ထရမ့် အမေရိကန်သမိုင်းကိုစာမျက်နှာအသစ်ဖွင့်ခဲ့သူ
7000 (ကျပ်)
🇺🇸 ဒေါ်နယ်လ် ဂျွန် ထရမ့်ဆိုတာ စိတ်ခံစားချက် အမျိုးမျိုးအဖုံဖုံ ဖြစ်ပေါ်စေတဲ့ အမည်တစ်ခုဖြစ်တယ်။ သူ့ရဲ့ ရဲရင့်မှုနဲ့ ဇွဲလုံ့လကြောင့် လေးစားအားကျတဲ့စိတ်ဖြစ်စေသလို အုပ်စုကွဲအောင် ဖန်တီးတတ်ပြီး အငြင်းပွါးဖွယ် သူ့ရဲ့ အမူအကျင့်ကြောင့် ထောက်ပြဝေဖန်လိုစိတ်လည်း ဖြစ်ပေါ်စေပြန်တယ်။
🇺🇸 လူအချို့အတွက် ထရမ့်ဆိုတာ ရဲရင့်မှုနဲ့ အနိုင်မခံ အရှုံးမပေးတတ်တဲ့ စိတ်ဓာတ်ကို ကိုယ်စားပြုပြီး အချို့အတွက်တော့ ငြင်းခုံသူ၊ပွဲဖျက် နှောင့်ယှက်သူနဲ့ ခန့်မှန်းမရနိုင်သူအဖြစ် အဓိပ္ပါယ်သက်ရောက်တယ်။
🇺🇸 အမြင်သဘောထားတွေ ဘယ်လိုပဲရှိပါစေ သေချာတာတစ်ခုကတော့ ထရမ့်ရဲ့ ဇာတ်ကြောင်းက ခေတ်သစ်သမိုင်းမှာ စိတ်ဝင်စားစရာ အကောင်းဆုံးတွေထဲက တစ်ခုအဖြစ် ပါဝင်နေတာပါပဲ။
🇺🇸 အိမ်ခြံမြေ စီးပွါးရေးလုပ်ငန်းရှင်ကနေ ကမ္ဘာသိ ထင်ရှားကျော်ကြားသူ ဖြစ်လာတဲ့အထိ၊နောက်ဆုံးမှာ အမေရိကန်ပြည်ထောင်စု သမ္မတရာထူး ရရှိတဲ့အထိ သူ့ရဲ့ခရီးက လူသန်းပေါင်းများစွာရဲ့ အာရုံကို ဆွဲဆောင်ပြီး မျက်မှောက်ခေတ်ရဲ့ နိုင်ငံရေးနဲ့ ယဉ်ကျေးမှုရေးရာ ဟောပြောမှုတွေ၊ရေးသားမှုတွေမှာ ကြီးမားစွာ လွှမ်းမိုးနေပါတယ်။
🇺🇸 Trump: I Want to Hear Your Story ဆိုတဲ့ ဒီစာအုပ်က ခေါင်းကြီးသတင်းတွေ၊Twitter ပို့စ်တွေနဲ့ အငြင်းပွါးစရာ ကိစ္စတွေကို ကျော်လွန်ပြီး ခေါင်းဆောင်မှုနဲ့ ဩဇာလွှမ်းမိုးမှုရဲ့ အဓိပ္ပါယ်ကို ဖွင့်ဆိုချက် ပြောင်းလဲခဲ့တဲ့ အမျိုးသားတစ်ဦးရဲ့ ဘဝဇာတ်ကြောင်းနဲ့ အချိန်အကြာကြီး အရှိန်အဝါ သက်ရောက်မှုကို လေ့လာဖော်ထုတ်ထားတဲ့ စာအုပ်တစ်အုပ်ပါ။
🇺🇸 သူ့ရဲ့လုပ်ရပ်တွေကို ကာကွယ်ပေးတဲ့ စာအုပ်လည်း မဟုတ်သလို သူ့ရဲ့ဆုံးဖြတ်ချက်တွေကို ဝေဖန်ရှုတ်ချထားတဲ့ စာအုပ်လည်း မဟုတ်ပါဘူး။ ကမ္ဘာကြီးအပေါ် သူ့ရဲ့ဩဇာလွှမ်းမိုးမှုကို စူးစမ်းလေ့လာဖို့ အဓိကထားပါတယ်။
| စာမျက်နှာ | 136 (Woodfree Paper) |
|---|---|
| စာအုပ်အရွယ်အစား | 5.5× 0.3 ×8.1 inches |
| ပုံနှိပ်မှတ်တမ်း | စာရိပ်မြိုင်စာပေ 2025ခုနှစ် ၊ မတ်လ ၊ ပထမအကြိမ် |
10 in stock








ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ