ချန်ထားရက်လေသော…
2500 (ကျပ်)
ကျွန်တော်တစ်ခါတလေ ကိုယ့်ကိုယ်ကိုယ် မီးရထားတစ်စင်းလို တွေးကြည့်ဖူးတယ်။ ပြေးလမ်းတစ်ခုပေါ်မှာ မောင်းလိုက်၊ ဘူတာရုံလေးတစ်ခုမှာ ရပ်လိုက်နဲ့ ပုံမှန်ခုတ်မောင်းနေတဲ့ မီးရထားတစ်စီးပေါ့။ ရထားတစ်စင်းလို ကျွန်တော့်ဘဝထဲမှာ လူတချို့ကို အချိန်အတိုင်းအတာတစ်ခုအထိ သယ်ဆောင်ခဲ့ပြီး တချို့နေရာမှာတော့ ကျွန်တော်သူတို့ကို ထွက်သွားခွင့်ပြုခဲ့ရပါတယ်။ အဲဒီလိုခုတ်မောင်းလာရင်းပဲ ကျွန်တော့်ကို ချန်ထားရစ်ခဲ့တဲ့သူတွေ၊ ကျွန်တော်ကိုယ်တိုင်က ချန်ထားခဲ့ရတဲ့သူတွေဟာ တဖြည်းဖြည်းများပြားလာပါတယ်။ဒါကြောင့်ပဲ ကျွန်တော်ဝမ်းနည်းစွာနဲ့ ချန်ထားရက်လေသော . . . ဆိုတဲ့ ဒီစာအုပ်လေးကို ရေးမိတာပါ။ ဒါပေမဲ့လည်း ကျွန်တော့်ကို ချန်ထားရက်ခဲ့တဲ့ သူတွေကို ကျွန်တော်မုန်းလည်း မမုန်းသလို၊ စိတ်လည်း မနာပါဘူး။ ကျွန်တော်တို့ လွန်ဆန်လို့မရတဲ့ တွေ့ဆုံကြုံကွဲ ဓမ္မတာအတိုင်းပါပဲ။ လူတိုင်းလူတိုင်းဟာ ကိုယ်ပိုင်မီးရထားတစ်စင်းကို ပျော်ရွှင်စွာ ဆက်လက်မောင်းနှင်နေကြလိမ့်မယ်လို့ ကျွန်တော်ယုံပါတယ်။
စာမျက်နှာ | 100 |
---|---|
စာအုပ်အရွယ်အစား | 5.5× 0.3× 8.4 inches |
ပုံနှိပ်မှတ်တမ်း | ချန့်ချန်စာပေ၊ ၂၀၂၀ ဇူလိုင်လ၊ (ပ-ကြိမ်) |
Out of stock
May Thu Aung –
ဖရော်ဆန်တဲ့ ကိုယ်သိပ်ကြိုက်ခဲ့ရတဲ့ စာရေးဆရာမတစ်ယောက်ကကိုယ့်ရဲ့ professionalက seniorအမတစ်ယောက်ဖြစ်နေခဲ့တယ် သိပ်ကိုချစ်ရပါတယ် စာကြောင်းတစ်ကြောင်းဆီတိုင်းက ရင်ထဲကို ထိသလို အမရဲ့ပြုံးပြဖူးတဲ့အပြုံးလေးတွေကလည်း ခုချိန်ထိရင်ထဲမှာကျန်နေတုန်း..❣️
Forever fan
Hsu Shwe Yee Hnin –
#ချန်ထားရက်လေသော…
ဒီ စာအုပ်လေး ကိုယ့်လက်ထဲ ရောက်ခါစ က ပေါ့..
စာအုပ်ကို ဓာတ်ပုံ ရိုက်ပြီး My Day မှာ တင်လိုက်မိတယ်…
တင်ပြီးပြီးချင်း မှာ ပဲ …
သူငယ်ချင်း တစ်ယောက်က messager မှာ လာငှားတယ်…
‘ အဲ့ စာအုပ်ငှားပါဦးဟ.. ငါ အသည်းကွဲနေတုန်း ဖတ်ပြီး feel ချင်လို့ ‘ တဲ့…
ကိုယ်လဲ သူ့လိုပဲ ထင်ခဲ့တာ ၊ ဒီစာအုပ်မှာ အလွမ်း၊ အဆွေး ၊ အသည်းကွဲ တာတွေပဲ ရေးထားမယ်ပေါ့ ..
ခေါတ်စကား အရ….Ex ကို တမ်းတတဲ့ အကြောင်းတွေ၊
ချန်ထားရက်သူ ချစ်ရည်းစား အတွက် မပြောဖြစ်ခဲ့တဲ့
စကားတွေ ဖြစ်မယ်..
ဒါပေမဲ့ ကိုယ့်အထင်ဟာ တစ်ဝက်တောင် မှန်မနေခဲ့ပါဘူး…
ချန်ထားရက်ခဲ့တာ ချစ်ရည်းစား တင်မဟုတ်ပါလား..
လက်တွေ့ဆန်လွန်း လိုက်တာ…
ဖတ်ကြည့်လေလေ…နင့်ခနဲ ခံစားရလေလေ
ကိုယ်နဲ့ တိုက်ဆိုင်နေလို့ပဲ ကိုယ့်ကို မျက်ရည်ကျစေ
ခဲ့တာလား…
? ‘သမီး သူငယ်ချင်းတစ်ယောက် ကို ဆုံးရှုံးလိုက်ရပြီ မေမေရေ…’ တဲ့
ကျွန်မ တခြားလူတွေရဲ့ Dark side မဖြစ်ချင်တော့ဘူး
ဆိုတာမျိုး…
( လက်တွေ့မှာ ဖြစ်တတ်တဲ့ အခင်ရဆုံးသူငယ်ချင်းကနေ သူစိမ်းဖြစ်သွားခဲ့တာတွေ)
? ကျွန်မရဲ့ မေတ္တာ နဲ့ တစ်ပင်ချင်း ရစ်နှောင်ခဲ့ပါသော
နှစ်ချောင်းထိုး ဝါးတံရဲ့ ထိပ်ဖျားမှာ..
လက်ချောင်း လေးတွေဟာ ခပ်သွက်သွက်ပြေးလွှားလို့..
လက်ထိပ်လေးတွေ နာကျင်နေသည့်တိုင်
ပျော်ရွှင်နေမိသော…
မာဖလာလေးဟာ ပြသခွင့် မရတဲ့ မေတ္တာ..
(အရိုးဆုံးက အဆန်းဆုံးပါပဲ…
ရိုးရိုးရှင်းရှင်းနဲ့ ထိမိတဲ့ စာသား
မျက်လုံးထဲမှာ ပုံဖော်နိုင်အောင် ရေးသားနိုင်စွမ်းကို
တကယ်ပဲ လေးစားမိပါရဲ့…)
? လူဆိုတာ ‘ပြေးလမ်းတစ်ခုပေါ်မှာ သွားလိုက်
ဘူတာရုံလေးတစ်ခုမှာ ရပ်လိုက်နဲ့
ပုံမှန် ခုတ်မောင်းနေတဲ့ မီးရထားတစ်စင်း ‘လို့ ဆရာမ က ပြောတယ်..
ဒါဆို ဘယ်အချိန် ၊ ဘယ်ဘူတာမှာ အဆုံးသတ်မလဲ
ကျွန်မဖြင့် သိချင်လိုက်တာ…
? ဘယ်အရပ်မှာပဲ လင်းလင်းပေါ့
အဓိက က ကျွန်တော့် ကြယ် လေး ဖြစ်နေဖို့ပဲ လိုတာပါ
(ချစ်ခြင်းမေတ္တာဟာ ပျော်စေချင်ရုံ သက်သက် ပါလား)
? သမီးကို ချစ်ပါ မေမေ
နောင်ဘဝကျ သမီး ပိုလိမ်မာပါ့မယ်…တဲ့
ဒီ အပိုင်းက ရင်အနင့်ဆုံး…
ဟယ်..ဆိုပြီး နှစ်ခါ ပြန်ဖတ်ခဲ့ရတာ သတိရမိပါသေးတယ်…
ဒီစာအုပ်လေးကို အဆုံးထိ သေချာဖတ်ပြီးတဲ့ နောက်မှာ..
စာအုပ်လာငှားတဲ့ သူငယ်ချင်း ကို သေချာ ပြန်ပြောလိုက်ပါတယ်…
အသည်းကွဲလို့ Feel ချင်တယ်ဆို မဖတ်နဲ့ သူငယ်ချင်းလို့…
ဟုတ်တယ်လေ…
အသည်းကွဲ လို့ သူ မငိုဘဲ..
ဒီစာအုပ်ဖတ်ပြီး ငိုနေမှ ကျွန်မ လိုက်ချော့နေရပါဦးမယ်…
#ချန်ထားရက်လေသော
#စာရေးသူ- ဖရော်ဆန်
#hsushweyeehnin
#ကျွန်မဖတ်ဖူးသောစာအုပ်တချို့