ဒီဆောင်းရယ် ပုံပြင်မှာ ဒီဌက်ကို မျှော်နေချင်သူမို့

( 0 မှတ်ချက်)

12000 (ကျပ်)

ဒီစာအုပ်လေးကတော့ ဆရာမ ဖရော်ဆန်ရဲ့ တတိယမြောက် လုံးချင်းဝတ္ထုဖြစ်ပြီး၊ စာအုပ်လေးထဲမှာ သဘာဝတရားကို ချစ်မြတ်နိုးတဲ့ ငှက်ကြည့်ဧည့်လမ်းညွှန် အမျိုးသမီးလေးတစ်ယောက်နဲ့ ဆောင်းခိုငှက်တွေရဲ့ ကတိစကားပုံပြင် အကြောင်းကို လှပစွာ ဖန်တီးရေးဖွဲ့ထားတာဖြစ်ပါတယ်။

အရှေ့တောင်အာရှနိုင်ငံတွေထဲ မြန်မာနိုင်ငံရဲ့ ငှက်မျိုးစိတ် ပေါကြွယ်ဝမှုနဲ့ ဒီနိုင်ငံမှာပဲတွေ့နိုင်တဲ့ ဒေသရင်းငှက်တွေအကြောင်း၊ ငှက်တွေရဲ့ အမူအကျင့်၊ ငှက်တွေ ကြုံတွေ့နေရတဲ့ ခြိမ်းခြောက်မှု အန္တရာယ်တွေ၊ ငှက်တွေနဲ့ ပတ်သတ်လို့ လူတွေရဲ့ မှားယွင်းစွာ ပြုမူနေတဲ့ ယုံကြည်မှုတွေ (ဥပမာ- ကုသိုလ်ဖြစ် ငှက်လွှတ်တဲ့ကိစ္စမျိုး) စတဲ့ မှတ်သားဖွယ်ရာ အချက် အလက်များစွာကို ဇာတ်အိမ်ထဲမှာ စနစ်တကျ ထည့်သွင်းပေးထားတဲ့ စာရေးသူရဲ့ စေတနာကိုလည်း မြင်တွေ့ရမှာပါ။

ဒါ့အပြင် ချစ်သူတွေကြားက လွဲမှားတဲ့ အတ္တမာနတွေ၊ သူငယ်ချင်းမေတ္တာကို လာပြီးအရောင်ဆိုး ခွဲခြားခံရတဲ့အခါ ပြတ်တောက်သွားတဲ့ ဆက်ဆံရေးတွေ၊ သားသမီးအတွက် မိဘက အမြဲမှန်တယ် မိဘက အမြဲစတေးပေးခဲ့ရတယ် ဆိုတဲ့ နာလိုခံခက်တဲ့ နာကျင်မှုတွေ ဒီလို အမှောင်ဘက်ခြမ်းတွေကိုလည်း မြင်တွေ့ရမှာဖြစ်သလို နူးညံ့တဲ့ ချစ်ခြင်းမေတ္တာတွေ၊ ရယူခြင်း ပေးဆပ်ခြင်း စတာတွေ ဘာမှခေါင်းစဉ်တပ်မထားဘဲ ချစ်ခြင်းမေတ္တာဟာ ဒီအတိုင်းလေး သူ့ဟာသူ တည်ရှိနေတတ်ကြောင်းကိုလည်း အလိုက်သင့် စီးဆင်း ရေးဖွဲ့ထားပါသေးတယ်။

 

စာမျက်နှာ

268

စာအုပ်အရွယ်အစား

5.3 x 0.5 x 8.2 inches

ပုံနှိပ်မှတ်တမ်း

ကိုလတ်စာပေ၊2024 ဇူလိုင်လ(ပထမအကြိမ်)

10 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ဒီဆောင်းရယ် ပုံပြင်မှာ ဒီဌက်ကို မျှော်နေချင်သူမို့” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

ဖရော်ဆန် စာအုပ်များ