မင်းရဲ့ခက်ခဲမှုတွေကို စိတ်ခွန်အားနဲ့ကျော်ဖြတ်လိုက်ပါ

( 0 မှတ်ချက်)

5000 (ကျပ်)

▫️ ယခုစာအုပ်ဟာ ဆရာကောင်းပြည့်သော်ရေးသားတဲ့ (၁၈)အုပ်မြောက် စာအုပ်အသစ်တစ်အုပ် ဖြစ်ပါတယ်။ ဒီစာအုပ်မှာ အခက်အခဲကို ဖြေရှင်းနည်းနဲ့ စိတ်ခွန်အားဖြည့်စာအပုဒ်(၁၀၀)ကို စုစည်းထားပါတယ်။

”စိတ်ဓါတ်ကျနေတယ်ဆိုရင် မင်းတစ်ယောက်တည်းကွက်ပြီး ဖြစ်နေတယ်လို့ မတွေးပါနဲ့။ သူများတွေလည်း မင်းလိုဖြစ်နေတာရှိပါတယ်။ ဒါပေမယ့် တစ်ချို့တွေက အဲလိုအကြောင်းအရာကို ဆုပ်ကိုင်မထားတဲ့အတွက် သက်သာရာရနေကြတာပါ”

▫️ ”ဘယ်အရာကိုမဆို မထီမဲ့မြင် မပြုသင့်ပါ၊ မထီမဲ့မြင်ပြုခဲ့တဲ့ အရာတွေအားလုံးဟာ တစ်ချိန်ချိန်မှာ ကိုယ့်ကိုပြန်ပြီး ဒုက္ခပေးတတ်ပါတယ်။

▫️ ဘဝမှာ အမှန်တကယ် လိုအပ်တာကလွဲလို့ မမက်မောသင့်ပါဘူး။ မလိုအပ်တာကို မလိုအပ်မှန်းသိပြီး လွှတ်ချသင့်ပါတယ်။ အသုံးမလိုတာတွေ မေ့ဖျောက်ဖို့လိုပါတယ်။ နံနက်မိုးလင်းတာနဲ့ အိမ်သန့်ရှင်းရေးပြုလုပ်သလို စိတ်သန့်ရှင်းရေးလည်း ပြုလုပ်သင့်ပါတယ်။ စိတ်သန့်ရှင်းရေးလုပ်ပါများလာရင် စိတ်အကြည်ဓါတ်တွေ အားကောင်းလာပါလိမ့်မယ်။ စိတ်အကြည်ဓါတ်အားကောင်းလာရင် အလင်းဓာတ်ဖြစ်တာကြောင့် စိတ်ရဲ့အညစ်အကြေးအမှောင်တွေကို ဖြိုခွင်းနိုင်ပါတယ်။

▫️ လုပ်ရပ်တွေ မှန်ကန်လာတဲ့အခါ ရလဒ်တွေလည်း ကောင်းမွန်လာပါလိမ့်မယ်။ ရလဒ်တွေကောင်းမွန်လာတာနဲ့အမျှ စိတ်ရဲ့ပျော်ရွှင်ကျေနပ်မှုတွေ၊ စိတ်ခွန်အားတွေလည်း မလွဲမသွေ ရလာပါလိမ့်မယ်”လို့ ဆရာကောင်းပြည့်သော်က ဆိုထားပါတယ်။

▫️ ဒီစာအုပ်ဟာ အခက်အခဲကို ကျော်လွှားဖို့ စိတ်ခွန်အားဖြည့်စာအုပ်ကောင်းလေးတစ်အုပ်ဖြစ်တာကြောင့် ကိုယ်ဖတ်ဖို့ဖြစ်စေ ချစ်ခင်ရတဲ့ မိတ်ဆွေသူငယ်ချင်းတွေကို လက်ဆောင်ပေးဖို့ဖြစ်စေ အမှန်ကန်ဆုံးရွေးချယ်မှုလို့ ဆိုရမှာပါ။

စာမျက်နှာ

118

စာအုပ်အရွယ်အစား

5.3 x 0.3x 8.2 inches

ပုံနှိပ်မှတ်တမ်း

ဆောင်းစုရတီစာပေ၊ 2023 နိုဝင်ဘာလ

12 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“မင်းရဲ့ခက်ခဲမှုတွေကို စိတ်ခွန်အားနဲ့ကျော်ဖြတ်လိုက်ပါ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

ကောင်းပြည့်သော် စာအုပ်များ