ရဲရဲတောင်း
8000 (ကျပ်)
သင့်ဆုတောင်းချက်က သင့်ဘ၀ကို ဆုံးဖြတ်ပေးနိုင်တယ်။ သေးငယ်တဲ့ဆုတောင်းချက်၊ သာမန်ဆုတောင်းချက်မျိုး တောင်းလို့ရပါတယ်၊ ဒါမမှားပါဘူး။ ဒါပေမဲ့ ကျမ်းစာမှာ ဘုရားက သင်တောင်းတာ၊ ကြံစည်တာထက် အလွန်ထူးခြားစွာ တတ်စွမ်းနိုင်တယ်လို့ပြောထားတယ်။ သင်က စကြ၀ဠာဖန်ဆင်းရှင်၊ အမြင့်ဆုံးဘုရား၊ ကောင်းကင်အဖထံမှာ ကြီးမားတဲ့အရာတွေကို ရဲရဲတောင်းတဲ့အခါ ဘုရားရဲ့ကြီးမြတ်ခြင်းကို မြင်တွေ့ရမှာပါ။
ရဲရဲတောင်းတာကို ဘုရားစိတ်ဝင်စားတယ်။ ရဲရဲတောင်းမှ ကောင်းကင်တမန်တွေ အလုပ်လုပ်တယ်၊ သင်မဖွင့်နိုင်တဲ့တံခါးတွေ ပွင့်စေတယ်၊ မဖြစ်နိုင်တဲ့အခြေအနေတွေ တမျိုးပြောင်းစေတယ်။ ရဲရဲတောင်းတာဟာ သင့်ယုံကြည်ခြင်းကို ထုတ်ပြလိုက်တာပဲ။
သင်က ရဲရဲမတောင်းတတ်ရင်၊ ကြီးကြီးမားမား မတောင်းတတ်ရင် လက်ရှိနေရာမှာ သင်ရပ်တန့်နေမှာပါ။ ရဲရဲမတောင်းခဲ့လို့ နိမိတ်လက္ခဏာတွေ ဘယ်လောက်တောင်လွဲခဲ့ရပြီလဲ။ အခြေအနေတွေ ဘယ်လိုဖြစ်နေပါစေ ဘုရားထံရဲရဲတောင်းပါ။
| စာမျက်နှာ | 113( Creamy paper ) |
|---|---|
| စာအုပ်အရွယ်အစား | 5.2 x 0.3 x 8.1 inches |
| ပုံနှိပ်မှတ်တမ်း | M.E.T စာပေ၊ 2025 ဖေဖော်ဝါရီလ (ပထမအကြိမ်) |
15 in stock





ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ