ကင်ဆာကိုတိုက်ဖျက်နိုင်သည့်အစွမ်းထက် သဘာဝမော်လီကျူးများ

( 0 မှတ်ချက်)

15000 (ကျပ်)

ကင်ဆာရောဂါသည် လူတိုင်းကြောက်ကြသည့် ရောဂါဆိုးတစ်ခုဟု ဆိုနိုင်သည်။ ကင်ဆာရောဂါ ဖြစ်လာပါက ရောဂါဝေဒနာကို ခံစားကြရသည့်အပြင် ခွဲစိတ်ကုသခြင်း၊ ကီမိုဆေးများသွင်းခြင်း၊ ဓာတ်ရောင်ခြည်ဖြင့် ကုသရခြင်းတို့ကြောင့် လူနာမှာ ဘေးထွက်ဆိုးကျိုးများ ခံစားရသည့်အပြင် ငွေကုန်ကြေးကျလည်း များလှပါသည်။

ဆေးသိပ္ပံပညာရှင်များအနေဖြင့် သဘာဝတွင် ရှိပြီးဖြစ်သည့် ဈေးနှုန်းသက်သာပြီး ဘေးထွက်ဆိုးကျိုး နည်းပါးကာ လူနာတိုင်း အသုံးပြုနိုင်သော ကင်ဆာကို တိုက်ဖျက်နိုင်သည့် မော်လီကျူးများကို တစ်မျိုးပြီးတစ်မျိုး ရှာဖွေဖော်ထုတ်ပေးလျက် ရှိပါသည်။

ဤစာအုပ်တွင် အပင်များမှရရှိသည့် ကင်ဆာကို တိုက်ဖျက်နိုင်သော သဘာဝမော်လီကျူးများထဲမှ အစွမ်းအထက်ဆုံး (၄) မျိုးဖြစ်သည့် တောင်စကားဖြူအခေါက်မှ ရရှိသည့် ဟိုနိုကီရော (Honokiol)၊ စပျစ်သီးမှရရှိသည့် ရက်စ်ဗာရာထရော (Resveratrol)၊ နနွင်းဥမှရရှိသည့် ကာကူမင် (Curcumin) နှင့် လက်ဖက်စိမ်းမှ ရရှိသည့် အီးဂျီစီဂျီ (EGCG) တို့၏ ကင်ဆာဆဲလ်များအပေါ် သတ်ဖြတ်နှိမ်နင်းနိုင်သည့် အစွမ်းအာနိသင်များကို အသေးစိတ် ဖော်ပြပေးထားပါသည်။ ကင်ဆာလူနာများအတွက် အကျိုးရှိမည်ဟု ယုံကြည်ပါသည်။

စာမျက်နှာ

268(woodfree paper)

စာအုပ်အရွယ်အစား

6.4 x 0.6 x 9.7 inches

ပုံနှိပ်မှတ်တမ်း

FAME Publishing House ၊ 2024 မတ်လ

4 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ကင်ဆာကိုတိုက်ဖျက်နိုင်သည့်အစွမ်းထက် သဘာဝမော်လီကျူးများ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဒေါက်တာခင်မောင်လွင် (FAME) စာအုပ်များ