
ဇာစ်မြစ်
27000 (ကျပ်)
ဇာစ်မြစ်၏မူရင်း၀တ္ထု Roots ကို ၁၉၇၃ ခုနှစ်က အမေရိကန်တွင် စတင်ထုတ်ဝေခဲ့ရာ အရောင်းရဆုံး စာရင်းဝင်ပြီး လူကြိုက်များ၍ ထူးခြားထင်ရှားသည့် အစဉ်အလာကြီးမားသော ၀တ္ထုကြီးအဖြစ် ကမ္ဘာကျော်ခဲ့ပါသည်။ စာအုပ်အရေအတွက် သန်းပေါင်းများစွာ ထုတ်ဝေခဲ့ပြီး ဘာသာပေါင်း ၃၀ ကျော်သို့လည်း ပြန်ဆိုထားပြီး ဖြစ်ပါသည်။
ဤ၀တ္ထု၏ ဇာတ်ကောင်များသည် အာဖရိကတိုက်သားများဖြစ်ကြသည်။ သူတို့သည် ငယ်ခါငယ်ဓလေ့၊ ကြီးခါကြီးဓလေ့ ပျော်မွေ့စွာနေထိုင်ခဲ့ကြသည်။ သို့သော်လည်း လူလူချင်း အနိုင်အထက် ကျွန်ပြုသည့် စနစ်ဆိုးကြီး အာဖရိကတိုက်သို့ ကျရောက်လွှမ်းခြုံလာသော အခါတွင်မူ ငြိမ်သက်အေးချမ်းသော သူတို့၏ဘ၀များသည့် စိတ်ထိခိုက်သွေးပျက်ဖွယ်အတိ မုန်တိုင်းကျခဲ့ရတော့သည်။
ဤစာအုပ်သည် စာဖတ်သူအား အာဖရိကသားတို့၏ ကြမ်းတမ်းခက်ထန်လှသည့် ဘ၀ကို ရင်တနင့်နင့်၊ ရင်တနာနာဖြင့် မျှဝေခံစားစေနိုင်ပါလိမ့်မည်။
| စာမျက်နှာ | 747 |
|---|---|
| စာအုပ်အရွယ်အစား | 5.2 x 1.7 x 8.2 inches |
| ပုံနှိပ်မှတ်တမ်း | စိတ်ကူးချိုချိုစာပေ၊ 2017 ဧပြီလ (တ-ကြိမ်) |
| စျေးနှုန်းအပြောင်းအလဲ | 19.2.2026 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 27000 စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။ |
2 in stock


Thawng Cung –
စာအုပ်ကထူပေမယ့် အရမ်းကောင်းပါတယ် ဆရာရဲ့ဘာသာပြန်အရေးအသားနဲ့ဆိုတော့ မအီဘူးဗျ
လူမဲတွေရဲ့ကျွန်စနစ် ဘဝ က ဘယ်လိုလဲဆိုတာ ထဲထဲဝင်ဝင် သိရလို့ ဗဟုသုတရ တဲ့ စာအုပ်ကောင်းတစ်အုပ်လို့ပြောချင်ပါတယ်။
အမည်မသိ –
ဇာတ်အိမ်အဖွဲ့က စင်းတဲ့အတွက် အရိုးနည်းတဲ့ငါးကို စားရသလိုပဲ ဖတ်ရတာ ချောပါတယ်။ ဆရာရဲ့ ဘာသာပြန်ဟန်နှင့်ကလည်း ဟပ်မိတယ်။ ဒီစာအုပ်က ဝတ္ထုဆိုတာထက် လူမဲတို့ရဲ့သမိုင်းမှတ်တမ်း တစ်ခုဆိုလည်းမမှားပါဘူး ။ မြန်မာစာပေအဝန်းအဝိုင်းမှာ ရှိသင့်ရှိထိုက်တဲ့ စာအုပ်တစ်အုပ်ကို တစ်အိမ်ဖြည့်ပေးလိုက်တာဖြစ်တဲ့အတွက် စာဖတ်ရင်းပီတိဖြစ်ရသလို ဆရာနှင့်တကွ ထုတ်ဝေသူကိုလည်း ကျေးဇူးတင်ရှိရပါတယ်။