အောက်ဆီဂျင် ရသ၀တ္ထုတိုများ

( 1 မှတ်ချက်)

6000 (ကျပ်)

​◾️ ဒီခေါင်းစဉ်လေးနဲ့ စုစည်းရတာကိုက သေချာတိကျတဲ့ ရည်ရွယ်ချက်က ရှိတယ်။ အားလုံးသိကြတဲ့အတိုင်း မြန်ပြည်ကြီးရဲ့ ကိုဗစ်တတိယလှိုင်းမှာ ပြည်သူတွေဟာ အောက်စီဂျင်လိုအပ်ချက်တွေနဲ့ အသက်များစွာ လောင်းကြေးထပ်နေခဲ့ရပြီး အလူးအလဲ၊ အလဲအကွဲ။ အဲ့ဒီတော့ ဒီခေတ်ပြိုင်စာရေးဆရာ ၂၆ ယောက်က သူတို့ရဲ့ စိတ်ကြိုက်ဝတ္ထုတို တွေနဲ့ E Book လေးလုပ်ပြီး အွန်လိုင်းပေါ်မှာရောင်းရင်း ရသမျှငွေကို အောက်ဆီဂျင်လိုအပ်ချက်အတွက် တပိုင်တနိုင် လှူခဲ့ ကူခဲ့ကြတယ်။ ဒါက ပထမအစီအစဉ်။

ဒုတိယအစီအစဉ်ကတော့ ပန်းဆက်လမ်းကနေ ဒီစုစည်းမှုကို စာအုပ်အဖြစ်ထုတ်ဖို့ ကမ်းလှမ်းတဲ့အခါ ဒီစာရေးဆရာတွေက စာအုပ်အတွက် စာမူခတွေကိုပါ အောက်ဆီဂျင်အလှူထဲမှာ ထည့်ခဲ့ကြတယ်။ အဲ့ဒီတော့ စေတနာရည်ရွယ်ချက်ကောင်းကောင်းနဲ့ ထွက်လာတဲ့ ခေတ်ပြိုင်စာရေးဆရာ ၂၆ ယောက်ရဲ့ ရသဝတ္ထုတို ၂၆ ပုဒ် စုစည်းမှုလို့ ဆိုရမှာပါ။

ခေတ်ပြိုင်စာရေးဆရာ ဆိုတဲ့အသုံးကိုလည်း ရှင်းပြချင်ပါသေးရဲ့။ ဒီစုစည်းမှုမှာ အရင့်အရင် ဝတ္ထုတိုခေတ်က စာရေးဆရာတွေ မပါ။ ဒီဘက်ခေတ် တစ်နှစ် နှစ်နှစ်အတွင်း စာစရေးကြတဲ့ အသစ်စက်စက် ကလောင်သစ်တွေလည်းမပါ။ ဒီစာအုပ်မှာပါတဲ့ ကလောင် ၂၆ ယောက်လုံးက တစ်ခေတ်တည်း တစ်ခါတည်းမှာ ရသစာမျက်နှာပေါ် အတူတူ တပြိုင်တည်းနီးပါး ရောက်လာကြတဲ့ ခေတ်ပြိုင်စာရေးဆရာစစ်စစ်တွေပဲ ဖြစ်ပါတယ်။

ဒီစာအုပ်မှာ ပါဝင်ကြတဲ့ ဝတ္ထုတို ၂၆ ပုဒ်မှာ မတူညီတဲ့ရသတွေ ပါဝင်ပေါင်းစပ်နေမှာကိုတော့ စာဖတ်သူတွေအနေနဲ့ ယုံမှားသံသယဖြစ်စရာမလိုပါ။ တချို့ဝတ္ထုတွေက စာပေဆုတွေရပြီးသားဝတ္ထုတွေ၊ တချို့ဆရာ၊ ဆရာမတွေက စာပေဆုတံဆိပ် အမျိုးမျိုးကို ရရှိထွေးပိုက်ထားကြသူတွေ ပဲဖြစ်ပါတယ်။

ဝတ္ထုတိုများကို ခံစားဖတ်ရှုရင်း ဆရာ၊ဆရာမ ၂၆ ယောက်ရဲ့ တစ်ယောက်တစ်မျိုးစီ မတူညီကြတဲ့ ဝတ္ထုတိုဖွဲ့ဟန်ကိုပါ လေ့လာအကဲခတ်ခွင့်ရမယ့်စာအုပ် (သို့မဟုတ်) အောက်ဆီဂျင်ရသဝတ္ထုတိုများ။

စာမျက်နှာ

343

စာအုပ်အရွယ်အစား

5.5 × 0.5 × 8.2 inches

ပုံနှိပ်မှတ်တမ်း

ပန်းဆက်လမ်းစာပေ၊ 2021 နိုဝင်ဘာလ (ပ-ကြိမ်)

11 in stock

အောက်ဆီဂျင် ရသ၀တ္ထုတိုများ အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Thaung Min Tin (verified owner)

    စာအုပ်အညွှန်းနှင့်စာမြည်းလေးအနည်းငယ်ဖတ်ကြည့်လိုက်တာနဲ့တင် အလွန်ဖတ်ချင်စိတ်ဖြစ်တာနဲ့ဝယ်ဖတ်ဖြစ်ပါတယ်၊၊ ရသအစုံအလင်ဖြင့်အလွန်ကောင်းသည့်ဝတ္ထုတိုလေးတွေအများကြီးကိုစုစည်းထားလို့ သည်အောက်ဆီစာအုပ်လေးကိုအရမ်းကြိုက်ပါတယ်၊၊

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

စာရေးဆရာစုံ စာအုပ်များ