မျှဝေလိုသောအတွေးများ ၇

( 0 မှတ်ချက်)

7000 (ကျပ်)

ဘဝဆိုတာ roller coaster စီးရသလိုပဲ တက်လိုက် ကျလိုက်၊ မြင့်လိုက် နိမ့်လိုက် ဖြစ်တတ်ပါတယ်။ မြင့်တဲ့နေရာရောက်ရင် ပျော်တယ်။ မော်ကြွားတယ်။ နိမ့်တဲ့နေရာရောက်ပြန်တော့ ဝမ်းနည်းတယ်။ စိတ်ဓာတ်ကျတယ်။ အဲဒီအခြေအနေရောက်ရင် ဘာလုပ်ရမလဲ၊ ဘယ်လိုနှလုံးသွင်းရမလဲဆိုတာကို စာအုပ်ပါ အကြောင်းအရာတွေက သတိပေးထားပါတယ်။

စာအုပ်မှာရေးထားတဲ့ အကြောင်းအရာလေးတွေက တိုတိုရှင်းရှင်းလေးနဲ့ ဖတ်ရတာလွယ်လို့ ဖတ်ချင့်စဖွယ်ဖြစ်တယ်။ ဖတ်ပြီးရင်လည်း မှတ်သားစရာ သို့မဟုတ် တွေးစရာ message အနည်းဆုံးတစ်ခုရတယ်။

ဝတ္ထုရှည်စာအုပ်တစ်အုပ်ကို ကြားကနေဖြတ်ဖတ်ရင် ဇာတ်လမ်းကိုနားလည်မှာမဟုတ်ဘူး။ မျှဝေလိုသောအတွေးများစာအုပ်ကျတော့ အစကနေ အဆုံးထိ အစဉ်လိုက်ဖတ်စရာမလိုဘူး။ ကြိုက်တဲ့စာပုဒ်ကို စဖတ်လို့ရတယ်။ ကျော်ဖတ်လို့ရတယ်။ တစ်ပုဒ်ဖတ်ပြီးတိုင်း တွေးလို့ရတယ်။ စဉ်းစားဆင်ခြင်လို့ရတယ်။

ယခုစာအုပ်လေးတွင် ဆရာဗန်းမော်သိန်းဖေ၏ မှတ်သားမိသမျှ၊ အင်တာနက်စာမျက်နှာများပေါ်တွင် ဖတ်မှတ်မိသမျှ အတွေးအမြင်လေးများကို စုစည်းဖော်ပြထားပါတယ်။

စာချစ်ပရိသတ် လူငယ်လူရွယ်တို့အတွက် ဘဝကို အကောင်းဘက်ကပြောင်းလဲဖို့ အထောက်အကူဖြစ်စေမယ့် စာအုပ်ကောင်းလေး တစ်အုပ်ဖြစ်ပါတယ်။

စာမျက်နှာ

240

စာအုပ်အရွယ်အစား

4.5 x 0.5 x 8.2 inches

ပုံနှိပ်မှတ်တမ်း

ပဉ္စဂံစာပေ၊ 2023အောက်တိုဘာလ (ပထမအကြိမ်)

စျေိးနှုန်းအပြောင်းအလဲ

26.9.2024 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 7000 စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။

4 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“မျှဝေလိုသောအတွေးများ ၇” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဗန်းမော်သိန်းဖေ စာအုပ်များ