တိမ်မင်းသမီးရဲ့ မိုနိုပိုလီ

( 0 မှတ်ချက်)

5000 (ကျပ်)

မွေးကတည်းက သူတောင်းစားအချင်းချင်း ပြန်ကြည့်ပြီး … ”သူတောင်းစားရုပ်” လို့ ထအော်ရလောက်တဲ့ထိ ပါရမီကောင်းခဲ့သူ၊ ကြွားပြောစရာလည်းမလို ငါ့ကိုယ်ငါလည်း အကြိမ်ကြိမ်ဆန်းစစ်ခဲ့ပြီး … ကိုယ့်မျက်ခွက် ကိုယ် လက်ညှိုးပြန်ထိုးပြီး … ”ပီဘိ သူတောင်းစားရုပ်” လို့ ပြောယူရသူ။ လေယူလေသိမ်း၊ ပါရမီ၊ ရုပ်ခံ၊ တီထွင်ကြံဆမှု၊ ဉာဏ်ရည်ဉာဏ်သွေး၊ တိကျသေသပ်မှုတို့နဲ့ ပေါင်းစပ်လို့ သူတောင်းစားတစ်ကြောမှာ သင်တန်း ဆရာလည်း ဖြစ်ခဲ့ဖူးတဲ့ ပိုလီတစ်ယောက် အက်ဆီဒင့်တစ်ခုကြောင့် မျက်လုံးတစ်ဖက် တိမ်စွဲနေသော ဘုဆိုတဲ့ ကောင်မလေးကို သံယောဇဉ်ရှိပြီး ချစ်မိသွားတဲ့အခါ အရွယ်ရောက်လာတော့ သူတောင်းစားမျိုးရိုးကြီးမှ ဆင်းသက်လာသူဖြစ်ပေမဲ့ သူတောင်းစားအလုပ်ကို ဆက်မလုပ်ဘဲ မသန်တဲ့ခြေတစ်ဖက်နဲ့ပဲ အုတ်သယ်ခဲသယ် လုပ်ခဲ့သူ၊ သန်းဘုရဲ့ မျက်လုံးတိမ်ကို အခမဲ့ခွဲစိတ်ကုသသူများထံမှာ ပြသပေးပြီး ပျောက်ကင်းအောင် ကုသပေးပြီးတဲ့နောက် ဘုရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ ကေတီဗီမယ်ဆန္ဒကို လိုက်လျောခဲ့သလို သူလည်း သူဖြစ်ချင်သော စပယ်ယာအလုပ်လုပ်ပြီး ဝေးကွာခဲ့ကြတဲ့သူတို့နှစ်ယောက် ဘယ်လိုပြန်ဆုံကြမလဲဆိုတာကို ဒီစာအုပ်လေးထဲမှာ ဖတ်ရှုကြရမှာပါ။

စာမျက်နှာ

132

စာအုပ်အရွယ်အစား

5.5 x 0.3 x 8.2 inches

ပုံနှိပ်မှတ်တမ်း

ဆုပြည့်စုံထွန်းစာပေ၊ 2023 ဧပြီလ (ဒုတိယအကြိမ်)

2 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“တိမ်မင်းသမီးရဲ့ မိုနိုပိုလီ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

အကြည်တော် စာအုပ်များ