၀မ်းကျူအိတ်ဖိုး
30000 (ကျပ်)
နိုင်ငံတကာမှ အရောင်းရဆုံးစာရင်းဝင် စာအုပ်တစ်အုပ်ဖြစ်ပြီးမူရင်းစာရေးသူ ဟာရူကီမူရာကာမိ၏ အပြောင်မြောက်ဆုံးလက်ရာ စာအုပ်ကောင်းတစ်အုပ်ဖြစ်သည်။ 1980 အချိန်ခန့် ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ဇာတ်လမ်းကို အခြေတည်ထားပြီး ထင်မှတ်မထားတဲ့ ဖြစ်ရပ်တစ်ခုမှ စတင်ကာ မတူညီသည့်ကမ္ဘာနှစ်ခုကြား စိတ်ကူးယဉ်ဆန်တဲ့ လျှို့ဝှက်ဆန်းကြယ်မှုများဖြစ်ပေါ်လာသည့်အကြောင်းကို ရေးသားထားပါတယ်…..။
စာအုပ်နှင့်ပက်သက်ပြီး 1Q84 အတွဲ(၁) စာအုပ်အမှာစာတွင် ဆရာရဲမြလွင်မှ
” အမေရိကန်သမ္မတကြီး အိုဘားမားနှင့် နော်ဝေးသမ္မတကြီးတို့ကပင် ထိုစာအုပ်အား လက်မှချမရအောင် စွဲနေကြပြီ ဖြစ်ကြောင်း ပြောလာခဲ့ကြပါသည်။ ထိုဝတ္ထုထဲတွင်ပါသော ဇာတ်ကောင်များ ဖြစ်ကြသည့် တဲင်းဂေါနှင့် အအိုးမမယ်တို့၏ အရုပ်ကလေးများကို လက်မောင်း ပေါ်တွင် တက်တူးထိုးထားသည်သူများပင်ရှိလာကြပါသည်။
ယခုပြီးစီးခဲ့သော ဝတ္ထုအပိုင်း တွင် ကျွန်တော်တို့သည် တဲင်းဂေါနှင့်သော်လည်းကောင်း၊ အအိုးမမယ်ဆိုသော မိန်းမချောကလေးနှင့်သော်လည်းကောင်း ရင်းနှီးခဲ့ကြပြီဖြစ်ပါသည်။ ထိုမျှ သာမက တဲင်းဂေါ၏ဆရာသမား ကိုးမတ်စု၊ တဲင်းဂေါအရမ်းအထင်ကြီးသော ၁၀ တန်းကျောင်းသူကလေး ဖူခအဲရီ၊ အအိုးမမယ်အား သမီးလေးလိုချစ်နေသည့် မေမေကြီးတို့နှင့်လည်း ရင်းနှီးခဲ့ကြပေပြီ။သူတို့ဘာတွေဆက်ဖြစ်ကြမည်ကို စာဖတ်ပရိတ်သတ်တွေ စောစောသိနိုင်ရန် အတွက် ဆက်ပြီးကြိုးစားသွားပါမည်ဟု ကတိပေးရင်း နိဂုံးချုပ်လိုက်ပါသည်” ဟု ရေးသားဖော်ပြထားပါတယ်။…
| စာမျက်နှာ | 554 |
|---|---|
| စာအုပ်အရွယ်အစား | 5.6 x 0.8 x 8.2 inches |
| ပုံနှိပ်မှတ်တမ်း | ကိုနေ(မန်း)စာပေ၊ 2019 အောက်တိုဘာလ |
| စျေးနှုန်းအပြောင်းအလဲ | 15.2.2025 ရက်နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ 30000 ကျပ် စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။ |
Out of stock





ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ