ချိုင်းနားရီဗျူး

( 4 မှတ်ချက်)

2500 (ကျပ်)

ချိုင်းနားရီဗျူး စာအုပ်ကိုထုတ်ဝေရခြင်း ရည်ရွယ်ချက်ရှိပါတယ်-

◾️ ​မြန်မာပြည်မှာ တရုတ်ရေးရာကို အထူးပြုအာရုံစိုက်လေ့လာမယ့် လူငယ်မျိုးဆက်သစ် တတ်သိကျွမ်းကျင်နားလည်သူ အကယ်ဒမစ်ပညာတတ်တွေ ထွက်ပေါ်စေချင်လို့ဖြစ်ပါတယ်။ မြန်မာဟာတရုတ်ကို ငြင်းပယ်ဖို့ခဲယဉ်းပါတယ်။ ဒါ့ကြောင့် အသာစီးရဖို့ဆိုတာထက် တရုတ်ချပေးတဲ့ ဝှက်ဖဲတစ်ချပ်ချင်းစီကို ထိုင်ရှင်းနေရုံနဲ့ အချိန်ကုန် အသက်ကြီးသွားဖွယ်ရာ ရှိပါတယ်။

◾️တရုတ်အရေးနဲ့ပတ်သက်ပြီး မြန်မာအနေနဲ့ ပေါ့ပေါ့ဆဆဖြစ်လို့ မရပါ။ ယဉ်ကျေးမှုအရ၊ နိုင်ငံရေးအရ၊ စီးပွားရေးအရ၊ လူဦးရေအရ၊ စစ်ရေးအရ၊ သံခင်းတမန်ခင်းအရ ကိုယ့်ဘက်က များများပြင်ဆင် ထုပ်ပိုးထားနိုင်မှ အပေးအယူကိစ္စတွေနဲ့ နှစ်နိုင်ငံစေ့စပ်ညှိနှိုင်းရေး ကိစ္စတွေမှာ မြန်မာက ရင်ဘောင်တန်းကစားနိုင်မှာဖြစ်ပါတယ်။

◾️ ဘယ်ဘက်ကကြည့်ကြည့် မြန်မာနဲ့တရုတ်တွဲပြီး လုပ်တဲ့ကိစ္စတွေမှာ မြန််မာဘက်က အမြဲတမ်းလိုလို bargaining power ချို့တဲ့တာ တွေ့ရပါတယ်။ ဒါဟာ တတ်သိကျွမ်းကျင်သူတွေကို နံဘေးမှာ မထားနိုင်တဲ့ကိစ္စဖြစ်သလို၊ နေရာတကာမှာ အလွယ်လုပ်၊ အပေါ့တွေးပြီး အထူးပြုသမားတေွက ပြင်ဆင်ထုပ်ပိုးတဲ့ ပေါ်လစီအထုပ်အပိုးချို့တဲ့လို့ ဖြစ်ပါတယ်။

◾️ အနာဂတ်မှာ ပညာတတ်ကို စနစ်တကျမွေးပြီး ခိုင်းမစားတတ်တဲ့ အစိုးရတွေရဲ့ ဗီဇစရိုက်ဟာ ဖျောက်နိုင်သေးမယ်မထင်ပါ။ ဒါ့ကြောင့် မြန်မာပြည်မှာ တတ်နိုင်သရွေ့ တရုတ်ရေးရာ ကျွမ်းကျင်သူတွေ တက္ကသိုလ်အဝန်းအဝိုင်းမှာ ထုတ်လုပ််နိုင်ဖို့လိုတယ်။ နိုင်ငံရေးပါတီနဲ့ မူဝါဒရေးရာ သုခမိန်အဖွဲ့တွေမှာလည်း တရုတ်အထူးပြုသမားတွေ အလျှိုလျှိုပေါ်ထွက်ဖို့ လိုတယ်။ ဒါကို အားပေးတယ်။ ထောက်ခံတယ်။ လိုလားတယ်။ ဒါကြောင့် ဒီစာအုပ်နဲ့ ကျေးဇူးပြု မျိုးကြဲလိုက်ခြင်းဖြစ်ပါတယ်။

စာမျက်နှာ

151

စာအုပ်အရွယ်အစား

5.2 × 0.3 × 7.5 inches

ပုံနှိပ်မှတ်တမ်း

ပန်းဆက်လမ်းစာပေ၊ စက်တင်ဘာလ (ပ-ကြိမ်)

12 in stock

ချိုင်းနားရီဗျူး အား ဝေဖန်သုံးသပ်မှု 4 ရှိပါသည်။

  1. Linzay

    ကိုမင်းသေ့ရဲ့… ထိထိမိမိ တိတိကျကျ လေ့လာဆန်းစစ်မှုတွေကို သဘောကျတယ် ။
    ကိုယ်ပိုင်ရေးဟန်နဲ့ ဖောက်ထွက်မှုကို စာဖတ်သမားမှတ်စု မှာကတည်းက နှစ်သက်သွားတယ်။
    .

  2. T. Ko Oo

    ဆရာသေ့က လိုနေတဲ့ ကွက်လပ်ကို အမြဲဖြည့်ပေးခဲ့သူပါ။ အိမ်နီးချင်းအကြောင်းက သိကိုသိရမယ်။ သေချာကိုသိရမယ်။ အထူးသဖြင့် China, မြန်မာ့သမိုင်းက သူနဲ့လွတ်တာ ဘယ်တုန်းကမှ မရှိခဲ့ဘူး။ နဂါးခေါင်းအရမ်းကို အကဲမဖမ်းတတ်ရင် မြန်မာတွေ ရှေ့တန်း ဘယ်တော့မှ ရောက်မှာမဟုတ်ဘူးလေ။ ကျေးဇူးတင်ရပါတယ်။

  3. ‎Pyae Ar Kar‎

    ယနေ့ကမ္ဘာပေါ်မှာရှိတဲ့ လူဦးရေရဲ့ ၈ပုံ ၁ပုံဟာ တရုတ်လူမျိုးဖြစ်တယ် ၊ ဆိုလိုတာက ကမ္ဘာ့လူဦးရေ စုစုပေါင်း ၈ ဘီလီယံခန့်ရှိနေတဲ့အချိန်မှာ တရုတ်လူမျိုးက ၁.၄ ဘီလီယံလောက်ရှိတယ်လို့ စစ်တမ်းတွေအရ သိရတယ်

    တရုတ်တွေ ထိုးဖောက်၀င်ရောက်နိုင်စွမ်းအား ဘယ်လောက်ကောင်းလဲဆို နိုင်ငံတော်တော်များများမှာ China Town တွေရှိနေတာပဲကြည့်လေ

    အမေရိကန်လို နိုင်ငံမျိုးကိုတောင် တရုတ်နဂါးကြီးက စိန်ခေါ်နိုင်လာတာကို ဒီနောက်ပိုင်းနှစ်တွေမှာ ပိုသတိထားမိတယ်

    အတိတ်က တရုတ်ဟာ ပြည်တွင်းစစ်တွေ ၊ တရုတ်ဖြူ တရုတ်နီတွေနဲ့ မသင့်တင့်မှုတွေကြောင့် ငတ်ခဲ့ဖူးတယ် ၊ အဲ့လိုအချိန်မှာ မော်စီတုန်းက အကွဲကွဲအပြားပြားဖြစ်နေတဲ့ တရုတ်ပြည်ကြီးကို စုစည်းပေးခဲ့ပြီး တိန်ရှောင့်ဖိန်က တရုတ်ပြည်ကြီးကို ချမ်းသာအောင် လုပ်ဆောင်ပေးနိုင်ခဲ့တယ်

    မြန်မာနိုင်ငံကို တရုတ်တွေအများအပြား ၀င်ရောက်လာတာက ကိုလိုနီခေတ်နဲ့ န၀တ ခေတ်မှာဖြစ်တယ် ၊ နောက်ပိုင်းတော့ တရား၀င်ကော တရားမ၀င်ကော တဖွဲဖွဲ ၀င်ရောက်လာကြတယ်

    မြန်မာနိုင်ငံဟာ သယံဇာတ ပစ္စည်းပေါကြွယ်၀လို့ တရုတ်အတွက် မျက်စိကျစရာ ဒေသတစ်ခုဖြစ်တယ် ၊ စစ်အစိုးရနဲ့ပေါင်းပြီး လုပ်ပိုင်ခွင့်တွေယူတယ် ၊ တစ်ဖက်လှည့်နဲ့ ပြည်တွင်းစစ်ဖြစ်အောင် တိုင်းရင်းသားတွေကို လက်နက်ပေးတယ် ၊ အိမ်ကြက်ချင်းခွပ်ရင် မြွေမသေတုတ်မကျိုးဘဲ သူတို့အကျိုးဖြစ်ထွန်းမှာကို သိတယ်

    ယနေ့အိမ်နီးချင်းပေါက်ဖော်ကြီးတွေ ဘာတွေလုပ်နေကြလဲဆိုတာကို ကျွန်တော်တို့တွေ သိပ်သတိမထားမိကြပါဘူး ၊ တရုတ်က ၀င်လာတဲ့ ပစ္စည်းတွေကို သုံးပြီး လူ့အဆင့်အတန်းတစ်ခုကို မြိန့်မြိန့်ြကီး ခံစားနေတဲ့အချိန်မှာ တရုတ်ကြီးက အမေရိကန်လို နိုင်ငံကြီးနဲ့ ရင်ဘောင်တန်းပြီး ကမ္ဘာ့ဈေးကွက်ကို ဦးဆောင်ဖို့ ကြိုးစ‌ားနေပါပြီ

    ဒီစာအုပ်ထဲမှာ တရုတ်နိုင်ငံနဲ့ပတ်သက်ပြီး သုံးသပ်ချက်များစွာကို တွေ့ရတယ် ၊ FB မှာအရမ်းလည်း မပြောရဲဘူး ၊ တော်ကြာနေ တရုတ်မ ယောင်္ကျားက အကောင့်ကို Political Policy နဲ့ငြိပါတယ်ဆိုပြီး ပိတ်နေမှဖြင့် …

  4. Chit Min Nwet Kyi

    ပ‌‌ထမဦးစွာစာရေးဆရာကို ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။
    ဒုတိယ အနေနဲ့ ပြောချင်တာက
    ဒီစာအုပ်က တိုင်းပြည်ရဲ့ လိုအပ်ချက်က မြင်စေတယ်။ လိုရင်းရောက်တယ်ပေါ့။
    တတိယက မျိုးဆက်ကို ကမ်းလက် လုပ်စေတာ
    လေးစားစရာပါ။
    ထုတ်ဝေသူရော ရေးသားသူပါ
    ကျန်းမာ ချမ်းသာပြီး ကြီးပွားတိုးတက်ပါစေလို့
    မေတ္တာစကားပါးလိုက်ရပါတယ်။

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

မင်းသေ့ စာအုပ်များ