သင့်နေ့ရက်ကိုအုပ်စိုးပါ

( 0 မှတ်ချက်)

4000 (ကျပ်)

#1 New York Times ရောင်းအားအကောင်းဆုံး စာရေးဆရာဖြစ်ပြီး Lakewood ဘုရားကျောင်း၏ သင်းအုပ်ဆရာ Joel Osteen (ဂျိုးလ် အိုစတင်းန်) က စာဖတ်သူတွေရဲ့နေ့ရက်တွေကို ယုံကြည်ခြင်း၊ ချီးမွမ်းခြင်း၊ အောင်မြင်ခြင်းနဲ့ ပြည့်၀စေဖို့ သင်ကြားထားပါတယ်။

အခိုက်အတန့်တိုင်း အဓိပ္ပာယ်ရှိဖို့၊ အကောင်းဆုံးဘ၀ ရရှိဖို့၊ အကျိုးရှိတဲ့ဆက်ဆံရေး ဖြစ်ဖို့ ၊ အိပ်မက်တွေပြည့်စုံဖို့ သင်အလိုရှိမှာပါ။ ဒါပေမယ့် အာရုံလွဲစရာတွေ၊ နှောင့်နှေးတာတွေ၊ စိတ်ပျက်စရာတွေက သင့်အကြံအစည်တွေကို အမြဲတိုက်ခိုက်နေပြီး သင့်ရည်ရွယ်ချက်တွေကို ပျက်ပြားစေမှာပါ။ ဖြစ်သမျှအရာအားလုံးကို သင်မထိန်းချုပ်နိုင်ပေမယ့် မထင်မှတ်ထားတဲ့အရာတွေအပေါ် သင့်စိတ်ထား၊ ခံစားချက်၊ အတွေး၊ လုပ်ရက်တွေကို သင်ထိန်းချုပ်နိုင်ပါတယ်။

ဒီစာအုပ်မှာ Joel Osteen က ရည်ရွယ်ချက်ရှိရှိ သင့်နေ့ရက်ကို အုပ်စိုးတတ်ဖို့ အဓိက (၆)ချက်ကို ညွန်းထားပါတယ်။ မှားယွင်းတဲ့အတွေးတွေကို သိထားဖို့၊ အနာဂတ်အပေါ် ရူပါရုံထားရှိဖို့၊ အခြေအနေတွေ အထက်မှာရှိဖို့၊ မကောင်းတဲ့အရာတွေမှ သင့်နှလုံးသားနဲ့ စိတ်ထားကို စောင့်ရှောက်ဖို့၊ အာရုံမများပဲ အရေးကြီးဆုံးအရာကိုသာ စိတ်စွဲဖို့ သင်ကြားပေးထားတယ်။

ဘုရားပေးထားတဲ့ အစွမ်းအစတွေကို သုံးပြီး သင့်အချိန်ကို တန်ဖိုးထားမယ်ဆိုရင် စိတ်ပျက်မှုတွေမှ ပြန်ထနိုင်မယ်၊ သင့်အနားတဝိုက် အဆိပ်အတောက်အတွေးတွေ မဝင်လာဖို့ တားဆီးနိုင်မယ်၊ တောက်ပတဲ့အနာဂတ်နေ့ရက်ဆီ အပြည့်အ၀ ပျော်ရွှင်ခံစားနိုင်မယ်။ သင်က အောင်မြင်ကြွယ်၀နိုင်သူဖြစ်လို့ သာမန်အသက်ရှင်ရုံမျှ အထိုင်မကျလိုက်နဲ့။ သင့်နေ့ရက်ကို အုပ်စိုးပါ။

စာမျက်နှာ

95

စာအုပ်အရွယ်အစား

5.5 × 0.2 × 8 inches

ပုံနှိပ်မှတ်တမ်း

M.E.T၊ 2022 ဧပြီလ (ပ-ကြိမ်)

4 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“သင့်နေ့ရက်ကိုအုပ်စိုးပါ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published.

M.E.T (mm.eng.translate) စာအုပ်များ