မြန်မာ့လမ်းပွင့်
7000 (ကျပ်)
“အခု မြန်မာ့လမ်းပွင့် စာအုပ်ဟာ မြန်မာပြည်နဲ့ ပတ်သက်ဆက်နွယ်နေတဲ့ လူ့အဖွဲ့အစည်းအကြောင်းတွေကို အများစုရေးထားတာဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းကိစ္စဟာ အရေးကြီးလို့ လူ့အဖွဲ့အစည်းအကြောင်းကိုလည်း ရေးတယ်။ လူတစ်ဦးချင်းစီကိစ္စကိုလည်း ထည့်ပြီး ရေးတယ်။ လူတစ်ဦးချင်းစီဟာ လူ့အဖွဲ့အစည်းအတွက် အရေးကြီးတဲ့ အခြေခံယူနစ်ဖြစ်တယ်။ တစ်ဦးချင်းအရေည်အသွေး တိုးတက်ရေးနဲ့ တစ်ဦးချင်းပြုပြင်ပြောင်းလဲရေးဟာ အရေးကြီးတယ်။ လူ့အဖွဲ့အစည်းတစ်ခုလုံးမှာ ပတ်ဝန်းကျင်ကောင်း ထွန်းကားရေးဟာလည်း အရေးကြီးတယ်။ ပတ်ဝန်းကျင်ကောင်းနဲ့ လူ့အဖွဲ့အစည်း အရည်အသွေးမြင့်လာဖို့အတွက် စာဖတ်သူကို အမှာစကားပါးချင်ပါတယ်…
ကိုယ့်အလုပ် ကိုယ်မလုပ်ဘဲ ဝင်ရှုပ်နေကြလို့ မြန်မာပြည်ရဲ့ ပြဿနာတွေဟာ အကင်းမသေတာဖြစ်ပါတယ်။ ကျနော့်အလုပ်ဟာ လူ့အဖွဲ့အစည်းကို စူးစမ်းလေ့လာပြီး နားလည်သလောက် စာပြန်ရေးတဲ့အလုပ်ဖြစ်ပါတယ်။ ဒါကြောင့် ဒီအလုပ်ကို ပြီးမြောက်အောင်မြင်စေဖို့ မြန်မာ့လမ်းပွင့်စာအုပ်ကို ပုံနှိပ်ထုတ်ဝေလိုက်ရခြင်းဖြစ်ပါကြောင်း…
မြန်မာ့လူ့အဖွဲ့အစည်းမှာ ကိုယ့်အလုပ်ကိုယ် ပီပီပြင်ပြင်လုပ်နေတဲ့သူတွေ များလာတဲ့အခါ ပိုကောင်းတဲ့ လူ့အဖွဲ့အစည်းကို ရလာလိမ့်မယ်လို့ ယုံကြည်တယ်…” ဟု ဆိုထားပါတယ်။
စာမျက်နှာ | 548 |
---|---|
စာအုပ်အရွယ်အစား | 5.8 x 0.9 x 8.2 inches |
ပုံနှိပ်မှတ်တမ်း | ပန်းဆက်လမ်းစာပေ၊ 2020 ဧပြီလ (ပ-အကြိမ်) |
11 in stock
Khit Min Thit –
ကြိုက်ပါတယ်။ မြန်မာ့လူ့အဖွဲ့အစည်းတွေရဲ့ လုပ်ရပ်တွေ၊သောက်ကျင့်တွေကို သတ္တိရှိရှိ၊ရဲရဲတင်းတင်း ရေးသားထားတာတွေ့ရပါတယ်။ ပြင်သင့်တာတွေ၊လုပ်သင့်တာတွေကိုလည်း အကြံပြုရေးသားထားတယ်။ကျနော့်လို နိုင်ငံရေး စာပေအားနည်းသူတောင် ဖတ်လို့အကြိုက်တွေ့ပါတယ်။ လူငယ်စာရေးဆရာပီပီ အရေးအသားတွေကလည်း လတ်လတ်ဆတ်ဆတ်တွေပါပဲ။
Chan Nyein Aung –
ကျွန်တော် စာဖတ်ခါစမှာ အခြား နိုင်ငံရေးဆိုင်ရာ စာအုပ်တွေ ရှာဖွေဖတ်ကြည့်ခဲ့ပေမယ့် နားမလည်ခဲ့ပါဘူး။ ဒါပေမယ့် နိုင်ငံရေးအကြောင်းတွေ ယိုရွင်းနေတဲ့ မြန့်မာ့လူ့အဖွဲ့အစည်းအကြောင်းတွေ သိပ်သိချင်ခဲ့တယ်။ အဲ့အချိန်မှာ ဆရာမင်းသေ့ရေးသားထုတ်ဝေထားတဲ့ “မြန်မာသစ်…”
စာအုပ်ကို ဖတ်မိတယ် အရမ်းထိမိတယ်။ အရမ်းသဘောကျတာနဲ့ အခု “မြန်မာ့လမ်းပွင့်”ဆိုတဲ့ စာအုပ်ကိုပါ ဖတ်ဖြစ်ခဲ့ပါတယ်။ လူငယ်စာရေးဆရာရဲ့ အရေးအသားတွေကတော့ လူငယ်တွေနဲ့ အံကိုက်ပါပဲ။ ထုတ်ဝေပေးတဲ့ ပန်းဆက်လမ်းစာပေကိုလဲ အထူးကျေးဇူးတင်မိပါတယ်။
ကျွန်တော့အနေနဲ့ ဆိုရင် အရေးအသားရော။ အတွေးအခေါ်ရော။ မြန်မာ့လူအဖွဲ့စည်းရဲ့ အကျင့်စရိုက်တွေကို ဖော်ကျူးထားတာကို ဖတ်ရတာ ဦးနှောက်အလုပ်တော်တော်ပေးရတဲ့အပြင် အမှန်တရားနဲ့ပါထိတွေ့ခွင့်ရခဲ့ပါတယ်။ အတွေး
မှန် အမြင်မှန် ဆင်ခြင်တုံတရားနဲ့ သုံးသပ် ဝေဖန် ဖတ်ရှုနိုင်ကြပါစေ။