လူငယ်နှင့် ပရော်ဖက်ရှင်နယ်
4000 (ကျပ်)
ဘယ်တော့မဆို လူတစ်ယောက်ဟာ အမြဲတမ်း ဆုံးဖြတ်နေရပါတယ်။ ဒီနေ့ ဘယ်အင်္ကျီကလေး ၀တ်ရင် ကောင်းမလဲ၊ ဘယ်လိုကလေး ကြယ် သီး တပ်ရင် ကောင်းမလဲကအစ ဆုံးဖြတ်ရတာ။ အဲလို ဆုံးဖြတ်ရတဲ့ အခါမျိုးမှာ အမြဲတမ်း လမ်းဆုံလမ်းခွ ဆိုတာ ကြုံတတ်တယ်။ တစ်ခါ မဟုတ် တစ်ခါ ကြုံလိမ့်မယ်။ အဲလို ကြုံတဲ့အခါမှာ ဘာကို ရွေးမလဲ။ ဘာကို ရွေးမလဲ ဆိုတော့ လူများတဲ့ လမ်း ရှိတယ်၊ လူနည်းတဲ့ လမ်း ရှိတယ်။
ကြည်မင်း၏ ပရော်ဖက်ရှင်နှင့် စဉ်းစားစရာများ မှ
လူရယ်လို့ ဖြစ်လာရင် စား၀တ်နေရေးအတွက် ကျွန်တော်တို့ အလုပ် လုပ်ရမှာပဲ။ မလုပ်ချင်လို့ကို မရဘူး။ မလုပ်တဲ့သူဟာ ဘေးရောက်သွား ပြီးတော့ တစ်ချိန်ကျရင် ဘယ်သူမှ အသိအမှတ်ပြု မခံရတဲ့ အချိန်ကို ရောက်သွားပါလိမ့်မယ်။ အဲဒီတော့ အသက်မွေး၀မ်းကျောင်းလုပ်ငန်း အတွက် ဘာလုပ်မလဲ ဆိုတာ စဉ်းစားရပါတယ်
ကြည်ရွှန်း၏ ပရော်ဖက်ရှင်ကို ဘယ်လို ရွေးမလဲ မှ
၀န်ထမ်းဘ၀ ရာထူးငယ်စဉ်မှာ မသိသာပေမဲ့ ရာထူးကြီးလာတာနဲ့အမျှ၊ ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်ပြီ ဆိုတာနဲ့အမျှ လုပ်ငန်းနဲ့ တိုက်ရိုက်အား ဖြင့်၊ သွယ်ဝိုက်သောအားဖြင့် ဆက်စပ်နေတဲ့ လူပုဂ်္ဂိုလ် အဖွဲ့အစည်းတွေ နဲ့ ချိတ်ဆက်ထားတာဟာ ကိုယ့်အလုပ်အတွက် အင်အားကြီးတစ်ရပ် ထူထောင်တာနဲ့ တူပါတယ်။
ဒေါက်တာတင်မမစိုး၏ အောင်မြင်ပျော်ရွှင် လုပ်ငန်းခွင် မှ
အသက်မွေးတဲ့အလုပ် ဆိုမှတော့ ဒီကနေ ရတဲ့ လစာဟာ အသက်မွေး လို့ ရလောက်တဲ့ လစာ ဖြစ်မှ ရမယ်။ ဒါမှ သူ့အလုပ် သူ အကောင်း ဆုံး လုပ်နိုင်မယ်။ အာရုံစိုက်နိုင်မယ်။ အဲလိုမှ မပေးထားနိုင်ရင် ပရော် ဖက်ရှင်နယ် ပီသမှု ဆိုတာကို သွားတောင်းဆိုနေလို့ မရဘူး။ ဒါက ပွင့်ပွင့်လင်းလင်း ပြောရရင် အစိုးရ၀န်ထမ်းတချို့ ပရို မပီသနိုင်ခြင်းရဲ့ အဓိက အကြောင်းရင်းလဲ ဖြစ်တယ်။
ဒေါက်တာဖြိုးသီဟ၏ ပရော်ဖက်ရှင်နယ်စိတ်ထား မှ
စာမျက်နှာ | 221 |
---|---|
စာအုပ်အရွယ်အစား | 5.3 x 0.5 x 8.2 inches |
ပုံနှိပ်မှတ်တမ်း | Wisdom House၊ 2020 ဒီဇင်ဘာလ(ပ-ကြိမ်) |
3 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ