စာဖတ်သမားသို့
9000 (ကျပ်)
ဆရာမင်းသေ့ ရေးထုတ်လိုက်တဲ့ စာအုပ်က စာဖတ်သမားတွေ ရေငတ်တုန်း ရေတွင်းထဲကျစေတဲ့ စာအုပ်မျိုး……ကိုယ်ဖတ်ဖူးတဲ့ စာအုပ်ရှိရင် ကိုယ့်လိုဖတ်ဖူးသူတစ်ဦးရဲ့အမြင်ကို ဖတ်ရှုရပြီး ပိုလေးနက်ကျေညက်သွားတာမျိုး…ကိုယ်မဖတ်ဖူးတဲ့ စာအုပ်ရှိရင် တစ်ထိုင်ထဲနဲ့ စာအုပ်တွေအများကြီး ဖတ်ဖြစ်သွားသလို ဉာဏ်ပွင့်သွားစေတာမျိုးဖြစ်စေမှာပါ…ဒါ ဖတ်ညွှန်းစာအုပ်တွေမှာပျော်ဝင်နေတဲ့ *စာပေဂုဏ်သတ္တိ*ပါ။ ရှားပါးစာပေအမျိုးအစားဖြစ်ပြီး စာအုပ်မြတ်နိုးသူတွေ၊စာဖတ်သမားတွေ၊ စာကြည့်တိုက်တွေ မလွတ်တမ်းဝယ်ယူဖတ်ရှု သိမ်းဆည်းထားသင့်တဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်..
ဖတ်ညွှန်းစာအုပ်ကောင်းတစ်အုပ် တမြေ့မြေ့ တစိမ့်စိမ့်ဖတ်လိုသူတွေ၊ စာအုပ်တစ်အုပ်ကနေ စာအုပ်ပေါင်းများစွာရဲ့ အဆီအစိမ့်ချည်းသက်သက်ဖတ်ရှု တွေးဆ ခံစားလိုသူတို့အတွက် စာအုပ်ကောင်းတစ်အုပ်
စာမျက်နှာ | 511 |
---|---|
စာအုပ်အရွယ်အစား | 5.4 x 0.57 x 8.4 inches |
ပုံနှိပ်မှတ်တမ်း | ပန်းဆက်လမ်းစာပေ၊ 2019 စက်တင်ဘာလ (ပ-ကြိမ်) |
13 in stock
Esther Tha Len Par –
ဆရာမင်းသေ့ကိုအရမ်းကျေးဇူးတင်ပါတယ်။
နောက်ပြီး သူ့စာအုပ်ကိုဖတ်လို့ အတွေးသစ်၊ အမြင်သစ်တွေလည်းအများကြီးရပါတယ်။
အကိုတို့ အမတို့ ကိုလည်းဖတ်စေချင်ပါတယ်။
သမီးကတော့ ၁၄ နှစ်အရွယ်ရှိတဲ့ ဆရာမင်းသေ့ရဲ့ fan ပါ။
Chan Nyein Aung –
စာဖတ်ခါစ လူငယ်တစ်ယောက်နှင့် စတင်ထိတွေ့မိခြင်း
အမှန်တိုင်းပြောရရင် စာဖတ်ခါစ လူငယ်တွေအတွက် မညွန်းချင်ပါဘူး။ စာဖတ်လို့ အရှိန်လေးစရလာပြီ။ စာဖတ်သက်လေးလဲ အထိုက်လျောက်ရလာပြီဆိုရင်တော့ ဖတ်သင့်တဲ့စာအုပ်လေးပါ။ ဘာကြောင့် စာဖတ်ခါစ လူငယ်တွေအတွက် မညွန်းချင်တာလဲဆိုရင် စာအုပ်လေးက ထူပါတယ်။ ပြီးတော့ အတွင်းထဲမှာ စာပေအကြောင်း။ စာရေးဆရာကြီးတွေ အကြောင်းတွေ။ စာအုပ်တွေ အကြောင်း။ စာပေဆိုင်ရာ အတွေးအခေါ်တွေ အကြောင်း ပါနေလို့ပါပဲ။ စာပေနဲ့စတင် ထိတွေမဲ့ လူငယ်တွေ အတွက်ကတော့ အစိမ်းသက်သက်ပါပဲ။ စာဖတ်ရှိန်လေးရလာတဲ့ လူငယ်တွေအတွက်ကတော့ တကယ့်ကို စာအုပ်ကောင်းတစ်အုပ်ပါပဲ။ စာရေးဆရာကြီးတွေအကြောင်း သိခွင့်ရမယ်။ စာပေဆိုင်ရာ အတွေးအခေါ်တွေအကြောင်း။ အမျိုးမျိုးသော စာဖတ်နည်းတွေ။ ဆရာမင်းသေ့ညွန်းဆိုထားတဲ့ စာအုပ်တွေ စတဲ့ စာပေဆိုင်ရာ အကြောင်းအရာစုံစုံလင်လင်ဖတ်ရှုခွင့်ရမှာဖတ်ပါတယ်။
Aeri Myat (verified owner) –
ဒီစာအုပ်လေးက ကိုယ်တွေလို
စာဖတ် ဝါသနာပါသူတွေအတွက်၊
အများကြီး အကျိုးရှိစေမဲ့ စာအုပ်လေး
တစ်အုပ်မို့ အနည်းငယ် ညွှန်းပေးချင်ပါတယ်။
ဆရာမင်းသေ့ရဲ့ “စာဖတ်သမားသို့”
ဆိုတဲ့စာအုပ်ကလေးပါ။
ဒီစာအုပ်ကလေးမှာ…
စာစကား၊ စကက်ချ်ချိုဂရပ်ဖီ၊
စာအုပ်အညွှန်းနဲ့ ဒသနစာ ဆိုပြီး
အပိုင်း(၄)ပိုင်း ပါဝင်ပါတယ်။
#စာစကား
စာဖတ်ခြင်းအတွက် နည်းလမ်းတွေ၊
စာအုပ်ကောင်း ရွေးချယ်တတ်ဖို့…စတဲ့
စာဖတ်ခြင်း၊စာရေးခြင်း အကြောင်းတွေကိုရှင်းလင်းထိမိစွာ လေ့လာဖတ်ရှုရမှာပဲဖြစ်ပါတယ်။
#စကက်ချ်ချိုဂရပ်ဖီ
ဒီအပိုင်းမှာတော့ စာရေးသူ ဆရာ၊ဆရာမကြီးတို့ရဲ့ ဘဝကောက်ကြောင်းအချို့ကို သိမြင်နိုင်မှာ ဖြစ်ပါတယ်။
ဒီအပိုင်းမှာ ဆရာမင်းသေ့
အကြောင်းလည်း ပါဝင်ပါတယ်။
ဆရာ့ရဲ့Physical Bookကို
Ebook&Audio Bookလေးပါ တွဲထုတ်တဲ့အကြောင်းလေး ဖတ်ရတော့
တော်တော်လေး သဘောကျမိပါတယ်။
စာဖတ်သူတွေ စာအုပ်ကို ချစ်ကြသူတွေထဲမှာ အမြင်အာရုံချို့ယွင်းကြသူတွေလည်း ပါနေနိုင်တာကို မတွေးခဲ့မိဘူး။
အခု ဆရာထောက်ပြမှ ဒီရည်ရွယ်ချက်လေး ကောင်းလိုက်တာလို့
တွေးမိရတယ်။နောက်တော့ ဖြစ်လာနိုင်ပါစေလို့ ဆုတောင်းမိတယ်။
အခုနောက်ပိုင်း Audio Bookလေးတွေ
ဖတ်ပြလာတဲ့ Channelလေးတွေလည်း
အများအပြား ရှိလာတာမို့ စာနဲ့ ပိုမိုထိတွေ့မိလာကြမယ်လို့ ယူဆပါတယ်။
#စာအုပ်အညွှန်း
ဒီအပိုင်းမှာ ညွှန်းပြထားတဲ့ စာအုပ်တွေက ကိုယ်နဲ့မရင်းနှီးတဲ့ စာအုပ်တွေများတာမို့ မှတ်သားစရာတွေ အများကြီး
ရပါတယ်။ကိုယ်တိုင်က စာဖတ်သက်
နုသေးလို့လည်း ဖြစ်ပါလိမ့်မယ်။
#ဒသနစာ
ဒီအပိုင်းမှာတော့ အတွေးအခေါ်ပိုင်းအတွက် အထောက်အပံ့ ပေးနိုင်မဲ့
စာလေးတွေ ရေးသားထားတာ တွေ့ရပါတယ်။ ယူတတ်ရင် ယူတတ်သလို
စိတ်အာဟာရ ပြည့်စေမဲ့ အပိုင်းလေးပါ။
အကျဥ်းချုပ်ပြောရရင်တော့ စာဖတ်သူတွေအတွက် တော်တော်လေး အကျိုးရှိစေမဲ့ စာအုပ်လေးပါ။ စာရေးချင်သူတွေ အတွက်လည်း နည်းလမ်းလေးတွေ
ပါရှိတာမို့ တစ်အုပ်တည်းနဲ့ ပြည့်စုံနေတာမျိုးပါ။ အခုမှ စာအုပ်စဖတ်မဲ့ သူတွေအနေနဲ့လည်း ဒီစာအုပ်လေးက အသုံးဝင်မဲ့
စာအုပ်ကောင်းလေး တစ်အုပ်ဖြစ်မှာပါ။
ကြုံကြိုက်တဲ့အခါ ဖတ်ကြည့်ဖို့
အကြံပြုချင်ပါတယ်။✨️
#မင်းသေ့
#စာဖတ်သမားသို့
#bookno5