#ကမ္မဖလ
#တင့်တယ်

ဒီနေ့ ဆရာတင့်တယ်ရဲ့ ကမ္မဖလ (ကံ ကံ၏အကျိုး လို့ အဓိပ္ပာယ်ရတဲ့)စာအုပ်လေးကိုမျှဝေပေးချင်ပါတယ်။

ဇာတ်လမ်းလေးကို သူ မကျူးလွန်ခဲ့တဲ့အမှုအတွက် ကြိုးမိန့်ကျခံရတဲ့လူတစ်ယောက်ဟာ ကြိုးပေးအသတ်မခံရခင်အချိန်လေးမှာ သူ့ဘဝ၊ သူ့လုပ်ရပ်တွေကိုနောက်ကြောင်းပြန် မှတ်တမ်းရေးခဲ့တာကနေ အစပြုထားပါတယ်။

ကံကောင်းရဲ့ဘဝ

ဆယ်ကျော်သက်အရွယ် အချစ်ကိုယုံစားပြီး သဘင်သည်ယောက်ျားနောက် လိုက်ပြေးခဲ့တဲ့သူဌေးသမီးလေး၊မွေးဖွားလာတဲ့သားဖြစ်သူကို "ကံကောင်း"လို့အမည်ပေးခဲ့တယ်။

ကံကောင်းဟာငယ်စဉ်ကတည်းက မိခင်နဲ့နေရတဲ့ဘဝကကြမ်းတမ်းခဲ့တယ်။ထမင်းနပ်မှန်‌အောင်မစားခဲ့ရတဲ့မိခင်နဲ့သူ့ကိုလှည့်‌တောင်မကြည့်၊ မိဘကိုအရှက်ခွဲခဲ့တယ်ဆိုသောအပြစ်နှင့်ရက်ရက်စက် စက်ပစ်ပယ်ခဲ့သောမိခင်၏အဖေ၊ အဘိုးကိုလဲမုန်းတီးခဲ့တယ်။ဖောက်ပြန်ခဲ့သောဖခင်ကိုလဲမုန်းတီးခဲ့တယ်။ထိုအချိန်ကစစိတ်ဒဏ်ရာကအစပျိုးခဲ့တယ်ဆိုရမယ်။

မိခင်ဆုံးပြီးတဲ့နောက်မောင်ကံကောင်း
ရဲ့ဘဝကနာမည်နဲ့မလိုက်အောင် ကံဆိုးခဲ့ရရှာတယ်။ဘုန်းကြီကျောင်းသားဘဝနဲ့နေခဲ့ရပေမယ့် ဘာသာ တရားနဲ့ဝေးကွာပြီး မိမိကို‌မကောင်းတဲ့သူတွေအပေါ်အမှတ်သည်း ခြေကြီးသော ဟန်ဆောင်တတ်သောလူတစ်ယောက်ဖြစ်လာခဲ့တယ်။

ကံတရားကကျီစယ်ခဲ့တဲ့အခါစိတ်အတွင်းပုန်းအောင်းနေသောလက်စားချေချင်စိတ်နှင့် ဘိုးဘွားပိုင်မိသားစုအမွေတွေကို ပိုင်စီးဖို့ကြံရင်း သွေးအေးအေးနဲ့ လူတွေကိုဘယ်လိုသတ်ခဲ့မလဲ။သူ့ဘဝ၊သူ့စိတ်နေစိတ်ထားကဘယ်လိုရှိခဲ့လဲ။ဘာကြောင့်အချစ်ကိုလက်လွှတ်ခဲ့ရလဲ။

သူသရော်ခဲ့တဲ့ကံကြမ္မာက သူ့ကိုဘယ်လို၀ဋ်လည်စေခဲ့လဲ။
လောဘကလူတွေကိုအမြင်ဖုံးလွှမ်းသွားစေသည်အထိဘယ်လောက်ဆိုးဝါးစေလဲဆိုတာ၊ မကောင်းမှုရဲ့အကျိုးဆက်အဖြစ် ကံကြမ္မာကဘယ်လိုပြစ်ဒဏ်ချမှတ်မလဲဆိုတာကိုပါ ဆရာကြီးကရေးဖွဲ့ထားတာဖြစ်လို့ ဖတ်ကြည့်သင့်ပါတဲ့စာအုပ်တစ်အုပ်ပါလို့ညွှန်းချင်ပါတယ်။

စဖတ်ထဲကတစ်ထိုင်တည်းဖတ်လိုက်ပြီးဇာတ်သိမ်းကလဲ‌ကောင်းတာမလို့ ရသအမျိုးမျိုးရရှိခဲ့ပါတယ်။
ဖတ်ကြည့်သင့်တဲ့စာအုပ်လေးဖြစ်ပါတယ်။