#ပါပီယွန်
ဒီစာအုပ်ရော ပါပီယွန် နာမည်ရော ကိုယ့်အတွက် စစိမ်းနေခဲ့တယ်
ဖတ်နေကျမဟုတ်တဲ့ အရေးအသားမို့ စာအုပ်ကို မာတိကာ ြကည့်လိုက် စာရွက်တွေ ဟိုလှန် ဒီလှန် လှန်လိုက်နဲ့....

စာအုပ်က ၂အုပ်ပေါင်းထားတာ
ကိုယ်တော့ ပါပီယွန် နဲ့ ဒီစာအုပ်ကျမှရင်းနှီးဖူးတယ်
အခန်းတို ဇာတ်လမ်းတိုလေးတွေ ပါပြီး တခန်းနဲ့ တခန်း ရသ မတူဘူး

တချို့အခန်းတွေ ဖတ်ရင်း ရယ်ရမလို ငိုရမလို ?
တချို့ဇာတ်လမ်းတွေကျတော့လည်း ဇာတ်နာပြီး သနားဖို့ကောင်းတယ်
ဇာတ်လမ်းတချို့မှာ တွဲဖက်ဇာတ်လိုက် နာမည်တွေက အဆန်းတွေ (ဖက်တီးတို့ ၊ မာလကာသီး တို့)

ကိုယ် ဖတ်ရင်း နားမလည်လို့ ၂ ခေါက်ပြန်ဖတ်ခဲ့ရတာ‌ေတွ ၊ တချို့အခန်းတွေဆို ဖတ်ရင်း ဟာတာတာ ြဖစ်သွားတာမျိုး

ကိုယ့်အတွက်တော့တခါမှ မရဖူးတဲ့ ရသတချို့ ၊ ခံစားမှု တချို့ ရခဲ့တယ်

ကိုယ်သတ်မှတ်ချင်တဲ့ ပါပီဇာတ်ကောင်ဟာ အမြဲတမ်း ဇာတ်လမ်းတွေမှာ ဟာတာတာရသတွေ ပေးစွမ်းပြီး ရင်ထဲမှာ ဟာတာတာ ကွက်လပ်တခု ဖြစ်စေသူပါ .....

ကိုယ့်အတွက် စာအုပ်အစိမ်း စကားလုံးအစိမ်း အရေးအသား အစိမ်းတွေ ဖြစ်ခဲ့ပေမယ့် ပေးတဲ့ရသကတော့ တမူထူးလို့ လှပခဲ့ပါပြီလေ ...?