(၁၈) ရာစုအလယ်‌အထိ ရန်ကုန်ဆိုတာ ဒဂုံအမည်ရှိတဲ့ တံငါရွာလေးတစ်ရွာပေါ့...
၁၇၅၅ ခုနှစ်တွင် အလောင်းမင်းတရားသည် ဧရာ၀တီမြစ်တစ်လျှောက် ဒေသများကို သိမ်းယူစုစည်းရာမှ ဒဂုံအထိ ခရီးပေါက်ခဲ့သည်။ ရန်အပေါင်း ကုန်စင်သွားသောကြောင့် ရန်ကုန်ဟု အမည်တွင်စေခဲ့သည် ...
🍁 🍁 🍁 🍁 🍁
ရန်ကုန်တဲ့ ...
ရန်ကုန်ဆိုတာ ယူတတ်ရင် ပညာတွေ သင်ယူမကုန်နိုင်လောက်အောင် များပြားတဲ့ပညာရပ်တွေစုစည်းရာ နယ်မြေ၊ တိုးတက်မှုများစွာရဲ့အောင်မြေ၊ ချစ်ခြင်းရဲ့ နယ်နိမိတ်၊ ပျော်ရွှင်ခြင်းရဲ့ လွတ်မြောက်နယ်မြေ ...
အရာရာတိုင်းမှာ အကောင်းနဲ့အဆိုး ဒွန်တွဲနေတတ်သလို ရန်ကုန်သည်လည်း ပျော်ရွှင်ခြင်း၊ လွတ်မြောက်ခြင်း၊ ဆည်းပူးခြင်းဆိုတဲ့ မှန်ကြေးမုံ‌၏နောက်ဘက်မှာ လုံခြုံမှုမရှိခြင်း၊ လှည့်ဖျားခြင်း၊ ပျက်ဆီးခြင်းဆိုတဲ့ အရာတွေလည်းပဲ ဒွန်တွဲလျက်ရှိတယ်ဆိုတဲ့အကြောင်း ...
ရန်ကုန်မြို့ရဲ့ သက်၀င်လှုပ်ရှားပုံတွေ၊ ရန်ကုန်ရဲ့ လမ်းတွေ၊ မြို့ပြနေထိုင်မှုစရိုက်တွေနှင့် လူတွေရဲ့ အတ္တ၊ မာနနှင့် ချစ်ခြင်း၊ မုန်းခြင်း စတဲ့ အကြောင်းအရာများ ...
ရန်ကုန်မှာ ရှင်သန်ဖို့ကြိုးစားရင်း ရုန်းကန်ရပ်တည်နေကြတဲ့ လူလတ်ပိုင်းအရွယ် လူငယ်တစ်စုရဲ့ သူတို့ရပ်တည်ကြရာ နယ်ပယ်အတွင်း ရင်ဆိုင်ကြရတဲ့အခက်အခဲများ၊ မြို့ပြနေထိုင်မှုစရိုက်ရဲ့ ရိုက်ခတ်မှုကြား သေဆုံးသွားတဲ့ အသက်များ၊ ပေးဆပ်လိုက်ရတဲ့ ဘ၀များ၊ LGBTQ+ တို့၏ လူတွေရဲ့ ဘောင်ခတ်ပြီးကြည့်တတ်တဲ့မျက်၀န်းအောက်က ဘ၀များ၊ အကျဉ်းထောင်ထဲက တန်ဖိုးမရှိတဲ့ အသက်များအကြောင်း၊ ဆေးဘက်ပိုင်းဆိုင်ရာ၊ ဖျော်ဖြေမှုပိုင်းဆိုင်ရာ၊ Event Planner၊ စီးပွါးရေးနယ်ပယ်ပိုင်းဆိုင်ရာစတဲ့ Struggling Life အကြောင်းအရာများ ...
🍁 🍁 🍁 🍁 🍁
" ဆရာ... အရင်က ကိုယ်အင်္ဂါခွဲစိတ်မှုတွေ လုပ်ဖူးပါသလား "
" လုပ်ဖူးပါတယ်။ ဒါပေမယ့်... ဆေးရုံမှာပါ။ ခွဲစိတ်ဆရာဝန်တွေလည်း ပါပါတယ် "
" သေသူမှာ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေ ပျောက်ဆုံးနေတာ ဘာကြောင့်လို့ ထင်ပါလဲဆရာ "
Criminal တစ်ခုနှင့် ဇာတ်လမ်းကိုစတင်ထားပြီး ထိုမှတစ်ဆင့် ဇာတ်ကောင်တစ်ဦးချင်းစီရဲ့ Character Introduction ပြီးနောက် ဇာတ်ကောင်တစ်ဦးနှင့်တစ်ဦးရဲ့ အကြောင်းအရာတွေကို အချိတ်အဆက်မိမိရေးဖွဲ့ထားတာကြောင့် ဖတ်နေရင်း ဘာများဆက်ဖြစ်လာမလဲဆိုတဲ့ ဇောနဲ့ အမြဲမွန်းကြပ်ရပါတယ် ... အဆုံးသတ်မှာ သိလိုစိတ်များစွာနဲ့ အဖြေရှာရင်း ကျန်ခဲ့ရမယ့် စာအုပ်ကောင်းတစ်အုပ်ပါ ....
🍁 🍁 🍁 🍁 🍁
အချစ်ဟု ထင်မိ၍ ဖမ်းဆုပ်ရာမှ နာကျင်ကြေကွဲနေသော နော်အဲလစ် ...
အချစ်ကိုမရှိမဖြစ်ဟု ခံယူထားပြီး တစ်စုံတစ်ဦးက တံခါးခေါက်လို့ ဘ၀ထဲ၀င်လာမည်ဆိုတော့လဲ ဘယ်တော့မှ မယုံကြည်ရဲသည့် အင်ကြင်းမေ ...
ကံကိုပုံလို့ အချစ်နှင့် ကွေကွင်းရသော ဒုက္ခသည်မလေး ဗီဗီယန် ...
အချစ်ကို ဘယ်တော့မှ အယုံအကြည်မရှိဘူးလို့ အော်နေတတ်သူ အောင်သူရိန်ထွန်း ...
၅၂၈ နှင့် ၁၅၀၀ မေတ္တာလွန်ဆွဲပွဲ အတွင်းက ကျော်ကျော် ...
🍁 🍁 🍁 🍁 🍁
ရန်ကုန်မြို့ပြရဲ့ မွန်းကြပ်စရာနေထိုင်မှုစရိုက်တွေရယ်၊ သူငယ်ချင်းအချင်းချင်းကြားထဲက ချစ်ခြင်းသံယောဇဉ်တွေရယ်၊ ပါတီတွေ၊ Drag Queen တွေ၊ LGBTQ အကြောင်းတွေရယ်၊ အကျဉ်းထောင်ထဲက အကျဉ်းသားတွေရဲ့ ဘ၀တွေရယ်၊ အကြောင်းအမျိုးမျိုးကြောင့် သေဆုံးသွားကြရတဲ့ ရန်ကုန်နေလူထုရဲ့ ဘ၀တွေ နှင့် သေမင်းရဲ့ ခြေသံများ ...
🍁 🍁 🍁 🍁 🍁
အကြောင်းအမျိုးမျိုးကြောင့် ရန်ကုန်ကို နောက်ထပ် လူငယ်ပေါင်းများစွာ ရောက်ရှိလာကြဦးမှာပါ ...
တချို့က ပန်းတိုင်ကို
အရောက်လှမ်းနိုင်ကြမယ်
တချို့က လှမ်းတစ်၀က်မှာ လက်မြှောက်အရှုံးပေးသွားကြမယ်
တချို့က ရန်ကုန်ရဲ့ လှည့်စားမှုတွေကြား ရုန်းကန်ရင်း ဘ၀ပျက်သွားမယ့်သူတွေရှိသလို
တချို့က မရိုးအီနိုင်တဲ့ ရန်ကုန်ရဲ့သေဆုံးမှုတွေကြားမှာ အသက်နှင့် ခန္ဓာအိုးစားကွဲသွားကြလိမ့်မယ်
တချို့သည်ကား .....
တချို့သည်ကား .....
မည်သို့ပင်ဆိုစေကာမူ
ရန်ကုန်ကတော့
လှုပ်ရှားမြဲ ...
စည်ကားမြဲ ...
အသက်၀င်မြဲ ...
ရန်ကုန်မြစ်ရေသည်လည်း ဆက်လက်စီးဆင်းနေစမြဲ ....
#pl@tpms #π|@¥
#pwwb #bookalicious
#28.1.2022 #friday