ဆိုင်ဂုံ

( 1 မှတ်ချက်)

20000 (ကျပ်)

“ဆိုင်ဂုံ”ဟု အမည်ပေးထားသော ဤ၀တ္ထုကြီးသည် “ဗီယက်နမ်”နိုင်ငံကို နောက်ခံပြု၍ ရေးဖွဲ့ထားသော ၀တ္ထုကြီးဖြစ်သည်။ တစ်နည်း ဗီယက်နမ်ပြည်သူတို့၏ နိုင်ငံရေးဘ၀၊စီးပွားရေးဈ ဘာသာရေးဘ၀၊ လူမှုရေးဘ၀နှင့် စစ်ရေးဘ၀များကို နောက်ခံကျောရိုးအဖြစ်ထားတာ မျိုးမတူသော မိသားစုလေးစု၏ မျိုးဆက်သုံးဆက်ရင်ဆိုင်ဖြတ်သန်းခဲ့ကြရသော ပျော်စရာရွှင်စရာများ၊ ကြည်နူးစရာ ဝမ်းသာစရာများဈ စိတ်နှလုံးသာယာချမ်းမြေ့စရာများ၊ ရင်မောဖွယ်ရာများနှင့် လွမ်းမောတသစရာများကို တသသဖြစ်နေအောင် ကလောင်စွမ်းထက်ထက်ဖြင့် ရေးဖွဲ့ထားသော ၀တ္ထုကြီးဖြစ်သည်။ ဤ၀တ္ထုကြီးတွင် ရိုးသားအေးဆေးသော၊ အသိပညာဗဟုသုတကင်းမဲ့သော၊ ကိုလိုနီနယ်ချဲ့ ပြင်သစ်တို့၏ အဖိအနှိပ် အချုပ်အချယ်ကို အလူးအလှိမ့်ခံနေကြသော၊ မိမိတို့လူမျိုးခေါင်းဆောင်ဆိုသူ လူတစ်စု၏ လက်ဝဲလက်ယာ အစွန်းရောက်မှုများဒဏ်ကို ခံနေကြရှာသော ဗီယက်နမ်ပြည်သူတို့၏ဘ၀ကို အပီအပြင် မြင်တွေ့ကြရလိမ့်မည်ဖြစ်သည်။

စာမျက်နှာ

1098

စာအုပ်အရွယ်အစား

6 x 1.5 x 9 inches

ပုံနှိပ်မှတ်တမ်း

စိတ်ကူးချိုချိုစာပေ၊ 2010 ဇူလိုင်လ

စျေးနှုန်းအပြောင်းအလဲ

1.10.2022 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 20000 စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။

Out of stock

ဆိုင်ဂုံ အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Min Thet Paing

    ဗီယက်နမ်တွေရဲ့စိတ်ဓာတ်နဲ့ ဗီယက်နမ်ပြည်တွင်းစစ်အကြောင်း သိခွင့်ရမယ့်စာအုပ်ကောင်းလေးပါ။ဖတ်မိရင် လက်ကချဖို့မလွယ်လောက်အောင် ဆွဲဆောင်မှုရှိတဲ့ စာအုပ်လေးပါပဲ။

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

မောင်ထွန်းသူ စာအုပ်များ