်တွေ မှန်ကန်နေမှ၊ ကြံစည်သမျှကလည်း သင့်မြတ်တယ်။ အသိဉာဏ်လည်း ပွင့်တယ်။ လုပ်သမျှလည်း အဆင်ပြေတယ်။ ဘဝကလည်း နေပျော်စရာ ဖြစ်လာတယ်။ ဒီလိုဆို ကိုယ့်လောကကြီးတစ်ခုလုံးလည်း သာယာနေမှာပါ။

လူဟာ အသိဉာဏ်မြင့်လေ အဓိပ်ပါယ်ရှိတဲ့ဘဝကို နေချင်လေ ဆိုတဲ့စကားလည်း ရှိပါတယ်။ အဓိပ္ပါယ်ရှိတဲ့ဘဝကို အသိဉာဏ်မြင့်တဲ့သူက ပိုတောင့်တတယ်။ အသိဉာဏ်မြင့်တဲ့သူအတွက်ဆိုရင် တခြားဘာတွေရရ အဓိပ္ပါယ်ရှိတဲ့ဘဝကို မနေရလို့ မဖြစ်ပါဘူး။ တခြားဘာတွေ ဘယ်လောက်ပဲပြည့်စုံနေပါစေ အဓိပ္ပယ်ရှိတဲ့ဘဝကို နေရတာလောက် ကျေနပ်ပြီး ပြည့်စုံလိုက်တာလို့ ခံစားရတဲ့ အရသာမျိုးလည်း မရှိပါဘူး။

ဒီလိုအဓိပ္ပပါယ်ရှိတဲ့ဘဝကို နေချင်တဲ့သူတွေအတွက် ဒီစာအုပ်လေးကို ထုတ်ဝေလိုက်ပါတယ်။

စာဖတ်သူများက စာအုပ်ကိုဖတ်ရှုပြီး အဓိပ်ပါယ်ရှိတဲ့ဘဝကို ရရှိပိုင်ဆိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

စာမျက်နှာ

236 (Hard Cover)

စာအုပ်အရွယ်အစား

5.1 x 0.6 x 7.2 inches

ပုံနှိပ်မှတ်တမ်း

ရေတံခွန်စာပေ၊ 2022 ဧပြီလ(ပထမအကြိမ်)

Out of stock

အဓိပ္ပာယ်ရှိသောဘ၀ အား ဝေဖန်သုံးသပ်မှု 3 ရှိပါသည်။

  1. Nyi Nyi lin htet

    ကောင်းပါတယ်

  2. လမင်း

    ကောင်းပါတယ်

  3. Zin Phyoe Wai

    This book is so interesting.

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

ထက်ထက်ထွန်း စာအုပ်များ