ကဝေတွေဟာ လွင့်မျောနေတဲ့ လိပ်ပြာ(ဝိညာည်)လေးတွေကို ဖမ်းစားနိုင်တယ် ၊ လှပတဲ့ ဝိညာည်တစ်ခုဆိုရင် သူတို့ပိုတောင် နှစ်ခြိုက်ကြသေးတယ်
နန္ဒဆိုတဲ့ကောင်လေးတစ်ယောက်ဟာ စိတ်ဝိညာည်နဲ့ကင်းကွာပြီး တောကြီးမျက်မည်းထဲကိုရောက်လာတယ် ၊ အဲမှာ လျန်းလို့ခေါ်တဲ့ ကောင်မလေးတစ်ယောက်နဲ့ တွေ့တယ်
လျန်းဟာ တစ္ဆေသရဲတွေကိုမြင်နိုင် ခိုင်းနိုင် အမိန့်ပေးနိုင်တဲ့ စွမ်းအင်မျိုးရှိတဲ့ ကဝေမလေးတစ်ယောက်ဖြစ်တယ် ၊ တစ်ရွာလုံးက သူမကို ကဝေမလေးဆိုပီး ရွာပြင်ထုတ်ထားတယ်
လျန်းဟာ နန္ဒကိုတွေ့တော့ သူ့တဲမှာ ခေါ်ထားလိုက်တယ် ၊ ဘေးအမှောင် ပယောဂတွေ ရောက်လာပေမဲ့ သူ ဟန့်တားထားနိုငိတယ်
စိတ်ဝိညာည်တွေဟာ သူ့ရဲ့ ခန္ဓာကိုယ်နဲ့ပြန်တွေ့ရင် ပြန်ရှင်သန်နိုင်တယ်ဆိုတာ သူမ သိတယ် ၊ ဒါပေမဲ့ နန္ဒရဲ့ လှပတဲ့ လိပ်ပြာလေးကို သူမစွန့်လွှတ်နိုင်ပါ့မလား ? နန္ဒကကော သူ့ရဲ့ ရုပ်ခန္ဓာကို ပြန်ရှာလို့ တွေ့နိုင်ပါ့မလား ဆိုတာကတော့ ...
ဒီထဲမှာ စိတ်နယ်လွန် ဖြစ်ရပ်ဇာတ်လမ်းလေးတစ်ပုဒ်ရယ် ၊ ဂျိန်းဖောလူမျိူးတွေရဲ့ အကြောင်းတချို့ရယ် ၊ ကချင်ပြည်နယ် ရေခဲတောင်ေတွမှာသာရှိတဲ့ မချစ်ဥ ၊ ခန်းတောက်မြစ် ၊ ရှီးပတီး စတဲ့ ရှားပါးဆေးမြစ်တွေရဲ့ အကြောင်းတွေရယ် ကို မြင်တွေ့လိုက်ရတယ် ...
ရှီးပတီးဖြစ်ပေါ်လာပုံက ဆန်းတယ်ပြောရမယ် ၊ အင်းဆက်တစ်မျိုးက အပင်တစ်မျိုးကိုစားမိပြီး အဲ့အပင်က အင်းဆက်ရဲ့ဦးနှောက်ကို မှိုစွဲသွားစေတယ် ၊ နောက်ဆုံး အပင်ကရှင်သန်သွားပြီး အင်းဆက်က သေဆုံးသွားတယ် ၊ ကျန်ရှိနေသေးတဲ့ ဦးနှောက်အစိတ်အပိုင်းကိုအသုံးပြုပီး ရှင်သန်နေတဲ့ အရာဟာ ရှီးပတီးလို့ခေါ်တဲ့ ဆေးဘက်၀င် ရှားပါးပစ္စည်းဖြစ်လာတယ် ...