ခံစားချက်များရဲ့လှပခြင်း
7000 (ကျပ်)
စိတ်ဟာ ထိန်းချုပ်လို့ရတဲ့အရာမဟုတ်ဘူး အသက်ကြီးလာတိုင်း ရင့်ကျက်လာပြီးနောက်လည်း အမြဲရင့်ကျက်နေတာမရှိဘူး။
တစ်ခါတလေ အတိတ်က အမှားတွေက ရုတ်တရတ်ပြန်ဝင်လာပြီး စိတ်အနှောင့်အယှက်ဖြစ်ရတာရှိမယ်။ စိုးရိမ်ပူပန်မှုတွေက ဘက်ပေါင်းစုံဝင်လာတာရှိမယ်။ စိတ်ခံစားချက်ကိုမထိန်းချုပ်နိုင်ဘဲ တစ်ဇွတ်ထိုးလုပ်မိတာလည်းရှိမယ် ။
စိတ်ဟာ ကောင်းခြင်းဆိုးခြင်းတွေ ရောထွေးနေပြီ။ အမြဲစိတ်ငြိမ်းချမ်းခြင်းဆိုတာကို ရှာလို့မရဘူး။ အခုခဏတွေ့ပြီး ခဏနေရင်ပြန်မငြိမ်ချမ်းတာမျိုးလည်းဖြစ်နိုင်တယ်။ တစ်ခုပဲ ကျွန်တော်တို့ထိန်းချုပ်နိုင်သလောက်ထိန်းချုပ်ပြီး ကိုယ့်စိတ်ဟာ ကိုယ့်ကို မထိန်းချုပ်နေဖို့လိုတယ်။
ဒါကြောင့် သင့်စိတ်ကာစိတ်ဖိစီးမှုတွေ ပေးနေလို့ သင့်စိတ်က အဆင်မပြေမှုတွေပဲ တွေးနေလို့ ပိုစိတ်မညစ်နဲ့
ခံစားချက်ရဲ့ အသံကို နားထောင်ကြည့်ပါ အဲ့နောက် ခံစားထိုက်တဲ့အရာတွေ (ဝမ်းနည်းခြင်း စိတ်တိုခြင်း) စတာတွေကို ခံစားခွင့်ပေးလိုက်ပါ ။ ပြီးရင် ဘဝကို ရှေ့ဆက်ပါ ။
ကောင်းတဲ့ခံစားချက်တွေကိုပဲ ခံစားခွင့်ရှိတာမဟုတ်ပါဘူး မကောင်းတဲ့ခံစားချက်တွေကိုလည်း ခံစားခွင့်ရှိပါတယ် ။
| စာမျက်နှာ | 120 |
|---|---|
| စာအုပ်အရွယ်အစား | 5.3 x 0.3 x 7.6 inches |
| ပုံနှိပ်မှတ်တမ်း | ကိုလတ်စာပေ၊ 2024 ဩဂုတ်လ |
7 in stock (can be backordered)








ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ