အော်ဇိုင်းမားရောဂါ

( 0 မှတ်ချက်)

20000 (ကျပ်)

အော်ဇိုင်းမားရောဂါ မဖြစ်အောင် ကြိုတင်ကာကွယ်ရန် အကောင်းဆုံးနည်းလမ်းမှာ အနေအထိုင် အစားအသောက် မှန်ကန်အောင် ပြုမူခြင်းဖြစ်သည်။ အိပ်ရေးဝဝအိပ်ခြင်း၊ စိုးရိမ်ပူပန်စိတ်မထားခြင်း၊ မကြာခဏ အစာဖြတ်ခြင်း၊ အချိုလျှော့စားခြင်းနှင့် လေ့ကျင့်ခန်းမှန်မှန် ပြုလုပ်ခြင်းတို့ ပါဝင်သည်။

ဗီတာမင်နှင့် သတ္တုဓာတ် ချို့တဲ့ခြင်းသည် အော်ဇိုင်းမားရောဂါကို ပိုဆိုးစေနိုင်သဖြင့် ထိုသို့မချို့တဲ့စေရန် လုံလောက်မျှတသော အာဟာရဖြစ်စေမည့် အစားအသောက်များ စားရန်လိုပါသည်။ အကယ်၍ မစားဖြစ်ပါက သင့်တော်မည့် ဗီတာမင်နှင့်သတ္တုဓာတ်များ ပါဝင်သော ကျန်းမာရေး ဖြည့်စွက်ဆေးဝါးများကို မှီဝဲရန်လိုပါသည်။

အချို့သော ဆေးဝါးများကို ရေရှည်မှီဝဲပါက မှတ်ဉာဏ်ထိခိုက်ခြင်း၊ ဒီမင်းရှားလက္ခဏာများ ဖြစ်လာခြင်းနှင့် ပို၍ဆိုးလာပါက အော်ဇိုင်းမားရောဂါအထိ ဖြစ်နိုင်ပါသည်။ အသက်အရွယ်ကြီးသူများတွင် ရောဂါမျိုးစုံရှိလာကြသည်ဖြစ်၍ အဆိုပါရောဂါများအတွက် ရေရှည်စွဲသောက်ရသော ဆေးဝါးများထဲတွင် မှတ်ဉာဏ်ထိခိုက်စေရန် အလားအလာရှိသည့် ဆေးဝါးများပါနေပါက မိမိကို ကုသနေသည့် ဆရာဝန်နှင့် ပြောဆိုတိုင်ပင်သင့်ပါသည်။

 

စာမျက်နှာ

256(Photo paper)

စာအုပ်အရွယ်အစား

6.4 x 0.6 x 9.7 inches

ပုံနှိပ်မှတ်တမ်း

FAME Publishing House ၊ 2024 ဒီဇင်ဘာလ (၅၂ကြိမ်)

3 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“အော်ဇိုင်းမားရောဂါ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဒေါက်တာခင်မောင်လွင် (FAME) စာအုပ်များ