
ပိုချစ်ရတဲ့သူ ကိုယ်ပဲဖြစ်ပါစေ
Rated 5.00 out of 5 based on 4 customer ratings
( 4 မှတ်ချက်) 13000 (ကျပ်)
…
| စာမျက်နှာ | 383 |
|---|---|
| စာအုပ်အရွယ်အစား | 4.8 x 0.7 x 7.2 inches |
| ပုံနှိပ်မှတ်တမ်း | ဂျူးစာပေ၊ 2011 မတ်လ၊ (ပ-ကြိမ်) |
| စျေးနှုန်းအပြောင်းအလဲ | 27.4.2026 ရက်နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ 13000 ကျပ် စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။ |
16 in stock
ဂျူး စာအုပ်များ
-
ဂျူးအမှတ်တရ
7000 (ကျပ်)Rated 4.83 out of 5 based on 12 customer ratings( 12 မှတ်ချက်) -
ဂျူးတိမ်နဲ့ချည်တဲ့ကြိုး
12000 (ကျပ်)Rated 4.86 out of 5 based on 7 customer ratings( 7 မှတ်ချက်) -
ဂျူးမိန်းမတစ်ယောက်ရဲ့ဖွင့်ဟဝန်ခံချက်
15000 (ကျပ်)Rated 5.00 out of 5 based on 1 customer rating( 2 မှတ်ချက်) -
ဂျူးဆုံနေရက်နဲ့ လွမ်းလေခြင်း
15000 (ကျပ်)Rated 5.00 out of 5 based on 8 customer ratings( 8 မှတ်ချက်) -
ဂျူးပိုချစ်ရတဲ့သူ ကိုယ်ပဲဖြစ်ပါစေ
13000 (ကျပ်)Rated 5.00 out of 5 based on 4 customer ratings( 4 မှတ်ချက်) -
ဂျူးချစ်သူလား စကားတစ်ပွင့် ပွင့်ခဲ့တယ်
12000 (ကျပ်)Rated 5.00 out of 5 based on 6 customer ratings( 6 မှတ်ချက်) -
ဂျူးမရှိမဖြစ် မိုး
10000 (ကျပ်)Rated 4.40 out of 5 based on 5 customer ratings( 5 မှတ်ချက်) -
ဂျူးချစ်သူရေးတဲ့ကျွန်မရဲ့ညတွေ
14000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ဂျူးသူ မင်းကို ဘယ်တော့မှ
13000 (ကျပ်)Rated 4.86 out of 5 based on 7 customer ratings( 7 မှတ်ချက်) -
ဂျူးသက်တံတို့ဖြင့်ရက်ဖွဲ့ချစ်သူရဲ့ခြုံလွှာ
12000 (ကျပ်)Rated 4.60 out of 5 based on 5 customer ratings( 5 မှတ်ချက်) -
ဂျူးလရဲ့အောက်ဘက်မိုင်အဝေးမှာ
10000 (ကျပ်)Rated 4.50 out of 5 based on 2 customer ratings( 2 မှတ်ချက်) -
ဂျူးကြာတော့သည်လည်းမောင့်စကား
15000 (ကျပ်)Rated 5.00 out of 5 based on 2 customer ratings( 2 မှတ်ချက်) -
ဂျူးစောင့်နေမယ်လို့ မပြောလိုက်ဘူး
12000 (ကျပ်)Rated 4.50 out of 5 based on 2 customer ratings( 2 မှတ်ချက်) -
ဂျူးပင်လယ်နှင့်တူသောမိန်းမများ
16000 (ကျပ်)Rated 5.00 out of 5 based on 2 customer ratings( 2 မှတ်ချက်) -
ဂျူးနံရံ၏ အခြားတစ်ဖက်
10000 (ကျပ်)Rated 5.00 out of 5 based on 1 customer rating( 1 မှတ်ချက်) -
ဂျူးခုချိန်ဆိုရှင်ဘယ်ရောက်နေမှာလဲ
10000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ဂျူးကြေမွသွားသောတိမ်တိုက်များအကြောင်း
9000 (ကျပ်)Rated 5.00 out of 5 based on 2 customer ratings( 2 မှတ်ချက်) -
ဂျူးကျွန်မ၏သစ်ပင်
12000 (ကျပ်)Rated 4.50 out of 5 based on 2 customer ratings( 2 မှတ်ချက်) -
ဂျူးမောင်တို့ယောကျာ်းတွေ
6000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ဂျူးကံကြမ္မာကိုမယုံကြည်ကြသူများ
10000 (ကျပ်)Rated 5.00 out of 5 based on 2 customer ratings( 2 မှတ်ချက်) -
ဂျူးအရောင်များနှင့်ကစားခြင်း
7000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ဂျူးမြစ်တို့၏မာယာ
10000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ခင်သန္တာစာလုံးများဖြင့်ထုဆစ်ခြင်း
15000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ဂျူးအချစ်ဆိုတာ ကြိုးနဲ့သီဖို့မလိုတဲ့ပန်းပွင့်လေးတွေ နှင့် အခြားဝတ္ထုတိုများ
9000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်)





li’l_bunny –
“ကြယ်ဆိုတာက
ကိုယ်တို့အတွက် လောင်ကျွမ်းနေရ။
ကိုယ်တို့ကဘာမှပြန်မပေးနိုင်ဘူးဆိုပါရင်၊
ဒါမျိုးဟာကောင်းရဲ့လား။
ချစ်ခြင်းမတူနိုင်သော်မှဖြင့်
ပိုချစ်တဲ့သူ ကိုယ်ဖြစ်ပါရစေ။”
~~~~~~~~~~~~~~~~~~~~~~~~~~~~~
သဘာဝပတ်ဝန်းကျင်ဒီဇိုင်းပညာရှင် ‘ပြည်မိုးငြိမ်း’ နဲ့ ရှေးဟောင်းသုတေသနပါရဂူဘွဲ့အတွက်စာတမ်းရေးနေတဲ့ ‘မြဝန်းရံ’။
ပို့ဇ်နန်မြို့ရဲ့နှင်းထူထပ်တဲ့တစ်နေ့မှာ ‘မြဝန်းရံ’ ကော်ဖီဆိုင်ဝင်ထိုင်ရင်း လူပြည့်နေတဲ့ဆိုင်ထဲမှာပြန်မထွက်ချင်ဘဲနဲ့ ဆိုင်ဝန်ထမ်းရဲ့နေရာချထားမှုကိုမစောင့်ဆိုင်းတော့ဘဲ ယောက်ျားတစ်ယောက်တည်းထိုင်နေတဲ့စားပွဲမှာ ထိုင်ခုံအလွတ်ရှိနေတာမို့ ထိုင်ခွင့်တောင်းရင်း မထင်မှတ်ဘဲမြန်မာလူမျိုး ‘ပြည်မိုးငြိမ်း’ နဲ့တွေ့ဆုံခဲ့ပြီး၊
စကားစမြည်ပြောဖြစ်ခဲ့ကြရာမှစ၍ သူတို့နှစ်ဦးရဲ့ဆက်ဆံရေးစတင်ခဲ့ပါတယ်။
‘ပြည်မိုးငြိမ်း’က ကမ္ဘာကြီးပေါ်မှာ အဆိုးထက် အကောင်းတွေက အားကြီးခဲ့လို့သာ ခုလိုလူသားတွေဆက်လက်တည်ရှိနေဆိုတဲ့ အချက်ကိုလက်ကိုင်ထားသူဖြစ်ပြီး၊ ‘မြဝန်းရံ’ကတော့ လောကကြီးမှာအကောင်းတွေရှိပါတယ်ဆိုပြီး ချွေးသိပ်နေရုံထက် မကောင်းမှုတွေအကြောင်းကိုပြောပြပြီး သတိပြုနေထိုင်တာကမှန်တယ်ဆိုပြီး လက်ခံယုံကြည်ထားသူဖြစ်တယ်။
သူတို့နှစ်ဦးရဲ့ ဆန့်ကျင်ဘက်ဖြစ်နေတဲ့ အမြင်နှစ်ခုနဲ့ အပြန်အလှန်အချီအချပြောကြရင်း နောက်ဆုံးမှာ မကောင်းမှုတစ်ခုမှမရှိခဲ့တဲ့နေရာတစ်ခုရှိမရှိ အလောင်းအစားပြုလုပ်ခဲ့ကြတယ်။
လောင်းကြေးအနေနဲ့ ‘မြဝန်းရံ’ရှုံးခဲ့ရင် ‘ပြည်မိုးငြိမ်း’ကိုလက်ထက်ရပြီး၊
‘ပြည်မိုးငြိမ်း’ရှုံးခဲ့ရင်တော့ လက်ရှိလုပ်နေတဲ့အလုပ်နဲ့ပညာကို တသက်တာစွန့်လွှတ်ရလိမ့်မယ်။
အဲ့ဒီလိုအလျော်အစားပြင်းတဲ့ လောင်းကြေးထပ်မှုမှာ မန္တလေးတိုင်းထဲက အောင်မြေသာစံမြို့နယ်မှာ ဆိုးယုတ်မှုကင်းတယ်လို့ ‘ပြည်မိုးငြိမ်း’ကအခိုင်အမာပြောဆိုတင်သွင်းခဲ့ပြီး၊ ‘မြဝန်းရံ’က ထိုနေရာရဲ့ဆိုးယုတ်မှုကို ရှာဖွေဖော်ထုတ်ပေးရမှာဖြစ်တယ်။
တစ်ခါမှမသိကျွမ်းဖူးတဲ့ မြန်မာလူမျိုးနှစ်ယောက် နိုင်ငံရပ်ခြားမှာ အလောင်းအစားလုပ်ခဲ့ပြီး ထိုအလောင်းအစားမှာ ဘယ်သူနိုင်မှာလဲဆိုတာကို စိတ်ဝင်စားစွာဖတ်ရှုရမှာပဲဖြစ်ပါတယ်။
‘မြဝန်းရံ’ အောင်မြေသာစံမြို့နယ်မှာဆိုးယုတ်မှုရှိ၊မရှိ ကိုယ်တိုင်သွားလေ့လာတဲ့အခါမှာ စစချင်းမှာပဲ ၁၀နှစ်သမီးရွှေမှုန်ဝင်းလေးရဲ့မုဒိန်းကျင့်ခံရပြီး အသက်ခံရမှုကိုခြေရာကောက်လိုက်ခဲ့ပေမယ့် တကယ်တမ်းမှာတော့ ထိုအမှုဖြစ်တဲ့နေရာက အောင်မြေသာစံမြို့နယ်ထဲမှာမပါဝင်ခဲ့ပါ။ ဒီလိုနဲ့ တစ်ရွာပြီးတစ်ရွာဆိုးယုတ်မှုကိုရှာဖွေနေစဉ် ‘ပြည်မိုးငြိမ်း’နဲ့ပြန်လည်တွေ့ဆုံခဲ့ကြပြီး ‘မြဝန်းရံ’ကသူ့ရဲ့ခရီးစဉ်မှာ ‘ပြည်မိုးငြိမ်း’လာရှုပ်ပြီး မကောင်းမှုကိုဖုံးကွယ်ဖို့ကြိုးစားနေတာလို့ ယုံကြည်လက်ခံထားတယ်။
‘မြဝန်းရံ’စိတ်ရှုပ်ရှုပ်နဲ့ပဲ ဆက်လက်မေးမြန်းစုံစမ်းရင်း ရှေးမီနောက်မီဆရာတော်တစ်ပါးထံက ရွာလုံးကျွတ်မီးရှို့ခံရဖူးတဲ့ကိစ္စကိုသိရှိသွားပြီး၊
ထိုအဖြစ်အပျက်မှန်မမှန်ဆက်လက်စုံစမ်းရပါတော့တယ်။
ဆရာတော်ရဲ့ မွေးစားအစ်ကို’ဦးကောက်ရ’က ထိုမီးရှို့ခံရဖူးတဲ့ရွာနဲ့ပတ်သက်တဲ့သူဖြစ်ပေမယ့် စကားမပြောတတ်ရှာပေ။ ဒါ့အပြင် ဆရာတော်ရဲ့မယ်တော်က ထိုအကြောင်းကိုသိပေမယ့် လေဖြတ်ထားတဲ့အပြင် အသက်ကိုးဆယ်ကျော်ဖြစ်တာကြောင့် ဘာမှမမေးနိုင်ခဲ့ပေ။ ဒါကြောင့် ‘ဦးကြီးကောက်ရ’ဆီကပဲ သိလိုသိငြား ဦးကြီးထံပဲချဉ်းကပ်ရပေတော့သည်။
ဦးကြီးကလည်း ‘ပြည်မိုးငြိမ်း’ကိုခင်မင်သွားပြီး မြို့ပေါ်သွားတော့လည်း သူ့ရဲ့အမွေရထားတဲ့ခြံကြီးထဲမှာ ဦးကြီးကိုတည်းခိုစေသည်။ ‘မြဝန်းရံ’ကတော့ဆိုးယုတ်မှုကိုမတွေ့တွေ့အောင် ဆက်လက်ရှာဖွေနေဆဲပင်။
‘ပြည်မိုးငြိမ်း’ကတော့ သူမအပေါ်တစ်ဖတ်သက်ခံစားမှုတွေနဲ့ ‘မြဝန်းရံ’အဆင်ပြေစေဖို့ အကူအညီတွေပေးခဲ့တယ်။ ဒီလိုနဲ့ပဲ ‘ဦးကြီးကောက်ရ’နဲ့ နီးနီးကပ်ကပ်ရှိဖို့ ‘ပြည်မိုးငြိမ်း’ရဲ့ခြံထဲကိုလိုက်သွားတဲ့အခါ ‘ပြည်မိုးငြိမ်း’နဲ့အတူအလုပ်တွဲလုပ်နေတဲ့ ‘မသိရိဝေ’နဲ့တွေ့ပြီး ထိုသူနှစ်ယောက်ရဲ့ဆက်ဆံရေးကို ‘မြဝန်းရံ’စိတ်ထဲကမကျေမနပ်နဲ့ မနာလိုဖြစ်နေမိတယ်။ တစ်ဖက်မှာလည်း ဖော်ထုတ်ရမယ့်ဆိုးယုတ်မှုကို ဆက်လက်ရှာဖွေရင်း အလောင်းအစားမှာလည်းနိုင်ချင်၊ ‘ပြည်မိုးငြိမ်း’အပေါ်လည်းစိတ်ခံစားချက်တွေရှိနေပြီး ရှေ့တိုးရခက် နောက်ဆုတ်ရခတ်တဲ့အနေအထားကို ဆရာမ”ဂျူး”ရဲ့ ပြောင်မြောက်ရဲ့အရေးအသား၊ ဇာတ်လမ်းဇာတ်ကွက်ခိုင်မာစွာနဲ့ ရသမြောက်စွာတင်ဆက်ထားမှုကို ခံစားမှုအဖုံဖုံနဲ့ဖတ်ရှုရမှာဖြစ်ပါတယ်။
ဇာတ်ကောင်’မြဝန်းရံ’ရဲ့ စိတ်ခံစားချက်တွေ၊ အတွေးတွေနဲ့ မိန်းကလေးတွေရဲ့အတွင်းစိတ်သဘောသဘာဝတွေကို အနုစိတ်ခြယ်မှုန်းထားက ဇာတ်လမ်းကိုပိုပြီးရုပ်လုံးကြွစေပြီး လက်ကမချချင်လောက်အောင်ဆွဲဆောင်လွန်းပါတယ်။(ကိုယ်ကတော့ သဘာကျလို့ ဒုတိယအကြိမ်ပြန်ဖတ်ပြီးပြီး^_^)
‘ပြည်မိုးငြိမ်း’က အောင်မြေသာစံမြို့နယ်မှာ ဆိုးယုတ်မှုမရှိဘူးလို့ တထစ်ချယုံကြည်ထားပြီး သူနိုင်မယ်လို့တွက်ထားလို့ ‘မြဝန်းရံ’ကိုအကူအညီတွေပေးနေတာလား
ဒါမှမဟုတ် သူကိုယ်တိုင်ကပဲဆိုးယုတ်မှုကိုသိပြီး ‘မြဝန်းရံ’ရှာမရအောင် လိုက်ဖုံးကွယ်နေတာလား။
‘မြဝန်းရံ’ကရော အေးချမ်းသာယာပါတယ်ဆိုတဲ့ ထိုနေရာရဲ့ဆိုးယုတ်မှုကို တကယ်ပဲရှာတွေ့ခဲ့တာလား။
မီးရှို့ခံရတဲ့ရွာနဲ့ဆက်စပ်မှုရှိတဲ့ ‘ဦးကြီးကောက်ရ’ဆီကရော သူမဘာတွေအကူအညီရသလဲ။ စကားမပြောတတ်တဲ့ဦးကြီးကရောသူမကိုအကူအညီပေးနိုင်ရဲ့လား။
ရွာမီးရှို့ခံရဖူးတယ်ဆိုတာကရော တကယ်ရှိခဲ့တာလား။
‘ပြည်မိုးငြိမ်း’နဲ့ ‘မြဝန်းရံ’တို့နှစ်ဦးရဲ့အလောင်းအစားမှာ ဘယ်သူကအနိုင်ရသွားတာလဲ။
အလောင်းအစားရဲ့နောက်ကွယ်က သူတို့နှစ်ဦးရဲ့စိတ်ခံစားချက်တွေကရောဘယ်လိုဖြစ်နေမလဲ…စတဲ့အကြောင်းအရာတွေကိုသိချင်တယ်ဆိုရင်တော့ ဆရာမ”ဂျူး”ရေးသားတဲ့ “ပိုချစ်ရတဲ့သူ ကိုယ်ပဲဖြစ်ပါစေ…”ဆိုတဲ့ လုံးချင်းဝတ္ထုလေးကိုဖတ်ကြည့်ဖို့တိုက်တွန်းလိုက်ပါရစေ။
#၂၀၂၂
#ဂျူး
#ပိုချစ်ရတဲ့သူကိုယ်ပဲဖြစ်ပါစေ
Aeri Myat –
ဒီစာအုပ်ကိုebookနဲ့ဖတ်ဖူးခဲ့တာ
တော်တော်ကြာပြီ
အခုမှစာအုပ်နဲ့ကိုင်ဖတ်ခွင့်ရတာမို့
ဒုတိယအကြိမ်မြောက်ဖတ်ခြင်းပေါ့…
ပြည်မိုးငြိမ်းဆိုတဲ့ဇာတ်ကောင်ကို
သဘောကျခဲ့ရတာအခုပြန်ဖတ်တော့လည်းတူတူပဲအကောင်းမြင်စိတ်ရှိတာလေးသဘောကျတယ်မြဝန်းရံကတော့ဆန့်ကျင်ဘက်အဆိုးတွေကိုတွေးတတ်တဲ့သူဆိုတော့အလောင်းအစားလုပ်တော့တောင်အဆိုးတွေရှာတဲ့ဘက်ကလုပ်တာနော်…ဇွတ်တရွတ်စိတ်အနိုင်လိုချင်စိတ်နဲ့ကလေးဆန်တယ်လို့မြင်မိတယ်
ကိုပြေကတော့အမြဲခွင့်လွှတ်ပြီး
စောင့်ရှောက်ပေးရှာတယ်…ညီမ ညီမနဲ့ပါးစပ်ဖျားကကိုမချဘူး 💗 ကြွေရတာ အရမ်းပေါ့ ㅋㅋㅋပိုချစ်ရတဲ့သူဖြစ်ချင်တဲ့ကိုပြေတယောက် ပြန်အချစ်ခံရတာထပ်တူပျော်မဆုံးပေါ့ 👀😁
‘If equal affection can not be,
Let the more loving one be me’ 💗
#ဂျူး
#ပိုချစ်ရတဲ့သူကိုယ်ပဲဖြစ်ပါစေ
Nann Tint Yi Linn Htet –
ဆရာမ ဂျူးရဲ့ စာအုပ်တွေက နာမည်မြင်တာနဲ့ ဖတ်ချင်စိတ်က တဖွားဖွားဘဲ😁 နာမည်ကြိုက်လို့ ဖတ်လိုက်တာ စာအုပ်ထဲက ဇာတ်ကောင် ပြည်မိုးငြိမ်း ကိုပါ ချစ်မိသွားတယ်🤓 Red flagတွေဘဲ များတတ်တဲ့ ဆရာမဂျူးရဲ့ ဇာတ်ကောင်တွေထဲက ရှားရှားပါးပါး green forestလေး အမြဲ အကောင်းမြင်တတ်တဲ့ ကိုပြေပါဘဲရှင်။ ညီမဆိုတဲ့ခေါ်သံလေးနဲ့ အမြဲ စိုးရိမ်ပေးပြီး အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်တတ်သော၊ မြ၀န်းရံ ကတော့ လက်ရဲဇက်ရဲ ရဲရဲရင့်ရင့်နဲ့ အမှန်တရားကို လက်ကိုင်ထားပြီး ခေါင်းမာတတ်တဲ့ အဆိုးမြင်တတ်တဲ့ အမျိုးသမီးလေး၊ ပိုလန် မြို့လေးမှာ စတွေ့ကြပြီး အလောင်းကစား တစ်ခုလုပ်မိသွားရင်ကနေ ရွာမြို့လေးတမြို့မှာ ဆိုးယုတ်မှုတွေ ရှိလား မရှိလား စုံစမ်းကြရင်း စုံထောက်ဇာတ်လမ်းလေးလို စူးစမ်းစရာလေးတွေ အပြည့်နဲ့ အန္တရာယ်ကို ဇွတ်တိုးတတ်တဲ့ မြ၀န်းနဲ့ protective ကိုပြေတို့ရဲ့ မထိတထိ ဇာတ်လမ်းလေးကို အူတယားယားနဲ့ ဖတ်ရမှာပါနော် ကိုယ်တွေတော့ ကိုကိုteamမို့လားမသိဖူး ကိုပြေ ရဲ့ ညီမ ခေါ်သံနဲ့တင် အရမ်းကြိုက်နေတာ😫 လောင်းကစားမှာ ဘယ်သူ နိုင်သွားမလဲ ဆိုတာနဲ့ အနိုင်နဲ့ အရှုံး ပေးရမဲ့ တန်ကြေးတွေက ဘ၀ နဲ့ ပါဆိုင်တဲ့အရာတွေမို့ သူတို့နှစ်ယောက် ဘယ်လိုလေး ဇာတ်သိမ်းသွားမလဲဆိုတာ သည်းထိပ်ရင်ဖိုလေးတွေကြားထဲက တချက်ချက် ကြည်နူးစရာ အရေးအသားလေးတွေနဲ့ ဖတ်ရမှာပါရှင့်💞
Phyuဖြူ –
ပထမဆုံးအကြိမ်ဖတ်ပြီးအခုထိမမေ့နိုင်သေးတဲ့စာအုပ်လေးပါပဲ အပြင်မှာကိုပြေလိုလူမျိုး၁၀၀မှာ၁ယောက်တောင်မရှိနိုင်ဘူး အမြဲမြဝန်းရံကိုသူ့သဘောဆန္ဒာအတိုင်းလိုက်လျောပြီးသူတက်နိုင်တဲ့ဘက်ကအမြဲ support လုပ်ပေးတာ တကယ့်ကိုသစ်တောစိမ်းကြီးပါပဲ ပိုချစ်ရတဲ့သူကိုယ်ပဲဖြစ်ပါစေဆိုတဲ့အတိုင်းကိုပြေရဲ့ချစ်တတ်မှုကြီးကတော့မြဝန်းရံကိုအားကျတာထက်ပိုတယ်