ကဗျာလေးတွေရဲ့ခံစားချက်ပြတိုက်ငယ်
7000 (ကျပ်)
လူငယ်ကလောင်ရှင်များရဲ့
သစ်လွင်လက်ဆက်တဲ့ ကဗျာအရေးအသားများကို ဝေဝေဆာဆာဖတ်ရှုရမယ့် ကဗျာစာအုပ်လေးတစ်အုပ်ဖြစ်ပါတယ်။ ခုနှစ်သက္ကရာဇ်တွေကို ဖြတ်သန်းနေရတာခြင်း တူပေမယ့် ကဗျာဆရာ/ဆရာမတွေရဲ့ ခံစားသိမြင်ရတဲ့ နှစ်ကာလတွေက ဘယ်လိုများဖြစ်လိမ့်မလဲ။ သူတို့ ဘယ်လိုကဗျာတွေ ရေးထားကြလိမ့်မလဲ။ သိချင်စိတ်နဲ့ ဖတ်ရှုချင်တဲ့သူတွေအတွက် ကဗျာ စာမြည်းအနည်းငယ်ကို ဖော်ပြထားပါသည်။
▪🌿
မပိုင်ဆိုင်ရခြင်းတွေကိုမှ
ရွေးပြီးသဘောကျတယ် ။
တိမ်တွေရယ် ၊
ပြီးတော့ မင်းရယ် ။
နာကြင်ခြင်းကိုရွေးတယ်ဆိုတာ
ဒဏ်ရာကိုမြတ်နိုးလို့ပါ ကလေးငယ် ။
[ Hnin Cherry Cho _ ငေး မှ ]
▪🌿
ဓါးနဲ့ထိုးလိုက်မှ
တုတ်နဲ့ရိုက်လိုက်မှ
ဒဏ်ရာဆိုတာ ရတာမဟုတ်ပါဘူး
စိတ်ချည်းသက်သက်နဲ့လည်း
ဒဏ်ရာဆိုတာရတတ်ပါတယ်
သွေးတော့မထွက်ဘူးပေါ့
ဒါပေမဲ့ ပိုနာတယ်
[ ngekg _ ဒဏ်ရာ မှ ]
▪🌿
ကျွန်တော်ဟာ ပိုးကိုက်နေတဲ့
ပန်းသီးတစ်လုံးဆိုရင်တောင်
ကျွန်တော့် တရားနဲ့ ကျွန်တော်နေပါတယ်
[ မောင်သောကြာ _ ပန်းသီးတစ်လုံး မှ ]
▪🌿
ကိုယ့်ပုခုံးမှာနား
ကိုယ့်နှလုံးသားကိုမျှားသွားတဲ့
လိပ်ပြာငယ်လေးဟာ မင်းပေါ့..
ကိုယ့်လက်မောင်းကိုဖက်
ကိုယ့်ရင်ခုန်သံတွေလတ်စေခဲ့တဲ့
အသက်ဓာတ်လေးဟာ မင်းပေါ့…
[ZaW mYo THU (sweet potato) _ မင်းတစ်ယောက်သည်သာ ကိုယ့်အရာရာ မှ]
▪🌿
အတိတ်တွေကို မတူးဆွဘူး
အနာဂတ်ကို ကြိုပြီး ရုပ်လုံးမဖော်ချင်ဘူး
သေမင်းက အာမခံချက်မပေးတဲ့အခါ
မနက်ဖြန်တွေကို
ပစ္စုပ္ပန်အချိန်ကို မင်းဆီပုံအပ်မယ်
ပေးဆပ်ခြင်းဟာ ရှုံးတယ်ပဲဆိုပါစေဦးတော့
ချစ်တယ်လို့ပြောပြီး မင်းပြုံးတဲ့အခါ
လောကီရဲ့ နိဗ္ဗာန်ကိုငါပိုင်တယ်…..
[အောင်ထက်(လယ်ဝေး)_ ရေတို မှ]
| စာမျက်နှာ | 105 (woodfree paper) |
|---|---|
| စာအုပ်အရွယ်အစား | 5. ×0.2 ×8.3 inches |
| ပုံနှိပ်မှတ်တမ်း | Book Case By Saw ၊ 2024 ဒီဇင်ဘာလ(ပထမအကြိမ်) |
Out of stock





ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ