" လေလွင့်သူ "
၁၆ နှစ်အရွယ် ကောဖီးဆိုတဲ့ ကောင်လေးတစ်ယောက်နဲ့အတူ ကျွန်မပါ နယူးယော့မြို့ပေါ်မှာ လိုက်ပြီးလေလွင့်ကြည့်လိုက်တယ်...... ဝိုင်လေးတစ်ခွက် အရှေ့ချရင်း သူ့လိုပဲ လေလွင့်ကြည့်လိုက်တယ်.....တကယ်တော့ ကျွန်မ တကယ်လေလွင့်နေတာမဟုတ်ပါဘူး.... ကျွန်မရဲ့ ဆယ်ကျော်သက်အချိန်တွေကို ပြန်ပြီး ခံစားပြီး သတိရမိသွားရုံလေးပါ.......feeling လေးကတော့ကောင်းသား..... ကောဖီးဆိုတဲ့ ကောင်လေးလောက်တော့ စွန့်စားခဲ့တာမျိုးတွေ ဘယ်ရှိခဲ့ပါ့မလဲ ....ဆယ်ကျော်သက်အရွယ်တုန်းက ကောဖီးလို လေမလွင့်ခဲ့ရတာတောင် နောင်တရသလိုလို....အင်းပေါ့လေ လူမျိုးချင်း ထင်မြင်ယူဆပုံချင်းမှလည်း မတူပဲကို.... ကဲပါ....စာအုပ်အကြောင်းလေးဆက်ပြောရအောင်....
"ပထမစာမျက်နှာကိုဖတ်လိုက်သည်နှင့် သူနှင့်အတူစွဲမက်ဖွယ်ကောင်းသော ခပ်ရမ်းရမ်းစွန့်စားခန်း ပြီးဆုံးသွားသည်အထိ လက်ကမချနိုင်သော စာအုပ် ၊ ဖတ်ရင်း ရယ်ရမည်လော ငိုရမည်လောဆိုသည်ကို မဝေခွဲနိုင်သည့်စာအုပ်" တဲ့....ဟုတ်ပါတယ် ကောဖီးဆိုတဲ့ ကောင်လေးဟာ ဆွဲဆောင်လွန်းအားကြီးတယ် (အပြင်မှာ ရုပ်လည်းဖြောင့်မယ့်ပုံပဲ😁).....just kidding✌ ဆွဲဆောင်လွန်းအားကြီးတယ်ဆိုတာ သူ့အကြောင်းပြောပြနေတာကိုပြောတာ.... သူ့အကြောင်း ပြောပြနေတာ တကယ့်ကို့ အပြင်မှာ ကိုယ့်နဲ့ လာပြောပြနေတဲ့အတိုင်းပဲ....သူ့အပြောတွေအောက် စီးမျှော်ရင်း ကိုယ်ပါ ခပ်ဟော့ဟော့ ဂျစ်တစ်တစ် လူငယ်တစ်ဦးပြန်ဖြစ်သွားသလိုပဲ.....
ကျွန်မတို့ နိုင်ငံမှာတော့ ၁၆ ၁၇ နှစ်ဆိုတာ မိဘအုပ်ထိန်းမှုအောက်မှာပဲရှိသေးတာ.... မိဘကဒါဆို ဒါ ၊ ဟိုဟာဆို ဟိုဟာ တစ်သွေမတိမ်းနားထောင်နေရတုန်း.....မိဘလက်က အသက်တွေကြီးတဲ့ထိ မလွတ်သေးတာတွေလည်း တစ်ပုံတစ်ပင်.....ကျွန်မတို့လူမျိုးတွေမှာတော့ ဆယ်ကျော်သက်အရွယ် လွတ်လပ်ခွင့်ဆိုတာ သိပ်မရှိသလောက်ရှားပါတယ်... ၁၆ ၁၇ နှစ်ဆို ကလေးတစ်ယောက်လိုသာနေကြရတာကိုး.....ဒါပေမယ့် ဆယ်ကျော်သက်အရွယ်မှာ ခံစားရတဲ့ ခံစားချက်တွေတော့ ကောဖီးဆိုတဲ့ ကောင်လေးနဲ့တော့ ထပ်တူကျလောက်ပါတယ်.... စာအုပ်လေးကိုဖတ်ကြည့်လိုက်ရင်သိမှာပါ....
ဆယ်ကျော်သက် လူငယ်တစ်ယောက်ရဲ့ လောကကြီးကိုမြင်တဲ့အမြင် ၊ ခံယူချက် ၊ လူတွေအပေါ်မြင်တဲ့အမြင်၊ လောကကြီး နဲ့ပတ်ဝန်းကျင်ကို မကျေနပ်တဲ့အမြင်၊
ဆယ်ကျော်သက်အရွယ် ကောင်လေးတစ်ယောက်ရဲ့ ခံစားမှု၊ ပေါက်ကွဲမှု၊ မကျေနပ်မှု၊ ဘဝင်မြင့်မှု၊ ဘဝအမြင်ပြောင်းလဲမှု ဒါတွေအားလုံးကို တွေ့နိုင်ပါတယ်....
ကောဖီးဆိုတဲ့ ကောင်လေးကလည်း လေလွင့်နေတယ်လို့သာဆိုရတယ် gypsy လို လေလွင့်နေတာမဟုတ်ဘူး.....အချိန် အတိုင်းအတာ တစ်ခုထိလေးပဲ....၄၈ နာရီပဲကြာတယ် နယူးယော့မြို့ပေါ်မှာ လေလွင့်နေတာ... အသိုင်းအဝိုင်းမရှိလို့ လေလွင့်နေသူလည်းမဟုတ် ..... အသိုင်းအဝိုင်းလဲ ခပ်တောင့်တောင့်ထဲကရယ်.... ဆယ်ကျော်သက်အရွယ် လေထဲတိုက်အိမ်ဆောက်မယ် ၊ အတွေးသမားပေါ့..... ကလေးမကျ လူကြီးမကျအရွယ်လေးပေါ့... ခံစားမှုလေးတွေ ပေါက်ကွဲပြီး ၄၈ နာရီကြာ အိမ်ပြေးလုပ်ခဲ့တဲ့ အတွေ့အကြုံလေးတွေကတော့ ဖတ်လို့ အရမ်းကောင်းတယ်.... မဖတ်ရသေးတဲ့စာဖတ်သူများလည်း ဖတ်ကြည့်ဖို့ ပြောချင်ပါတယ်... ဆရာမြသန်းတင့်ရဲ့ ဘာသာပြန်စာအုပ်ကောင်းလေးတစ်အုပ်ဖြစ်ပါတယ်...
၁၆ နှစ်အရွယ် ကောင်လေးတစ်ယောက်အကြောင်းရေးထားတာဆိုလို့ အထင်တော့မသေးလိုက်နဲ့နော်.....စာဖတ်သူတွေကို ရသမျိုးစုံပေးပြီး ဆွဲငင်သွားမယ့်စာအုပ်မျိုး....လူငယ်သဘာဝ၊ လူငယ်တွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ စိတ်ခံစားချက်၊ မရင့်ကျက်မှု စတာတွေကိုလည်း ဖတ်ရှုနိုင်မှာပါ၊ ဆရာ့ တပည့် ပြောနေတဲ့ အခန်းတွေဆို ကိုယ့်အတွက် တွေးတောစရာတွေလည်း အများကြီးဆိုမှ အများကြီးရပါတယ်.....
စာအုပ်လေးသာ ဖတ်လို့ဆုံးသွားတယ် ကျွန်မရဲ့အတွေးတွေက ရပ်လို့မရသေးဘူး..... ကောဖီးဆိုတဲ့ ကောင်လေးတစ်ယောက် ဘာတွေဆက်ဖြစ်ဦးမလဲ ဆိုတာကိုတွေးရင်း......
#လေ_လွင့်_သူ
#မြသန်းတင့်