အရည်အချင်းနှင့်အောင်မြင်ကြီးပွားခြင်း
7500 (ကျပ်)
“အရည်အချင်းနှင့် အောင်မြင်ကြီးပွားခြင်း”စာအုပ်ဟာ ဆရာကောင်းပြည့်သော်ရေးသားတဲ့ ပထမဆုံးစာအုပ်ဖြစ်ခဲ့ပြီး ၂၀၁၈ခုနှစ်က ပထမအကြိမ် ထုတ်ဝေခဲ့ပါတယ်။ ပထမအကြိမ်ထုတ်ဝေစဥ်ကလည်း လူကြိုက်အများဆုံးနဲ့ အရောင်းရဆုံး စာအုပ်တစ်အုပ်ဖြစ်ခဲ့ပါတယ်။ ယခုဒုတိယအကြိမ်မှာပြင်ဆင်ဖြည့်စွက်တည်းဖြတ်ပြီး အခမ်းအနားဆုံး အပြင်အဆင်နဲ့ ထွက်ရှိလာတာဖြစ်ပါတယ်။ “အရည်အချင်းနှင့်အောင်မြင်ကြီးပွားခြင်း” စာအုပ်မှာဆိုရင် ” ဆင်းရဲတဲ့အမျိုး ချမ်းသာတဲ့အမျိုးရယ်လို့ သီးသန့်မရှိပါ၊ ကြိုးစားသူဟာ ကြိုးစားသလောက် အောင်မြင်မှာပါ”လို့ ဆရာကောင်းပြည့်သော်က ဆိုထားပါတယ်။
ငွေအရင်းအနှီးမရှိလို့၊ ကျောင်းပညာရေးဆုံးခန်းမတိုင်လို့၊ အလုပ်အကိုင်အခွင့်အလမ်းမရှိလို့ လုပ်ငန်းစတင်ဖို့ ခက်ခဲနေတယ်ဆိုပြီး စိတ်ဓာတ်ကျနေတဲ့ လူငယ်တွေကို ဒီစာအုပ်က စိတ်ခွန်အားတွေ ရရှိစေပါမယ်။
ပုံမှန်လုပ်ခလစာနဲ့ ပုံမှန်ဝင်ငွေနဲ့ ကြီးမြင့်တဲ့ကုန်ဈေးနှုန်းကို ခက်ခက်ခဲခဲ ရင်ဆိုင်နေရပြီး ရှေ့မတိုးနောက်မဆုတ်သာဖြစ်နေတဲ့ စိတ်ပိုင်းဆိုင်ရာမွန်းကြပ်နေတဲ့သူတွေအနေနဲ့ ဒီစာအုပ်ကို ဖတ်ဖြစ်အောင် ဖတ်ကြည့်စေချင်ပါတယ်။ လောကမှာ ဘာမှသုံးစားလို့မရဘူးလို့ ထင်မှတ်ထားတဲ့ ကြွက်သေတစ်ကောင်ကို စတင်ရောင်းချပြီး ရက်ပေါင်း(၁၂၀) အတွင်း သူဌေးကြီးဘဝကို ရောက်ရှိအောင်မြင်သွားပုံတွေ စနစ်တကျတွေးခေါ်မှုနဲ့ စနစ်တကျ ကြိုးစားအားထုတ်မှုတို့ဖြင့် အောင်မြင်မှုကို ရယူနိုင်တယ်။ ဘာတစ်ခုမှ မပိုင်ဆိုင်နိုင်ဘူးဆိုတဲ့သူတောင် ကြွက်သေကို အရင်းအနှီးပြုပြီး လုပ်ငန်းစတင်ရတဲ့သူလောက် ခက်ခဲမည်မထင်ပါ။ ဒါကြောင့် ဒီစာအုပ်ကောင်းကလေးကို ကောင်းလို့ညွှန်းဆိုတာမို့ လက်မလွတ်တမ်း ဖတ်ကြည့်စေချင်ပါတယ်။
စာမျက်နှာ | 220 |
---|---|
စာအုပ်အရွယ်အစား | 5.3 x 0.8 x 8 inches |
ပုံနှိပ်မှတ်တမ်း | ဆောင်းစုရတီ၊ 2023 ဇွန်လ(ဒုတိယကြိမ်) |
26 in stock
Kyaw Myo Hlaing –
ဆရာ ကောင်းပြည့်သော်ရဲ့ အရည်အချင်းနင့်အောင်မြင်ကြီးပွားခြင်းစာအုပ်လေးကိုညွှန်းချင်ပါတယ်
စာအုပ်ထည်းမှာဆိုရင်ဆင်းရဲသားလူငယ်တစ်ယောက် ကြွက်သေတစ်ကောင်အရင်းပြာပြီး လေးလအတွင်း သူဌေးကြီးဖြစ်တစ်ယောက်ဖြစ်သွားတာကိုရည်ညွှန်းထားတာပါ
အောင်မြင်ကြီးပွားချင်ရင်လမ်းစရှာပါ စျေးရောင်းခြင်းအနုပညာခြေလှမ်းတွေကိုစတင်လိုက်ပါ ဆက်တက်ဖို့လှေကားထစ်တွေကိုရှာပါ နေရာတိုင်းအခွင့်အရေးမယူပါနင့် မိတ်ကောင်းဆွေကောင်းပတ်ဝန်းကျင်ကောင်းရှာပါ ကိုဖြစ်ချင်တဲ့အတိုင်းဖြစ်အောင်လုပ်ပါ ခြေလှမ်းတွေကိုမရပ်ပိုက်ပါနင့် ပန်းတိုင်ကိုတနေ့ရောက်မှာပါ အောင်မြင်ချင်ရင် စိတ်ဓာတ်မကျပါနင် အခက်အခဲကို အခွင့်အလမ်းဖြစ်အသုံးချပါ အရင်းအနှီးမရှိလို့ အလုပ်မလုပ် အလုပ်မလုပ်လို့အရင်းအနှီးမရှိတဲ့လူငယ်တွေကို ဒီစာအုပ်က လမ်းမှန်ကိုပို့ပေးနိုင်ပါတယ်…ဖြတ်ကြည့်စမ်းပါဒီစာအုပ်ကို သယံဇာတ ကျိန်စာမိနေ့တဲ့တို့နိုင်ငံကလူငယ်တွေကို တန်ဖိုးရှိ လူသားအရင်းအဖြစ် အောင်လမ်းညွှန်ပေးပါလိမ့်မယ်