သစ်ရွက်လှေ

( 0 မှတ်ချက်)

4500 (ကျပ်)

ဖခင်နှင့် မိခင်တို့ နိုင်ငံခြားတွင် ရောက်နေသဖြင့် ဦးလေးဖြစ်သူ အမည်ရင်း သဲမောင် ခေါ် ထူးအိမ်သင်းကို အားကျ၍ ကဗျာဆရာနာမည်ကို အဆန်းမှည့်ထားသော သားအိမ်ခေါင်း နှင့် အတူနေသူ ကျော်ရဲ၊ ဖုန်းတစ်လုံးဖြင့် ဖုန်းသရဲလုပ်မိရာမှ သူ့ကို မိန်းမလာခိုးရန် တောင်းဆိုသည့် ဖုန်းပြန်ဖြေသူ မိန်းကလေး တစ်ယောက်၏ အသံကို ကြားမိရင်း တကယ်သွားရောက်ခိုးယူခဲ့သူ၊ ငယ်ငယ်ကတည်းက မျိုးရိုးဗီဇမပါဘဲ လိမ်ညာတတ်သော အကျင့်ရှိ သူ မိန်းမချောလေး မြမဉ္ဇူ၊ ဖခင်ပေးစားသူကို မယူချင်၍ ဖုန်းဆက်လာသော ‌ကျော်ရဲကို လာရောက်ခိုးယူခိုင်းသူ၊ ကျော်ရဲနှင့် ကရဝိက်တွင် တွေ့ဆုံခြင်း ဖခင်၏ လက်မှ လွတ်အောင်ပြေး၍ အသိအကျွမ်းများအား မျိုးစုံ လိမ်လည်လှည့်ဖျား၍ ကျော်ရဲကိုပါ အရူးလုပ်ခဲ့သူ၊ ကျော်ရဲတစ်ယောက် မြမဉ္ဇူ၏ ဖခင် ဦးကျော်မင်းဆွေနှင့် တွေ့ဆုံပြီးနောက် အဖြစ်မှန်သိရင်း မြမဉ္ဇူကို ချစ်မြတ်နိုးခဲ့ပြီး သူမ၏ အကျင့်ဆိုးကို ဖြေဖျောက်ပေးခဲ့ပြီးနောက် သူနှင့် လက်ထပ်ရန် ကြိုးစားခဲ့သည်။ သူတို့နှစ်ဦး၏ စေ့စပ်ပွဲတွင် ဖခင်သဘောတူခဲ့သော ကိုတင်ဆွေ၏ နှောင့်ယှက်မှုကြောင့် ချစ်သူနှစ်ဦး ဝေးကွာခဲ့ကာ စေ့စပ်စာချုပ်တွင် လက်မှတ်ထိုးပြီး ဆုတ်ဖြဲထားသော စာချုပ်တွင် မိမိလက်မှတ်ထိုးကာ သေချာ ပြန်လည်ကပ်ထား၍ နိုင်ငံခြားထွက်သွားသော ချစ်သူ့အလာကို စောင့်မျှော်နေသူတစ်ဦးအကြောင်း ဆရာအကြည်တော်၏ ဟာသ, အဆွေး ဇာတ်လမ်းစာအုပ်လေး ဖြစ်သည်။

စာမျက်နှာ

184

စာအုပ်အရွယ်အစား

5.5 x 0.5 x 8.3 inches

ပုံနှိပ်မှတ်တမ်း

ဆုပြည့်စုံထွန်းစာပေ 2021 ဇွန်လ (ဒုတိယ-ကြိမ်)

စျေးနှုန်းအပြောင်းအလဲ

2.5.2023 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 4500 စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။

3 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“သစ်ရွက်လှေ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

အကြည်တော် စာအုပ်များ