ဈာန်ဝင်စီးမျောမှုရှာဖွေခြင်း

( 0 မှတ်ချက်)

16500 (ကျပ်)

ကိုယ်လုပ်နေတဲ့အလုပ်မှာ အာရုံစူးစိုက်မှု၊ တီထွင်ဖန်တီးနိုင်စွမ်းနဲ့ အလုပ်ပြီးမြောက်မှုအမြင့်ဆုံးရဖို့ …
ဈာန်ဝင်စီးမျောမှု (Flow) ကို အလွယ်ဆုံးပြောရရင် လုံး၀စိတ်နစ်မြုပ်နေတဲ့အခြေအနေပါပဲ။ ကျွန်တော်တို့ လတ်တလောလုပ်နေတဲ့အလုပ်အပေါ် အာရုံခံအရင်းအမြစ်တွေအားလုံး စူးစိုက်နေတာဖြစ်ပါတယ်။ ဘာပဲလုပ်နေပါစေ အပြည့်အဝစိတ်နှစ်ပြီး စွမ်းဆောင်မှုအမြင့်ဆုံးနဲ့ လုပ်နေတာဖြစ်တယ်။
ဒီစိတ်အခြေအနေနဲ့လုပ်နေတော့ တီထွင်ကြံဆစိတ်ပို ကောင်းတယ်၊ အနှောင့်အယှက်တွေကို တားထားတယ်၊ တစ်ခုခုသင်တဲ့အခါမြန်တယ်၊ ပျော်ရွှင်တဲ့ ခံစားချက်မြင့်တယ်၊ အကျိုးရှိတဲ့ စိတ်ဖိစီးမှုလည်း ရှိတယ်၊ စိတ်လှုပ်ရှားတာတွေကို ထိန်းနိုင်တယ်၊ အလုပ်ပိုပြီးမြောက်တယ် စတဲ့အကျိုးထူးတွေ ရစေပါတယ်။
အပျော်ဆုံးလူတွေဟာ တစ်ခုခုမှာ ဈာန်ဝင်ပြီးအလုပ်လုပ်နေကြတယ်လို့ ဆိုတယ်။ ဒ့ါပြင် Productivity ပိုကောင်းစေတယ်။ တစ်နည်းအားဖြင့် အလုပ်တွေ ပိုတွင်ကျယ်တယ်။ စွမ်းဆောင်မှုကိုလည်း မြင့်စေပါတယ်။ ကျွန်တော်တို့ဟာ တစ်ခုခုမှာ အပြည့်အဝစိတ်ဝင်စားနေတဲ့အခါ ပိုပြီးစိတ်ကျေနပ်တယ်လို့ ခံစားရပါတယ်။
ကိုယ်လုပ်နေတဲ့အလုပ်ထဲ ဈာန်ဝင်နေပြီဆိုရင် အားကစားသမားတွေဟာ သူတို့ရဲ့ခန္ဓာကိုယ်ဟာ သိပ်ပြီးပင်ပန်းနွမ်းနယ်နေပေမဲ့ စိတ်တည်ငြိမ်ပြီး ခွန်အားလည်း အပြည့်ရှိနေတယ်လို့ခံစားရတယ်။ ကျောင်းသားတွေက သူတို့သင်ယူနေတဲ့ ဘာသာရပ်အကြောင်း စိတ်နစ်နေတဲ့အခြေအနေလို့ ဆိုပါတယ်။ အနုပညာရှင်တွေတော့ အိမ်မွေ့ချခံရသလိုမျိုးနဲ့တောင်တူတဲ့ စိတ်အခြေအနေဖြစ်နေပြီး သူတို့ရဲ့အနုပညာကို ကြိုးစားပမ်းစားတောင် လုပ်စရာမလိုဘဲဖန်တီးနိုင်တယ်လို့ ဆိုကြပါတယ်။
တကယ်တော့ သင်လိုအပ်တဲ့အချိန် ဈာန်ဝင်စီးမျောနဲ့စိတ်အခြေအနေ (Flow State) ရဖို့ ဖန်တီးယူနိုင်ပါတယ်။ အဓိကက လေ့ကျင့်မှုပါပဲ။ အခြေခံအုတ်မြစ် ခိုင်ခိုင်မာမာရှိပြီဆိုတာနဲ့ သင်က ထိန်းချုပ်နိုင်ပါပြီ။ ဒီလို အကောင်းဆုံးစိတ်အခြေအနေတစ်ခုကို သင်သဘောရှိတဲ့အချိန်မှာ အစပျိုးနိုင်ပါတယ်။ နောက်ပြီး ပိုကောင်းတဲ့ တီထွင်နိုင်စွမ်း၊ အတင်းလုပ်ယူရတဲ့ အာရုံစူးစိုက်မှုနဲ့ လုံးဝစိတ်ပါဝင်စားမှုတွေ ရရှိမှာဖြစ်ပါတယ်။
ဒီစာအုပ်မှာ ဈာန်ဝင်မှု (Flow) ဆိုတာဘာလဲ၊ ဈာန်ဝင်ခြင်းကြောင့်ရရှိမယ့် အကျိုးကျေးဇူးတွေ၊ ဈာန်ဝင်ဖို့အတွက် လုပ်ဆောင်ရမယ့်အရာတွေနဲ့ လေ့ကျင့်မှုတွေ၊ သတိပြုရမယ့် အတားအဆီးတွေ စသဖြင့်ဖတ်ရှုရမှာဖြစ်ပါတယ်။

စာမျက်နှာ

239(Woodfree paper)

စာအုပ်အရွယ်အစား

5.6 x 0.5 x 7.5 inches

ပုံနှိပ်မှတ်တမ်း

စာပေလမ်း 2025 ၊ ဇွန်လ(ပထမအကြိမ်)

18 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ဈာန်ဝင်စီးမျောမှုရှာဖွေခြင်း” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

မျိုးလွင်(MBA) စာအုပ်များ