နေတစ်ခြမ်းလတစ်ခြမ်း
5000 (ကျပ်)
ဒုံပေခေါ် သင်းသင်းလှိုင်နှင့် ကွာစိခေါ် နှင်းပွင့်ဖြူတို့နှစ်ယောက်ကို မိန်းမတစ်ယောက်ကြောင့် မိန်းကလေးတွေကို အသည်းလိုက်ခွဲရင်း ကျော်ထက်နဲ့ ညီမင်းညိုတို့ သတိပြုမိပြီး နောက်က တကောက်ကောက် လိုက်နေခဲ့တယ်။ စတိုးဆိုင်မှာလုပ်နေတဲ့ သင်းသင်းလှိုင် ကျော်ထက်နှင့် မထင်မှတ်ဘဲ တွေ့ဆုံရင်း သင်းသင်းလှိုင်ကြောင့် ရေမွှေးပုလင်းကျကွဲသွားတာကို ကျော်ထက်က သူ့ကြောင့်ဖြစ်တယ်ဆိုပြီး ရှင်းပေးခဲ့တယ်။ သင်းသင်းလှိုင်က ကွာစိရှိတဲ့ဆိုင်ကို ပြလို့ ညီမင်းညိုတစ်ယောက် ကွာစိရှိတဲ့ဆိုင်ကို သွားရင်း ကွန်ပျူတာစာဝင်စီတော့ ကွာစိက ညီမင်းညိုပြောတဲ့အတိုင်း မစီပေးဘဲ စီပေးလိုက်တဲ့စာကတော့ … ‘ကျွန်တော်ချစ်သော မိန်းမတစ်ယောက် ရှိသည်၊ သူသည် ဖိနပ်မစီးဘဲ မိုးရေထဲ လျှောက်သွားတတ်သည်၊ သူ၏အမည်မှာ ကွာစိဖြစ်သည်၊ ကာလနာကြီး၊ မြွေပွေး ကိုက်ကြီး၊ ချေးကားတိုက်ပြီးမှ ပြောပါ၊ ငရဲကြီးရှစ်ထပ်ကျ၍ တစ်သက်လုံး နှာဂိုဒေါင်ဟု အမည်တွင်ပါစေ၊ ဝက်များလို သင်းကွပ်ခံရပါစေ – ပုံ နှာဘူး’ ဟုပင်။ နောက်ပိုင်း သူတို့လေးယောက် မိတ်ဆွေတွေ ဖြစ်သွားကြပေမဲ့ တစ်ရက်မှာတော့ ညီမင်းညိုက နှင်းပွင့်ဖြူကို ကားတင်ပြေးသောအခါ … “မိုး မိုး ဘာလို့ ရွာ မိုးရွာလို့ ရွာ” ဆိုတဲ့ ဒုံပေနဲ့ ကွာစိဆိုတဲ့ ကောင်မလေးနှစ်ယောက်။ မိန်းမတစ်ယောက်ကြောင့် သူငယ်ချင်းဖြစ်ခဲ့ရတဲ့ ကျော်ထက်နဲ့ ညီမင်းညို။ သူတို့လေးယောက်အကြောင်း ဆရာအကြည်တော်ရဲ့ လွမ်းမောဖွယ်ရာဇာတ်လမ်းလေးတစ်ပုဒ်။
စာမျက်နှာ | 213 |
---|---|
စာအုပ်အရွယ်အစား | 5.5 x 0.5 x 8.3 inches |
ပုံနှိပ်မှတ်တမ်း | ဆုပြည့်စုံထွန်းစာပေ၊ 2022 နိုဝင်ဘာလ(ဒုတိယအကြိမ်) |
2 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ