သာ၍ကြီးမြတ်ခြင်းလာနေပြီ
12000 (ကျပ်)
‘’သာ၍ကြီးမြတ်ခြင်းလာနေပြီ’’ စာအုပ်တွင် New York Times ရောင်းအားအကောင်းဆုံး စာရေးဆရာ Joel Osteen က လက်ရှိအခြေအနေကို သိမြင်နားလည်ပြီး အရှေ့မှာရှိတဲ့ အကောင်းဆုံးအရာအတွက် မဆုတ်မနစ်ရယူဖို့ တိုက်တွန်းလှုံ့ဆော်ထားပါတယ်။သင်ဘာပဲကြုံတွေ့နေပါစေ၊ ယုံကြည်ခြင်း မပျက်သွားပါနဲ့၊ အိပ်မက်တွေအပေါ် အရှုံးမပေးလိုက်ပါနဲ့။ သင့်အတွက် သာ၍ကြီးမြတ်ခြင်း လာနေပြီ။ သာ၍ကြီးတဲ့ – ဝမ်းမြောက်ခြင်း၊ အားအင်၊ ပေါင်းသင်းဆက်ဆံရေး၊ အခွင့်အလမ်း၊ အောင်မြင်ခြင်း၊ ငြိမ်သက်ခြင်းတွေဟာ သင့်အတွက်ပါ။ သင်စောင့်မျှော်နေတဲ့အရာ၊ သင်ကြိုးစားနေတဲ့အရာ လာနေပြီ။ သင့်ဇာတ်လမ်း အဆုံးသတ်ဖို့ အဝေးကြီး လိုပါသေးတယ်။ အကောင်းဆုံးအရာ လာနေပြီ။အသစ်သော တိုးပွားခြင်း၊ လွယ်ကူသက်သာခြင်း၊ ဝမ်းမြောက်ခြင်းတွေ တွေ့ရှိရတော့မှာဖြစ်လို့ အရှုံးမပေးလိုက်နဲ့။ အရှေ့မှာရှိတဲ့ အောင်မြင်ကျော်လွှားခြင်းကို လှမ်းကြည့်ပြီး နည်းနည်းတောင့်ခံထားပါ။ သာ၍ကြီးမြတ်ခြင်း လာနေပြီ။
| စာမျက်နှာ | 240 |
|---|---|
| စာအုပ်အရွယ်အစား | 5.2 × 0.6 × 8.1 inches |
| ပုံနှိပ်မှတ်တမ်း | M.E.T၊ 2022 နိုဝင်ဘာလ (ပထမအကြိမ်) |
| စျေးနှုန်းအပြောင်းအလဲ | 27.9.2024 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 12000 စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။ |
Out of stock





ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ