ဘုရင်ဖြစ်မယ့်လက်ညှိုး
5000 (ကျပ်)
ဆရာကောင်းပြည့်သော် ၏ ဘုရင်ဖြစ်မယ့်လက်ညိုး စာအုပ်ဟာ အမျိုးသားပညာဝန် ဆရာကြီး ဦးဖိုးကျား ရေးသားပြုစုထားသော “မြန်မာ့ဂုဏ်ရည် ရာဇဝင်သမိုင်းဖတ်စာ”စာအုပ်ထဲမှ “ဉာဏ်သွားသောမွန်လူမျိုး မဂဒူး(ဝါရီရူးမင်း)” ကို ကျောရိုးယူပြီး ရေးသားပြုစုထားတာပဲ ဖြစ်ပါတယ်..
ယခုစာအုပ်လေးဟာ
(၁)စနစ်တကျတွေးခေါ်မှုနှင့် စနစ်တကျကြိုးစား
အားထုတ်ခြင်း
(၂)စိန်ခေါ်မှုအခက်အခဲကို ရင်ဆိုင်ကျော်ဖြတ်ခြင်း
(၃)ပညာနှင့် ပညာရင်းနှ်ီးမြုပ်နှံမှုပြုခြင်း
(၄)ပတ်ဝန်းကျင်ကောင်းတည်ဆောက်ခြင်း
(၅)နေပျော်တဲ့ဘဝအခြေအနေကို တည်ဆောက်ြ်ခင်း စတဲ့ အချက်(၅)ချက်ကို အခြေခံပြီး စနစ်တကျတွေးခေါ်မှုကို ထောင့်ပေါင်းစုံကရေးသားဖော်ပြထားတဲ့အတွက် စနစ်တကျတွေးခေါ်မှုပညာကောင်းများလည်း ရရှိနိုင်ပါတယ်။
ရှုပ်ထွေးပြီး စိန်ခေါ်မှုတွေ များသထက်များလာတဲ့လူငယ်တွေရဲ့ နေ့စဉ်လှုပ်ရှားရုန်းကန်နေရမှုတွေကိုစနစ်တကျတွေးခေါ်ပြီး အကောင်းဆုံးကျော်လွှားနိုင်ဖို့ ကျော်မသွားသင့်တဲ့ စာအုပ်
ကောင်းတစ်အုပ်…
စာမျက်နှာ | 294 |
---|---|
စာအုပ်အရွယ်အစား | 5.2 x 0.8 x 8 inches |
ပုံနှိပ်မှတ်တမ်း | ဆောင်းစုရတီ၊ 2019 ဧပြီလ(ပ-ကြိမ်) |
3 in stock
Aye Mya Mya Naing –
စာအုပ်ရဲ့ရည်ရွယ်ချက်ကကောင်းပါတယ်။အားမရတဲ့အချက်လေးတွေက အကြောင်းအရာတစ်ခုကိုထပ်တလဲလဲ စာများအောင်လုပ်ယူရေးသားထားသလိုဖြစ်နေပါတယ်။ ‘သူငယ်ချင်းရဲ့မိတ်ဆွေတစ်ယောက်ကပြောတယ်’ ဆိုတာမျိုး အဆင့်ဆင့်ခံနေတဲ့ရေးဟန်တချို့ကြောင့် စာမချောတာမျိုး၊ ဟင်းနုနယ်စေ့ရောင်းသူဟာ သက်လတ်ပိုင်းအမျိုးသမီး ဖြစ်လိမ့်မယ် ဆိုတဲ့မသေချာတဲ့ ထင်မြင်ချက်မျိုး တွေလိုတာထက်ပိုပါနေတာလည်းတွေ့ရပါတယ်။ဇာတ်ဝတ္ထု နဲ့ ဆက်စပ်တွေးခေါ်မှုကို အခြေခံကျတဲ့ အချက်အလက်လေးတွေပဲ ဆွဲထုတ်ပြီး လို၊တို၊ရှင်း တင်ပြမယ်ဆိုရင် စာဖတ်သူလူငယ်တွေ အတွက်ပိုမိုအကျိုးရှိထိရောက်မယ် ထင်မြင်မိပါတယ်။