ဘဝခွန်အား စိတ်ခွန်အား

( 0 မှတ်ချက်)

5000 (ကျပ်)

“ဘဝခွန်အားစိတ်ခွန်အား”စာအုပ်ဟာ ဆရာကောင်းပြည့်သော်ရေးသားတဲ့ စိတ်ခွန်အားဖြည့်စာအုပ်အမျိုးအစားဖြစ်ပြီး ပထမအကြိမ်ကတည်းက လူကြိုက်များခဲ့တဲ့စာအုပ်ကလေးဖြစ်ပါတယ်။ ယခုအခါပြန်လည်ပြင်ဆင်မွမ်းမံပြီး ဒုတိယအကြိမ်အဖြစ်ထုတ်ဝေလိုက်တာဖြစ်ပါတယ်။

“လူမှုဘဝတွေထဲက နေ့စဥ်ကြုံတွေ့နေရတဲ့အခက်အခဲတွေကြောင့် စိတ်သောကတွေခံစားနေရာက အမြန်ဆုံးလွတ်မြောက်အောင် ဥပမာပေးရေးသားထားပါတယ်။ မည်သို့သောအခြေခံအကြောင်းတရားနဲ့စိတ်ညစ်နေတယ် စိတ်သောကဖြစ်နေတယ်ဆိုရင် အမြန်ဆုံးဖြေဖျောက်လို့ရတယ်။ စိတ်သောကဖြစ်နေရာကနေ အမြန်ဆုံး ပြန်လည်မြှင့်တင်လို့ရတယ်ဆိုတာကို လွယ်ကူရိုးရှင်းသောနည်းဖြင့် ဘဝထဲကစိတ်ခွန်အားကို ဘဝအတွက်ပြန်လည်ဖြည့်ဆည်းပေးတဲ့ အတွေးအခေါ်စာစုတွေပါ။ စိတ်ချမ်းသာချင်တယ်၊ ပျော်ရွှင်ချင်တယ်ဆိုတာ တမ်းတနေရမှာမဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာအခြေအနေ ပြောင်းလဲသင့်တာကို ပြောင်းလဲလိုက်တာနဲ့ အဆင်ပြေသွားမှာပါ” လို့ ဆရာကောင်းပြည့်သော်ကဆိုထားပါတယ်။

ဘဝခွန်အားစိတ်ခွန်အားစာအုပ်မှာ အခက်အခဲကြုံတွေ့ရတဲ့ ဘဝတွေထဲကနေ ဘယ်လိုရုံးထွက်လွတ်မြောက်ဖို့ အခွင့်အရေးရှိတယ်ဆိုတဲ့ စာစု(၈)ပုဒ်ကို စုစည်းထားတာဖြစ်ပါတယ်။ အရွယ်သုံးပါးဖတ်သင့်တဲ့စာအုပ်ကောင်းလေးတစ်အုပ်ဖြစ်ပြီး ချစ်ခင်ရသူတွေကို စိတ်ခွန်အားလက်ဆောင်အဖြစ်ပေးဖို့ ရွေးချယ်မယ်ဆိုရင်လည်း အသင့်တော်ဆုံးရွေးချယ်မှုတစ်ခုလို့ ဆိုရမှာပါ။

စာမျက်နှာ

76 (Burma Paper)

စာအုပ်အရွယ်အစား

5.4× 0.2 × 8.2 inches

ပုံနှိပ်မှတ်တမ်း

ဆောင်းစုရတီစာပေ၊ 2025 မတ်လ (ဒုတိယအကြိမ်)

Out of stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ဘဝခွန်အား စိတ်ခွန်အား” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ကောင်းပြည့်သော် စာအုပ်များ