ဆင်စွယ်မင်းသမီး

( 0 မှတ်ချက်)

11000 (ကျပ်)

ဆင်မုဆိုးကြီးအယ်လင်…

အယ်လင်ရဲ့တပည့်ကျော်လူဝါကလေး ‘ဟင်’ …

ရင်နယ်မြို့စားကလေး နဲ့ မြို့စားကလေးကတော်…

ဘုရားငယ်တိုင်းပြည်က စွမ်းအားရှင်တွေလိုထင်ရတဲ့ဟရုနဲ့မရုတို့ညီအစ်ကို တို့ကြားက ဆက်နွယ်မှုရေစက်တွေ။ ရင်နယ်မြို့စားကလေးရဲ့ကတော်ဟာ မုန်ယိုနေတဲ့ဆင်ကြီးကြောင့် ရင်သွေးငယ်ကိုဆုံးရှုံးခဲ့ရတယ်။ ရင်သွေးလေးသေဆုံးသွားလို့ စိတ်မကျန်းမမာဖြစ်သွားခဲ့တယ်။ အချိန်အတန်ကြာတဲ့အခါ စိတ်အပြောင်းအလဲဖြစ်အောင် ရင်နယ်မြို့စားကလေးတို့ မိသားစုနဲ့ အီဂျစ်ပြည်ကိုခရီးထွက်ကြတယ်။

တစ်နေ့ နိုင်းမြစ်ထဲ‌ကသင်္ဘောပေါ်မှာပဲ မြို့စားလေးကတော်ရုတ်တရက်ပျောက်ဆုံးသွားပါတယ်။ ဆင်မုဆိုးကြီးအယ်လင်၊ အယ်လင်ရဲ့တပည့်ကျော်လူဝါကလေး ‘ဟင်’ ၊ ရင်နယ်မြို့စားကလေး နဲ့ သူ့တပည့်ကျော်ဆာဖိတ်တို့ရဲ့ မြို့စားကတော်ကိုရှာပုံတော်ဖွင့်ကြတဲ့ သည်းတထိတ်ထိတ်တောတွင်းစွန့်စားခန်းကြီး။

လိုရာခရီးရောက်ဖို့ဖြတ်သန်းခဲ့ရတဲ့ သဲကန္တာရတွေ၊ မြစ်တွေ၊ တောတောင်တွေ နှစ်ဖက်ရန်သူတွေကြားထဲညှပ်ရတဲ့ ဘေးကျပ်နံကျပ်အဖြစ်တွေ ဂူအောင်းမြွေဆိုးကြီးကိုရင်ဆိုင်ရပုံတွေ၊ ကင်ဒါ(ခ)အသားစားလူနက်မျိုးတွေနဲ့ သူတို့ကိုးကွယ်ကြတဲ့ ဂျနဆင်ဆိုးကြီး ကိုရင်ဆိုင်တိုက်ခိုက်ရပုံတွေနဲ့ ကင်ဒါလူဖြူမျိုးတွေနဲ့သူတို့ကိုးကွယ်တဲ့ ကလေးသူငယ်ဘုရားငယ်ဆီအရောက်သွားခဲ့ကြတဲ့ ခရီးရှည်ကြီးအကြောင်း ရင်သပ်မောရှုမောစွာဖတ်ရှုရမယ့် စာအုပ်ကောင်းတစ်အုပ်ပါ။

စာမျက်နှာ

192(Burma Paper)

စာအုပ်အရွယ်အစား

5.4 x 0.4 x 7.9 inches

ပုံနှိပ်မှတ်တမ်း

လမ်းပြကြယ်စာအုပ်တိုက်၊ 2025 စက်တင်ဘာလ

9 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ဆင်စွယ်မင်းသမီး” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ရွှေဥဒေါင်း စာအုပ်များ