ငြိတွယ်ခြင်းတို့ရဲ့အစခွင့်လွှတ်ရခြင်းတို့ရဲ့အဆုံး
4500 (ကျပ်)
တခြားသော လူတွေကြောင့်
ကိုယ့်နှလုံးသားကိုတော့ ဒဏ်ရာမရအောင် ကာကွယ်မှပေါ့
တချို့သူတွေကြောင့် ယွန်းနာကျင်ခဲ့ရသလို
ယွန်းကြောင့်လည်း နာကျင်သွားရတဲ့သူတွေရှိမှာပဲ
အမှားက လူတိုင်းဖြစ်တက်တာပဲ
အဓိကကတစ်ယောက်နဲ့ တစ်ယောက်ခွင့်လွှတ်ရင်း နေသွားကြဖို့ပါပဲ…။
ဒီစာအုပ်ထဲမှာ ဇာတ်ကောင်အမျိုးသမီးလေးရဲ့ ငယ်ဘ၀တွေ့ကြုံဖြတ်သန်းရမှုတွေ၊ မိသားစုဝင်တွေရဲ့ လျစ်လျူရှုမှုတွေ၊သူငယ်ချင်းတွေရဲ့ အနိုင်ကျင့်မှုတွေနဲ့ ကျောင်းမှာ ကြုံရတဲ့ အခက်အခဲတွေ အကြောင်းကို အတော်ရှည်ရှည် ရေးဖွဲ့ဖြစ်ခဲ့ပါတယ်။ ဇာတ်ကောင် အမျိုးသမီးလေးဟာ ကိုယ့်ကိုယ်ကိုယ်နာကျင်အောင် လုပ်တက်တာ၊ ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်ပုံချတက်တာ၊ ကြိုက်တဲ့ အရာနဲ့မကြိုက်တဲ့ အရာတွေကို ပွင့်ပွင့်လင်းလင်း မဖော်ပြတက်တာ၊ ခံစားချက်တွေကို မျိုသိပ်ထားတက်တာ၊ သူစိမ်းတွေအပေါ်မှာ မေတ္တာ ကရုဏာထားနိုင်သလောက် ကိုယ်ကိုယ်တိုင်အပေါ်ကျ မချစ်တက်တာတွေက CEN ထဲက လက္ခဏာတချို့ကို ကိုးကားပြီးရေးဖွဲ့ထားပါတယ်…။
စာအုပ်အရွယ်အစား | 5.4 x 0.3 x 8.2 inches |
---|---|
ပုံနှိပ်မှတ်တမ်း | ကိုလတ်၊ 2022 မတ်လ ( ပထမအကြိမ်) |
စာမျက်နှာ | 183 |
31 in stock (can be backordered)
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ