ထူးခြားလာသောနေရာနှင့်ပြီးဆုံးသွားသောကမ္ဘာ

( 0 မှတ်ချက်)

10000 (ကျပ်)

ယခုစာအုပ်သည် မူရင်းစာရေးသူ မူရာကာမိ၏စတုတ္ထမြောက်လက်ရာဖြစ်ပြီး ပညာသားပါသောဝေါဟာရများနှင့် နက်နဲသည့် အရေးအသားများကြောင့် နာမည်ကျော်ခဲ့သည့်ကမ္ဘာကျော်ဝတ္ထုတစ်ပုဒ်ဖြစ်သည်..။ ထူးခြားပြီး လျှို့ဝှက်မှော်ဆန်သည့် နေရာတစ်ခုသို့ ရောက်မှန်းမသိ ရောက်ရှိသွားပြီးနောက် ကြုံတွေ့ရသည့် ဖြစ်ရပ်များနှင့် စာရေးသူ၏ အများနှင့်မတူ တစ်မူထူးခြားသည့် အတွးအမြင်များကို မတူညီသည့် ကမ္ဘာနှစ်ခုမှ ဇာတ်ကောင်နှစ်ယောက်မှတစ်ဆင့် ဖော်ထုတ်ပြသထားပါတယ်…။ မူရာကာမိ၏ ယခင်ဝတ္ထုများအတိုင်း ရှေ့ဆက်ဖြစ်လာမည်ဇာတ်ကြောင်းများကို မိမိ၏ကိုယ်ပိုင်အတွေးဖြင့် ခန့်မှန်းသုံးသပ်ရင်းဖြင့် အဖြေထုတ်ကြရမှာ ဖြစ်ပြီး ဟာသနှောသည့် အရေးအသားနှင့် ဇာတ်ကြောင်းကြောင့် ဖတ်ရှုရလေးပင်မနေပဲ ပေါ့ပေါ့ပါးပါးနှင့် ထူးခြားသည့်ကမ္ဘာထဲကို ကိုယ်တိုင်ရောက်ရှိသွားမည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်…။

စာမျက်နှာ

713

စာအုပ်အရွယ်အစား

5.1 x 1.1 x 8.2 inches

ပုံနှိပ်မှတ်တမ်း

ကိုနေ(မန်း)စာပေ၊ 2019 ဇွန်လ (ပ-ကြိမ်)

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ထူးခြားလာသောနေရာနှင့်ပြီးဆုံးသွားသောကမ္ဘာ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

ရဲမြလွင် စာအုပ်များ