အရိုင်းဗမာ

( 3 မှတ်ချက်)

8000 (ကျပ်)

ဗုဒ္ဓဘာသာ ဗမာ လူမျိုးရယ်လို့ ဘာသာနှင့် လူမျိုးကို ပူးကပ်၍
အမျိုးသားရေးစိတ်ကို တည်ဆောက်ထားသော လူမျိုးတို့၏
ဇာတ်ကြောင်း အပိုင်းအစ။

စစ်ဓလေ့ကဲ့သော၊ အစွန်းရောက်သော၊ ဥပါဒါန်အစွဲအားကြီးသော
တယူသန်၊ ဇောက်ကန်းစရိုက်ရှိသော ဗမာတို့၏ စရိုက်အကျင့်များကို
ဤ စာအုပ်တွင် ဖတ်ရလိမ့်မည်။

စာမျက်နှာ

293

စာအုပ်အရွယ်အစား

5.1 × 0.7 × 8 inches

ပုံနှိပ်မှတ်တမ်း

2023 ဧပြီလ (ပထမအကြိမ်)

34 in stock

အရိုင်းဗမာ အား ဝေဖန်သုံးသပ်မှု 3 ရှိပါသည်။

  1. Kyaw That Aung

    စာရေးဆရာထဲမှာ ဒီလိုဒဲ့ဝေဖန်ပိုင်းခြားရဲနဲ့အစွမ်းသတ္တိနည်းနည်းရှားပါတယ် ဆရာမင်းသေ့ရဲ့
    အမှန်တရားကိုဝေဖန်ရဲတဲ့အစွမ်းသတ္တိကိုအရမ်းလေးစားစရာပါပဲဗျာ ဒီစာအုပ်ကတော့ အစွန်းရောက်ဗမာတွေကမကြိုက်ကြဘူးထင်ပါတယ် သူတို့ကမြန်မာပြည်ကို ဗမာလိုထင်နေကြတာဗျာ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကို ဗမာနိုင်ငံတော်လို့မှတ်ယူနေကြတာ အထူးသဖြင့်ကျနော်တွေ့ကြုံခဲ့တဲ့ဗမာလူမျိုးခပ်များများက တိုင်းရင်းသားတွေဗမာစကားပြောမပီတာကိုသူတို့ကအမြဲလှောင်ပြောင်တတ်ကြတယ်ဗျာ ပြီးတော့တိုင်းရင်းသားတွေက သူတို့ထက်တဆင့်နိမ့်တယ်လို့ အမြဲမှတ်ထင်ကြတာ အတ္တကြီးကြတဲ့ဗမာလူမျိုးတချို့ကိုပြောတာပါ ဆရာမင်းသေ့ရဲကလောင်အစွမ်းဖတ်ကြည့်ပီးမှပြန်လည်သုံးသပ်ဦးမယ်ဗျာ ကျနော်ကြုံတွေ့ရတဲ့ဗမာလူမျိူးတချို့ကိုပြောတာနော် ဗမာလူမျိုးတိုင်းလဲအရိုင်းဆန်တယ်လို့မဆိုလိုပါဘူး အတ္တကြီးပြီးလူမျိုးရေးခွဲခြားတဲ့လူပပျောက်ပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ဗျာ ကျနော်ကတိုင်းရင်းသားတစ်ယောက်ပါ ဘယ်လူမျိူးကိုမှမုန်းတီးတဲ့စိတ်မရှိပါ ဆရာမင်းသေ့ရဲ့ဒဿနတွေဖတ်ကြရတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်ဆရာ ကိုယ်ကျန်းမာပါစေ စိတ်ချမ်းသာပါစေ လူသားအားလုံးကိုလေးစားပါသည် #အတ္တကြီးတဲ့လူတချို့မပါ

  2. KyawThatAung

    လူမျိုးကြီးဝါဒပပျောက်အောင် ဒီလိုစာတွေလိုအပ်တယ်လို့ မြန်မာပြည်မှာ ဆရာမင်းသေ့ကို လေးစားလျက်ပါ ဆရာ့ရဲ့အမှန်ကိုအမှန်အတိုင်းဝေဖန်ရဲတဲ့စိတ်ကိုလဲ အရမ်းလေးစားပါတယ်ဗျာ

  3. ကောင်းမြတ်သူ

    ဗမာတွေရဲ့စိတ်ထားကို အားမနာတမ်းရေးထားတယ်။ ဟိုး..ဗမာဘုရင်တွေအုပ်ချုပ်ပုံစနစ်ကနေ အခုခေတ်အခြေအနေအထိ သုံးသပ်ပြထားတယ်။

    အကြောင်းအရာ ၂ခုအကြောင်းကို အဓိကရေးထားတယ်။

    ပထမက ဗမာတွေရဲ့ မွေးရာပါ၊ မျိုးရိုးစဥ်ဆက်ရှိနေတဲ့စိတ်ထားတွေ။ကောင်းတာတွေ၊ ဆိုးတာတွေ၊ လူမျိုးကြီးဝါဒအကြောင်းတွေရောပဲ။ ဗမာတွေက အစွန်း၂ဖက်ကို စွဲကိုင်ထားတာများတယ်။ ဗမာက စနစ်ရဲ့အထိန်းအကွပ်မရလို့ ခုချိန်ထိ လူသားဗီဇသဘာဝကို သဘာဝအတိုင်းပြခွင့်ရတဲ့လူမျိုးအဖြစ် တည်ရှိနေဆဲဖြစ်တယ်လို့ ရေးထားတယ်။ နောက် ဗမာ့အမျိုးသားရေးဝါဒ၊ လူမျိုးကြီးဝါဒ၊ စစ်တပ်နဲ့ အမျိုး ဘာသာ သာသနာဝါဒ ပါတ်သတ်ပုံတွေကို ရေးထားတယ်။

    အဓိကရေးတာကတော့ နန်းတော်နဲ့ကျောင်းတော်၊ အာဏာစက်နဲ့ ဓမ္မစက်၊ အုပ်ချုပ်သူနဲ့သံဃာတော်တွေရဲ့အကြောင်း။ အနော်ရထာနဲ့ ရှင်အရဟံကစပြီး ခုချိန်ထိ အုပ်ချုပ်သူတွေက သုံးတဲ့နည်းလမ်း။

    အုပ်ချုပ်သူတွေဟာ နိုင်ငံကိုထိမ်းချုပ်ဖို့ လက်နက်နဲ့ဖိနှိပ်ပြီး အကြောက်တရားနဲ့ အုပ်ချုပ်တယ်။ စည်းမျဥ်းတွေ လက်နက်တွေနဲ့ ထိမ်းကွပ်လို့မရနိုင်တဲ့အရာတွေအတွက် ဘာသာရေးကိုအသုံးချတယ်။ဘာသာရေးနဲ့ လူထုကြိုက်အောင်ဆွဲဆောင်ပါတယ်။ သာသနာဘက်ကကြည့်ရင်လည်း အာဏာရှိတဲ့သူတွေက သာသနာကိုချီးမြင့်မြှောက်စားမှ သာသနာအဓွန့်ရှည်ပြီး ဖွံ့ဖြိုးမှာကို လိုလားတယ်။ ဘာသာရေးဟာ အုပ်ချုပ်သူလူတန်းစားရဲ့ လက်ဝေခံမှိုင်းလို ဖြစ်လာတယ်။ ဒီလိုနဲ့ နန်းတော်နဲ့ကျောင်းတော်ဟာ အပြန်အလှန်မှီခိုပြီး လူ့အဖွဲ့အစည်းကို အုပ်စိုးတဲ့ လူတန်းစား ဖြစ်လာတယ်။

    ဖတ်ကြည့်သင့်တဲ့ စာအုပ်ပါ။

    ဆရာမင်းသေ့ရဲ့ အခုနောက်ပိုင်းစာအုပ်တွေက ထုတ်ဝေသူ၊ ပုံနှိပ်သူ၊ စာအုပ်တိုက် အဲ့ဒါတွေတစ်ခုမှ မရေးထားဘဲ ထုတ်တာ။ 😁

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

စာအုပ် မိတ်ဆက်ခြင်း

 

 

မင်းသေ့ စာအုပ်များ