ကင်မီလီ
6000 (ကျပ်)
“ကင်မီလီ” သည် ပြင်သစ်ဝတ္ထုဖြစ်သည်။ ပြင်သစ်ဘာသာဖြင့် စတင်ထုတ်ဝေခဲ့သည့် ၁၈၄၈ခုနှစ်မှစ၍ ယနေ့အချိန်အထိ မရိုးနိုင်သော ဂန္တဝင် အချစ်ဝတ္ထုအဖြစ်ဖြင့် ပြင်သစ်နိုင်ငံတွင် ထင်ရှားဆဲဖြစ်သည်။ စတင်ထုတ်ဝေခဲ့သော အချိန်မှစ၍ ခေတ်အဆက်ဆက် ပြင်သစ်နိုင်ငံ၏ “ဘက်ဆဲလား” ဟုခေါ်သော အရောင်းရ အတွင်ကျယ်ဆုံး စာအုပ်အဖြစ်ရပ်တည်ဆဲဖြစ်သည်။ “ကင်မီလီ” ကို အင်္ဂလိပ်ဘာသာဖြင့် စတင်ထုတ်ဝေသောနှစ်မှာ ၁၉၀၂ ခုနှစ်ဖြစ်သည်။ ထိုအချိန်မှစ၍ “ကင်မီလီ”သည် ကမ္ဘာ့စာပေသမိုင်းတွင် ထင်ရှားသော ဂန္တဝင်အချစ်ဝတ္ထုဖြစ်လာခဲ့ပြန်သည်။ ဘာသာမျိုးစုံသို့ ပြန်ဆိုခဲ့သည်။ နိုင်ငံတိုင်းက နှစ်သက်လက်ခံသော ဝတ္ထုတစ်ပုဒ်အဖြစ် ကျော်ကြားခဲ့ပြန်လေသည်။
ဤဝတ္ထုထဲမှ အဓိကဇာတ်ဆောင်ဖြစ်သည့် မာဂရက်သည် ကင်မီလီပန်းကို အလွန်မြတ်နိုးသည်။ ကင်မီလီပန်းမှလွဲ၍ အခြားဘယ်ပန်းကိုမှ မပန်။ ကင်မီလီ အဖြူ၊ အနီနှင့် ပန်းရောင်သုံးမျိုးစလုံးကို သူ့ရက်နှင့်သူ အလှည့်ကျပန်သည်။ ဤသို့ဖြင့် မာဂရက်နှင့် ကင်မီလီပန်းသည် ခွဲခြားမရဖြစ်လာသည်။ သူမအလှကိုပင် ကင်မီလီပန်းအလှနှင့် နှိုင်းယှဉ်တင်စားလာကြသည်။
“ကင်မီလီ” သည် အထိုးအကြိတ်၊ အပစ်အခတ် နှင့် အသတ်အဖြတ်များသော လျှို့ဝှက်သည်းဖိုဝတ္ထုမဟုတ်ပါ။ စွန့်စားခန်းဝတ္ထုတစ်ပုဒ်လည်းမဟုတ်ပါ။ တစ်မျိုးတစ်ဖုံ နှစ်သက်စရာကောင်းသော အချစ်ဝတ္ထုလေးတစ်ပုဒ်ဟု ဆိုချင်ပါသည်။ လူ့အဖွဲ့အစည်း တစ်ခုအတွင်း၌ အနိမ့်ကျဆုံးဟု ဆိုအပ်သော လူများတွင်လည်း မြင့်မြတ်သော စိတ်နေသဘောထားများ ရှိတတ်ကြောင်းကို ပြသည့် အဖွဲ့အနွဲ့တစ်ရပ်ဖြစ်ပါသည်။ ယနေ့တိုင်မရိုးနိုင်သော ကမ္ဘာ့ဂန္တဝင် အချစ်ဝတ္ထုတစ်ပုဒ်ဖြစ်ပါသည်။
| စာမျက်နှာ | 333 |
|---|---|
| စာအုပ်အရွယ်အစား | 5. x 0.6 x 8.2 inches |
| ပုံနှိပ်မှတ်တမ်း | စိတ်ကူးချိုချိုစာပေ၊ 2022 ဇွန်လ (ပဉ္စမ-ကြိမ်) |
| စျေးနှုန်းအပြောင်းအလဲ | 1.6.2022 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် ၆၀၀၀ စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။ |
Out of stock



ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ