#စကားဝါ - ချမ်းမြေ့ဝင်း(ပင်ကိုယ်ရေး ဝတ္ထု) #review

🕛လူ‌ခြေတိတ်ချိန်မှာ ဆိတ်ငြိမ်စွာ ဖတ်သင့်တဲ့ ကြောက်စရာ ပုံပြင်တစ်ပုဒ်🌑

ဆရာချမ်းမြေ့ဝင်းဆိုတာနဲ့ ဘာသာပြန်စာအုပ်တွေနဲ့ တွဲမြင်မိတဲ့ စာရေးဆရာတစ်ယောက်။ အခုက တခြားစာအုပ်တွေနဲ့မတူဘဲ ပထမဆုံးပင်ကိုယ်ရေး ဆိုတော့ ပိုပီးစိတ်ဝင်စားသွားတယ်။ စာအုပ်အတွက် ပေးလိုက်ရတဲ့ energy တွေအတွက် အရမ်းတန်တယ်လို့ ပြောလိုက်ရတဲ့စာအုပ်။

❓သင်ဟာ တစ္ဆေ ၊ သရဲ စတာတွေကို ယုံကြည်လား?
❓သင်ဟာ သဘာဝလွန်ဖြစ်ရပ်တွေကို ယုံကြည်လား?
❓သင်ဟာ ဦးနှောက်အရမ်းသုံးပီး သိပ္ပံနည်းကျပဲ ယုံတဲ့သူလား?

📚သင်ဟာ သဘာဝလွန်ဖြစ်ရပ်တွေကိုလည်း ယုံကြည်တယ် ၊ အမှောင်ဘက်ခြမ်းက လောကတွေကိုလည်း စိတ်ဝင်စားတယ် ဆိုရင်တော့ ဖတ်ကြည့်သင့်တဲ့စာအုပ်လို့ ညွှန်းပါရစေ။

📖Overview
စကားဝါမြေမှာ 9 လောင်းပြိုင် လူသတ်မှု့မှာ တစ်ယောက်တည်း အသက်ရှင်ကျန်ခဲ့တဲ့ မင်းခန့်ထူး ၊ သဘာဝလွန်ဖြစ်ရပ်တွေထဲကနေ သူငယ်ချင်းတွေ မရှု့မလှ သေကြေပျက်စီးတာကို အစအဆုံး မြင်တွေ့ ဖြတ်သန်းရပီး မာန ၊ အတ္တ ၊ ကလှည့်စားချေချင်စိတ်နဲ့ ကြောက်စိတ်တွေ ဒွန်တွဲနေတဲ့ မင်းခန့်ထူး ၊ နှစ်တွေ အများကြီးကြာမှ သူဇာလွင်ဆိုတဲ့ သတင်းထောက်မလေးဆီကို သူ့ရဲ့ဖြစ်ရပ်မှန် အစအဆုံးကို ပြောပြဖို့ကြိုးစားရာကနေ ဇာတ်လမ်းရဲ့ ရုပ်လုံး တဖြည်းဖြည်းပေါ်လာရင် ရင်သတ်ရှု့မောဖွယ် အဖြစ်အပျက်တွေ ၊ ပြီးတော့ စကားဝါ ဖြစ်ရပ်မှာ မင်းခန့်ထူးကလွဲရင် ဘယ်သူ့မှ မတွေ့လိုက် မမြင်လိုက်တဲ့ 11 ယောက်မြောက် လူတစ်ယောက်ဖြစ်တဲ့ မမမေရဲ့ ဇာတ်ကောင် ဖတ်ရင်းတစ်စ တစ်စ နဲ့ ဆွဲခေါ်လာ တဲ့စာအုပ်။

🤍အမှောင်ဘက်က အတ္တ ၊ လောဘ နဲ့ဇော...
အလင်းဘက်က ရဲရင့်ခြင်း ၊ မေတ္တာနဲ့ ချစ်ခြင်း တရား။
ဒီအရာတွေရဲ့ အားပြိုင်မှု့။🤍

💌personal message
လူတွေရဲ့ လောဘတွေဟာ လွန်ကဲလာမယ်ဆိုရင် ပေးဆပ်ရတာတွေဟာလည်း အဆမတန်ကြီးလွန်းပါတယ် ၊ သဘာဝက ပေးတဲ့ ဖြစ်တည်မှု့ကို တန်ဖိုးထားပြီး အကျိုးရှိရှိနေထိုင် အသက်ရှင်သွားချင်တယ်။

🚫warning - ရင်သတ်ရှု့မောဖွယ် အဖြစ်အပျက်တွေပါလို့ နှလုံးမကောင်းတဲ့သူ ၊ အမှောင်ဘက်ခြမ်းလောကကို ကြောက်တဲ့သူ ၊ 18နှစ်အောက်တွေ မဖတ်ဖို့ သတိပေးချင်ပါတယ်။

#STZ