အရိုးပါး ၊ အရိုးပွရောဂါ
5000 (ကျပ်)
အရိုးပါး၊ အရိုးပွရောဂါဆိုသည်မှာ အသက်ကြီးလာသည်နှင့်အမျှ လူတိုင်းနီးပါး မလွဲမသွေကြုံတွေ့ ရမည့် ကျန်းမာရေးပြဿနာတစ်ခု ဖြစ်သောကြောင့် စောစီးစွာကာကွယ်ရန် လိုအပ်ပါသည်။
အရိုးပါး၊ အရိုးပွရောဂါကို ကာကွယ်ရန်ဖြစ်စေ၊ ကုသသည့်အခါတွင်ဖြစ်စေ အဓိကလိုအပ်သည့် အာဟာရဓာတ်များရှိပါသည်။ ယင်းအာဟာရဓာတ်များအနက် အရေးကြီးဆုံးမှာ ကယ်လ်စီယမ်ဓာတ် နှင့် ဗီတာမင်ဒီတို့ဖြစ်ပြီး ယင်းတို့<ကယ်ဝစွာပါဝင်သည့် အစားအသောက်များကို ပုံမှန်စားပေးမည်ဆိုလျှင် အရိုးပါး၊ အရိုးပွရောဂါကို ကာကွယ်ပြီးသားဖြစ်ပါသည်။ မလုံလောက်လျှင် ကယ်လ်စီယမ်နှင့် ဗီတာမင်ဒီပါဝင်သော ဆေးဝါးများကို မှီဝဲရလေ့ရှိပါသည်။
အရိုးများသန်စွမ်းရန်အတွက် လူတစ်ယောက်တွင် လှုပ်ရှားမှုအမြဲရှိနေစေရန် လိုအပ်ပါသည်။ အလုပ်မသွားခင် နံနက်ပိုင်းနေရောင်ခြည်အောက်တွင် လမ်းလျှောက်သောအလေ့အကျင့်များ၊ ကိုယ်လက်လှုပ်ရှားမှုများလုပ်ပေးခြင်းဖြင့် အရိုးပါး၊ အရိုးပွရောဂါကို ကာကွယ်နိုင်ပါသည်။
| စာမျက်နှာ | 58(Photo paper) |
|---|---|
| စာအုပ်အရွယ်အစား | 5.8 x 0.2 x 8.4 inches |
| ပုံနှိပ်မှတ်တမ်း | FAME Publishing House ၊ 2020 ဖေဖော်ဝါရီလ (စတုတ္ထအကြိမ်) |
3 in stock








ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ