လုပ်ချင်တာလုပ်ခွင့်ရှိသော တိုင်းပြည်

( 1 မှတ်ချက်)

3000 (ကျပ်)

ဤစာအုပ်သည် သာမန်ရေးနေကျလို စာအုပ်မျိုးမဟုတ်ဘဲ ပုံပြင်စာစုလေးသာ ဖြစ်ပါတယ်။

ထိုတိုင်းပြည်သည် လုပ်ချင်တာလုပ်ခွင့်ရှိသော တိုင်းပြည်ဖြစ်သည်။ထိုတိုင်းပြည်တွင်ရှိသော သူများသည် ကိုယ် လုပ်ချင်သည်များကို လွတ်လပ်စွာ လုပ်ခွင့်ရှိကြသည်။ ဆန္ဒပြချင်သူက ဆန္ဒပြခွင့် ရှိသည်။ ဖမ်းချင်သူက ဖမ်းချင်သလို ဖမ်းခွင့်ရှိသည်။ ကျူးကျော်သူက ကျူးကျော်ချင်သလို ကျူးကျော်ခွင့်ရှိသည်။ မြေသိမ်းချင်သူက သိမ်းချင်သလို သိမ်းခွင့်ရှိသည်။ သစ်ပင်စိုက်သူက စိုက်ချင်သလို စိုက်ခွင့်ရှိသည်။ သစ်ပင်ခုတ်သူက သစ်တောပြုန်းတီးသည်အထိ ခုတ်ခွင့်ရှိသည်။ ငတ်သေသူများ ငတ်သေခွင့်ရှိသလို၊ ချမ်းသာသူများ စိတ်ကြိုက် ချမ်းသာခွင့် ရှိသည်။ တော်လှန်ချင်သူက လက်နှင့်တော်လှန်ခွင့်ရှိသလို သေနတ်ရှိသူများကလည်း ရှိသောသေနတ်နှင့် စိတ်ကြိုက်ပစ်ခွင့်ရှိသည်။ကိုးကွယ်ချင်သူက ကိုးကွယ်ချင်ရာ ကိုးကွယ်ခွင့်ရှိသလို အယူသီးသူများကလည်း အစွန်းရောက် အယူသီးခွင့်ရှိသည်။ ပြောချင်သူက ပြောချင်တာပြောခွင့်ရှိပြီး လုပ်ချင်သူက လုပ်ချင်သလိုလုပ်ပိုင်ခွင့်ရှိသည်။ ခရီးသည်များ ခရီးသွားခွင့်ရှိပြီး မော်တော်ကားများလည်း မှောက်ချင်သလို မှောက်ခွင့်ရှိသည်။ တရားစွဲဆိုခံသူများက တရားစွဲဆိုခံရပြီး တရားစွဲသူများက စိတ်ကြိုက်ပုဒ်မတပ် တရားစွဲခွင့်ရှိသည်။ ဟုတ်တာလုပ်ပြီး စိတ်ညစ်ခွင့်ရှိသလို မဟုတ်တာ လုပ်နေသူများလည်း ပျော်ရွှင်ခွင့်ရှိသည်။ ထိုတိုင်းပြည်သည် စိတ်ညစ်သူများ စိတ်ညစ်ခွင့်ရှိပြီး ပျော်ရွှင်သူများ အတိုင်းမသိ ပျော်ရွှင်နိုင်သောတိုင်းပြည် ဖြစ်သည်။ ထို့ကြောင့် ထိုတိုင်းပြည်သည် လုပ်ချင်ရာလုပ်ခွင့်ရသော တိုင်းပြည်ဖြစ်သည်။ သင် ပျော်ရွှင်က ပျော်ရွှင်နိုင်ပြီး ဝမ်းနည်းလိုပါကလည်း ဝမ်းနည်းခွင့်ရှိပါသည်။

စာမျက်နှာ

148

စာအုပ်အရွယ်အစား

5.5 x 0.2 x 8.3 inches

ပုံနှိပ်မှတ်တမ်း

ဆုပြည့်စုံထွန်းစာပေ၊ 2022 ဇန်နဝါရီလ (ဒုတိယ-ကြိမ်)

3 in stock

လုပ်ချင်တာလုပ်ခွင့်ရှိသော တိုင်းပြည် အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Axbi Toni

    ထိန်းချုပ်မှုဆိုတာက အရာရာတိုင်းအတွက်ကောင်းတယ်…
    လုပ်ချင်တာလုပ်လို့ရသောတိုင်းပြည်ဆို..
    အမှန်တကယ် အဓိပ္ပာယ်မရှိဘူးလို့ ကျွန်တော့အမြင်ပြောချင်ပါတယ်..
    အညွှန်းပဲဖတ်ရသေးတော့ အထဲမှာပါတဲ့အဓိပ္ပာယ် ဘာကိုရည်ညွှန်းတယ်ဆိုတာ မသိသေးဘူးလေ..
    ကျွန်တော်ကြိုက်သောစာသားလေး “ထိန်းချုပ်မှုအောက် အလုပ်လုပ်ရတာကောင်းတယ်..”

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published.

အကြည်တော် စာအုပ်များ