နေမမြင်အင်ပါယာ

( 0 မှတ်ချက်)

7000 (ကျပ်)

ဒီဝတ္ထုလေးက စာရေးသူ ဆရာမ ဖရော်ဆန်ရဲ့လုံးချင်းဝတ္ထုအသစ်ဖြစ်ပြီး ဒီစာအုပ်ထဲမှာ အထည်ချုပ်စက်ရုံတစ်ခုမှာ လုပ်ကိုင်နေတဲ့ အမျိုးသမီးလေးတွေရဲ့ ဘဝအမောတွေ၊ ပျော်ရွှင်ရခြင်းတွေ၊ ဝမ်းနည်းရခြင်းတွေ၊ ကိုယ့်ကိုကိုယ် တည်ဆောက်ရခြင်းတွေကို အတူတူ မျှဝေခံစားလို့ရအောင် ရေးသားထားတာဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့ ဘေးကကြည့်ရင် သာမာန်လို့ထင်ရတဲ့ ဘဝတွေထဲမှာ ရှိနေတဲ့ ရဲရင့်မှုတွေ၊ လေးနက်မှုတွေ နဲ့ စိန်ခေါ်မှုတွေအကြောင်းကို ဒီစာအုပ်လေးထဲမှာ အံ့ဩစရာကောင်းစွာ အထင်းသားတွေ့မြင်ရမှာပါ။
ဖရော်ဆန်က အမျိုးသမီးစာရေးသူဖြစ်တာကြောင့်ပဲလားမသိ ဒီစာအုပ်ထဲမှာ အမျိုးသမီးတွေရဲ့ ခံစားချက်၊ အမြင်နဲ့ သဘောထားတွေကို ပိုအလေးပေးပြီး ထုတ်ဖော်ရေးသားထားတာကိုလည်း တွေ့ရတယ်။ မတူညီတဲ့ မိသားစု အခက်အခဲများစွာထဲကနေ သန်မာခဲ့ကြတဲ့ အမျိုးသမီးလေးတွေရဲ့ အကြောင်းကို ကြည်နူးလှိုက်မောဖွယ်၊ ကရုဏာသက်ဖွယ်၊ ကြေကွဲဖွယ် ခံစားရမှာပဲဖြစ်ပါတယ်။ “ဒုက္ခဟာ ဆင်းရဲတဲ့သူအပေါ်မှ ပြုတ်ကျရသလား ” ဆိုတဲ့ ရုပ်ရှင်မင်းသားကြီး ကျော်ဟိန်းရဲ့ သရုပ်ဆောင်ချက် စကားတစ်ခွန်းကိုတောင် ပြန်ကြားယောင်လာမိစေပါတယ်။
ဆရာမ ဖရော်ဆန်က “ဒီစာအုပ်လေးက ကျွန်မ ပထမဆုံးဆွဲလှပ်မိတဲ့ ပြတင်းတံခါးတစ်ချပ်ပါပဲ။ ကျွန်မတို့နဲ့ ရင်းနှီးပြီးသား သို့တည်းမဟုတ် ကျွန်မတို့နဲ့ မရင်းနှီးပဲ အစိမ်းသက်သက်ဖြစ်နေတဲ့ ဘဝတွေကို ပြတင်းပေါက်လေးကနေတဆင့် အတူတူ လှမ်းငေးမောကြည့်ကြရအောင် လို့ ပြောချင်ပါတယ် “ဆိုပြီး အမှတ်တရစကားအနေနဲ့ ပြောထားပါသေးတယ်။
စာမျက်နှာ

234

စာအုပ်အရွယ်အစား

5.2 x 0.5 x 8.2 inches

ပုံနှိပ်မှတ်တမ်း

ကိုလတ်စာပေ၊ 2023 ဩဂုတ်လ (ပထမအကြိမ်)

10 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“နေမမြင်အင်ပါယာ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

ဖရော်ဆန် စာအုပ်များ